အမေရိကန်သမ္မတ Biden နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့ မနေ့က ဝါရှင်တန်မြို့တော်အိမ်ဖြူတော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။ အမေရိကန်ကိုမလာခင် ရက်ပိုင်းကပဲ အင်ဒိုသမ္မတဟာ တရုတ်နဲ့ တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်း ဖွံဖြိုးရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာပါ။
ကမ္ဘာကျော် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း Mike Tyson ဟာ အသက် ၆၀ ပြည့်ခါနီးမှ လက်ဝှေ့ကြိုးဝိုင်းထဲကို တကျော့ပြန်ဝင်လာပါပြီ။ ဂရိနိုင်ငံမှာ အဖိုးအိုတဦးဟာ အသက် ၈၈ နှစ်အရွယ်မှာ မာရသွန်ပြိုင်ပွဲကို ပန်းဝင်အောင် ပြေးနိုင်ခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တဲ့အပေါ် မှာ နိုင်ငံတကာ အထူးသဖြင့် အနောက်မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို စေလွှတ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ပါသလား။ အနောက်မဟာမိတ်တွေနဲ့ တကွ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့ မြေရှား ဓာတ်သတ္တု အဓိက တူးဖော်ရာ တရုတ် နယ်စပ် ပန်ဝါဒေသမှာ တရုတ်နိုင်ငံဘက်က ပိတ်ဆို့မှုတွေနဲ့ အတူအဲ့ဒီက ဒေသခံလူမျိုးစုတွေ အရေး၊ အုပ်ချုပ်ရေးထူထောင်နိုင်မှုနဲ့ အနာဂတ် သယံဇာတတူးဖော်မှု စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်တွေ ဘယ်လိုဖြစ်လာနိုင်ပါလဲ။
၂၀၂၂ ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် လူပေါင်း ၃၃ သန်း ထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လူပေါင်း ရှစ်သန်းလောက်က အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အများစုကတော့ အလုပ်ရှာဖို့ မြို့ပြတွေဆီကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။
စပိန်နိုင်ငံ ခေတ်သစ်သမိုင်းမှာ လူအသေအပျောက်အများဆုံး ရေဘေးဒုက္ခနဲ့ ကြုံရပြီးနောက် ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။
ဒီနှစ် ၂၀၂၄ နွေရာသီက ကမ္ဘာမှာ အပူဆုံးဒေသအဖြစ် ထူးခြားစံချိန်တင် ဖော်ပြခံခဲ့ရတဲ့ မြေလတ်ပိုင်းရှိ ချောက်၊ ရေနံချောင်းမြို့နယ်တွေမှာ ဒေသခံ သစ်ပင်စိုက်ပျိုးရေးအဖွဲ့တွေဟာ စိုက်ပျိုးပြီးသား အပင်တွေကို ရှင်သန်ရေးအတွက် အခက်အခဲမျိုးစုံကြားကနေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။
သမ္မတဒေါ်နယ်ထရန့်အနိုင်ရရှိခဲ့တဲ့အပေါ်တရုတ်သမ္မတရှီကျင်းပင်အပါအဝင်အာရှတိုက်ကခေါင်းဆောင်တွေကဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလား၊ကိုရီးယားအရေး၊အင်ဒိုပစ္စဖိတ်လုံခြုံရေးနဲ့ အစ္စရေးပါလက်စတိုင်းအရေးတွေကိုရိုက်ခတ်လာမလားစိုးရိမ်ကြပါတယ်။ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump အနေနဲ့ အမေရိကန် ပထမ မူဝါဒကို ကိုင်စွဲထားပေမဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသေးစိတ်ကို ပြောဆိုထားတာမရှိပါဘူး။ ဒါပေမဲ့ ယူကရိန်း နဲ့ အရှေ့အလယ်ပိုင်းအရေးမှာ ပဋိပက္ခတွေကိုအမြန် ချုပ်ငြိမ်းသွားအောင် သူကတိပေးထားတဲ့ အတိုင်း ရည်ရွယ်လုပ်ဆောင်နေတာတွေ တွေ့နိုင်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထွက်လာတဲ့ စစ်တမ်းတွေမှာ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump အကြား မဲအရေအတွက် သိပ်မကွာတဲ့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ခြေဖေါ်ပြကြပါတယ်။ ဒါပေမဲ့လည်း ထောက်ခံမဲတွေကို Donald Trump က အပြတ်အသက် အနိုင်ရသွားခဲ့ပါတယ်။
စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ဝေဖန်ကန့်ကွက်လေ့ရှိတဲ့ တရုတ်အစိုးရဟာ အခုတော့ သူ့နိုင်ငံ နယ်စပ်မှာ ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဖိအားပေးဖို့ နယ်စပ်ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။