မြန်မာအရေးမှာ တော်လှန်ရေး အောင်မြင်မှု အပေါ် နိုင်ငံတကာက သံသယတွေ နည်းသွားပြီး စိတ်ဝင်စားမှု တိုးလာတာ တွေ့ရတယ်လို့ အမေရိကန် ခရီးစဥ်ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဗွီအိုအေကို ပြောပါတယ်။
အင်္ဂလန်အသင်းကတော့ ချယ်ဆီး နဲ့ ဘိုင်ယန်နည်းပြဟောင်း Thomas Tuchel ကို နည်းပြ ခန့်လိုက်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာပွဲစဉ်တွေကို အလွန်အကျွံတွေ လုပ်လာနေတယ်လို့ ကစားသမားများသမဂ္ဂနဲ့ ဥရောပရဲ့ အမှတ်ပေးလိဂ်တွေက တိုင်ကြားလိုက်ပါတယ်။
ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က ပြတိုက်တစ်ခုမှာ လာလည်သူတွေကို အံ့သြစိတ်လှုပ်ရှားစေသလို ဦးနှောက်ရှုပ်ထွေးစေတဲ့ အရာတွေနဲ့ ဖျော်ဖြေနေပါတယ်။ ပါရာဒေါ့ခ်စ်ပြတိုက်လို့ခေါ်တဲ့ ဒီနေရာမှာ အထူးပြုလုပ်ထားတဲ့ အမြင်မှားစေတဲ့ ရုပ်ပုံတွေကို အဓိကထား ပြသထားပါတယ်။ AP သတင်းဆောင်းပါးကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အာဆီယံထိပ်သီးတွေနဲ့ ဆွေးနွေးဘက်ခေါင်းဆောင်များ တွေ့ဆုံမှုက မျှော်လင့်နိုင်စရာ တစုံတရာ ပေါ်ထွက်ခဲ့ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ မမြသဇင်အောင် က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ဖလော်ရီဒါပြည်နယ်က Milton ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်ခဲ့ရာ ဒေသကို တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။ ဒေသခံတွေ လျှပ်စစ်စွမ်းအင် ပိုမို ရရှိရေးအတွက် ရန်ပုံငွေ ဒေါ်လာ ဘီလျံဝက်ကျော် ချမှတ်ပေးမယ်လို့လည်း ဆိုပါတယ်။
ဟောင်ကောင်မှာ ဒေသခံတွေ သိပ်ကိုဂုဏ်ယူကြတဲ့ ကွမ်တုန်းအစားအသောက်တွေ ပျောက်ပျက်မသွားအောင် ဘယ်လိုကြိုးစား ထိန်းသိမ်းနေကြပါသလဲ။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်ကနေ ဟောင်ကောင်သွားပြီး Dim Sum စားရင်း လေ့လာကြရအောင်ပါ။
တာလီဘန်တွေလက်အောက်ရောက်နေတဲ့ အာဖဂန် နစ္စတန်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် ဟာ ကမ္ဘာ့ အနည်းဆုံးအခြေအနေကိုရောက်နေပေမဲ့လည်း သတင်းသမားမျိုးဆက်သစ်တွေ အနေနဲ့ ဒီအတတ် ပညာကိုသင်ယူဖို့စိတ်ဝင်စားနေဆဲပါ။ တက္ကသိုလ်တက်ဖို့ ပိတ်ပင်ခံထားရတဲ့ အမျိုးသမီးတွေကလည်း ဒီပညာကို သင်ယူဖို့ နည်းလမ်းအမျိုးမျိုး နဲ့ ကြိုးစားနေဆဲပါ။
အမေရိကန်ပြည်ထောင်စုမှာ ဥပဒေတွေ ချမှတ်ကျင့်သုံးတဲ့အခါ ဘာသာရေးကို အခြေခံ ပြဋ္ဌာန်းရမယ်လို့ ယုံကြည်တဲ့ မဲဆန္ဒရှင်တွေ အခိုင်အမာ ရှိပါတယ်။ သူတို့ အမြင် အယူအဆတွေဟာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီ လစ်ဘရယ် ပြောင်းလဲရေးအမြင်ရှိသူတွေနဲ့ ကွန်ဆာဗေးတစ် သမရိုးကျအမြင်ရှိသူတွေကြား ကွဲလွဲနေပါတယ်။
ယူကရိန်းနိုင်ငံ Kharkiv မြို့နဲ့ မိုင် တရာကျော်ဝေးတဲ့ Sulyhivka ရွာဟာ ၂၀၂၂ ရုရှားရဲ့ ကျူးကျော်စစ်အတွင်း တအိမ်မှ မကျန်အောင် ပျက်စီးသွားခဲ့ပါတယ်။ ရွာလုံးကျွတ် ထွက်ပြေးသွားခဲ့ပြီးနောက် Kaliberda က အခုတော့ ရွာကို ပြန်လာပြီး ဘဝကို ပြန်လည်တည်ဆောက်နေပါတယ်။
မြန်မာနိုင်ငံ အညာဒေသ ရဲ့ဌာနေမျိုးရင်း အရိပ်ရ အလေ့ကျအပင်ကြီးမျိုးဖြစ်တဲ့ ထနောင်းပင်တွေကို အခုအခါမှာ ပင်စည်အခေါက်တွေကို ခွာယူရောင်းချတာတွေရှိနေတဲ့အတွက် သင်းသပ်သလိုဖြစ်ပြီး အပင်တွေ သေဆုံးမျိုးတုံးကုန်မှာကို စိုးရိမ်နေကြရပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက ဒီတပတ် မြေကြီးသြဇာအစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံက နာမည်အကြီးဆုံးဖြစ်တဲ့ Octoberfest ပွဲတော်ကို သွားခဲ့ပါတယ်။ ဘီယာပွဲတော်လို့ နာမည်ကြီးတဲ့ နိုင်ငံ့ပွဲတော်မှာ ဘီယာတွေအပြင် ဘာတွေရှိသလဲဆိုတာကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
စစ်ပွဲတွေ အပြီးသတ် မရပ်သေးတဲ့ ကရင်နီဒေသထဲမှာ လုံခြုံရေး အဓိကဦးစားပေးပြီး လူငယ်တွေ ပညာသင်နေကြရပါတယ်။ ကရင်နီဒေသက ဒီပလိုမာဘွဲ့ပေးတဲ့ ကရင်နီလူမှုသိပ္ပံကောလိပ်ကျောင်းအကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။