နိုဝင်ဘာ ရ၊ ၂၀၂၄ ။ ရေကြီးဒဏ်ခံရအပြီး စိတ်ပိုင်းဆိုင်ရာ အကျိုးဆက် ထိခိုက်မှု ရှိနိုင်ပါလား။ ဘာကြောင့်ပါလဲ၊ ဘယ်လိုခံစားရနိုင်ပါလဲ။
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မြန်မာပြည်မှာ စစ်လက်နက်ပစ္စည်းပြန့်နှံ့အောင်လုပ်သူတွေထဲမှာ တရုတ်စစ်တပ်ဟာ အဓိကပါဝင်ပါတယ်။ တရုတ်ပြည်တွင်းစစ်မှာ အရေးနိမ့်သွားတဲ့ တရုတ်ဖြူတပ်တွေနဲ့ တရုတ်ကွန်မြူနစ်အစိုးရကြောင့် လက်နက်ပြန့်ပွားလာပုံကို ဦးအောင်ခင်က တင်ပြထားပါတယ်။
ချီလီနိုင်ငံမှာ ကွန်ပျူတာနဲ့ ထိန်းချုပ်ပြီး ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံထားတဲ့ ကွန်ကရစ် အလွှာအထပ်ထပ်လောင်းပေးတဲ့ AI ဉာဏ်ရည်တု ပုံနှိပ်စက်ရုပ်ကို ချီလီ တက္ကသိုလ်အဖွဲ့တဖွဲ့က အသုံးပြုဆောက်လုပ်နေပါတယ်။ ဒီစက်သုံးပြီး တည်ဆောက်ထားတဲ့ အိမ်ဟာ လက်တင်အမေရိကနိုင်ငံရဲ့ ပထမဦးဆုံး 3D ကွန်ကရစ်လောင်းအိမ် ဖြစ်ပါတယ်။
၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရီပါပလင်ကန် သမ္မတလောင်း Donald Trump ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ မြန်မာစစ်ကောင်စီလို အာဏာရှင် အစိုးရမျိုးတွေအပေါ် ထိရောက်ပြတ်သားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရှိလာဖို့ မျှော်လင့်ထားကြောင်း NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဗွီအိုအေကိုပြောပါတယ်။
အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ဖို့ ဖြစ်နိုင်မဖြစ်နိုင် စူးစမ်းနေကြတဲ့ ဂျပန်သိပ္ပံပညာရှင်တွေဟာ တာရှည်ခံသစ်သားနဲ့ ဂြိုဟ်တုသေးလေးတည်ဆောက်ပြီး အမေရိကန်ပြည်ထောင်စု နာဆာရဲ့ ကနေဒီ အာကာသစခန်းကနေ အာကာသထဲကို ၂၀၂၄၊ နိုဝင်ဘာလ ၄ ရက်နေ့က ဒုံးပျံယာဉ်ထဲထည့် လွှတ်တင်လိုက်ကြပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း၊ သမ္မတဟောင်း Donald Trump အနိုင်ရပြီလို့ ကနဦး ကြေညာချက် ထွက်လာပါတယ်။ သူ ဒုတိယအကြိမ် သမ္မတဖြစ် ထပ်ပြီးတာဝန်ယူတဲ့အချိန် ဘာတွေ လုပ်နိုင်သလဲ၊ အရင်မူဝါဒတွေနဲ့ လက်ရှိရပ်တည်ချက်တွေကို သုံးသပ်ပြီး VOA သတင်းထောက် Tina Trinh သတင်းပေးပို့ထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် Golden Foot ရွှေခြေထောက်ပိုင်ရှင်ဆုကိုတော့ အာဂျင်တီးနားတိုက်စစ်မှူးနဲ့ ဂျပန်အမျိုးသမီးအသင်းခေါင်းဆောင်တို့ရသွားခဲ့ပါတယ်။ ပီရူးနိုင်ငံက ဘောလုံးပွဲတခုမှာ မိုးကြိုးပစ်တာကြောင့် ကစားသမား ၁ ယောက်သေဆုံးသွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ အထူးအစီအစဉ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။
စစ် ဒါမှမဟုတ် ပြည်တွင်း ပဋိပက္ခ ကြုံနေကြရတဲ့ တိုင်းပြည်တွေမှာ သတင်းသမားတွေ အတိုက်ခိုက်ခံနေရပေမဲ့ အရေးယူမခံရ လွတ်နေကြပါတယ်။ မကြာခင်နှစ်တွေ အတွင်း အသတ်ခံရတာ အများစုကိုလည်း မဖြေရှင်းနိုင်သေးဘူး လို့ စောင့်ကြည့်နေကြတဲ့ အစုအဖွဲ့တွေက ပြောကြပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူတွေ ၊ မွေးမြူရေးလုပ်ကြသူတွ ရှိကြပေမယ့် ၂ခုစလုံးတွဲပြီးလုပ်ကိုင်ကြသူတွေကတော့ အင်မတန်ကို နည်းပါးပါတယ် ။
ဂျပန်နိုင်ငံလုပ် ဂျင်းဘောင်းဘီတွေ အရည်အသွေးကောင်းလှတယ်လို့ နာမည်ကျော်သလို၊ ဂျပန်မဲနယ်ပြာလို့ ပြောစမှတ်ဖြစ်အောင် အရောင်ကလည်း ထူးခြားပါတယ်။ ဒါကြောင့် ဂျပန်ဂျင်းထည်တွေ အစပြုရာ ခုရာရှိကိမြို့က ခိုဂျိမ ရပ်ကွက်ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း Tim Walz ဟာ အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် သက်တမ်းနှစ်ခု ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေမှာ Nebraska ပြည်နယ်တွင်း သူကြီးပြင်းလာတဲ့ဘဝနဲ့ သူဘယ်လိုလူဖြစ်တယ် ဘယ်လိုအရွေးချယ်ခံခဲ့ရတယ်ဆိုတဲ့အကြောင်း ကိုသားညွန့်ဦး ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။