အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံ တနိုင်ငံရောက်ရင် ဈေးဝယ်တဲ့အခါ ဘယ်လိုပြောနိုင်ပါလဲ။ ဆိုင်မှာ ဈေးဝယ်ရင် မဖြစ်မနေ ပြောရတဲ့ ဈေးဝယ် အခြေခံအင်္ဂလိပ်စကားတွေကို ဥပမာတွေနဲ့ မကြေးမုံက မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ထဲက ဘန်ဖီမြို့မှာ မြန်မာတွေ အများအပြား နေထိုင်ပြီး မြန်မာ စာသင်ကျောင်းလည်း ရှိတာပါ။ ထိုင်းအာဏာပိုင်တွေရဲ့ တင်းကြပ်မှုအောက်၊ ဥပဒေဘောင်ထဲကနေ ကြိုးစားဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဒီတပတ် နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်မှာ မညိုညိုလွင် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းစွန်း ဆလုံလူမျိုးတွေရဲ့ တံငါရွာလေးမှာ ရပ်ရွာနဲ့ ပင်လယ်ပြင် သန့်ရှင်းရေး လူငယ်တွေ စုပေါင်းပြီး ကြိုးပမ်းနေကြပါတယ်။ သဘာဝပတ်ဝန်းကျင် အကျိုး လုပ်ဆောင်နေတဲ့ ဒီအဖွဲ့ထဲက ကိုသားလင်းနဲ့ မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
ကင်ဆာဖြစ်လို့ ကီမိုဆေးသွင်း ကုရသူတွေ ဆံပင်ကျွတ်သက်သာစေတဲ့ ဦးရေပြားအေး ခေါင်းဆောင်းစက်တမျိုး အိုင်ယာလန်အမျိုးသမီး တီထွင်၊ ထိုင်းက ဆိုရှယ်မီဒီယာစတား ရေမြင်းပုလေး Moo Deng ရဲ့ ပုံတူ ပစ္စည်းတွေ၊ စားစရာတွေ ထုတ်လုပ်ရောင်းချ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်သစ်ရှီဂရုအစ်ရှီဘာကလုံခြုံရေးဦးစားပေးမူဝါဒကိုတင်ပြပါတယ်အီရန်အနေနဲ့အစ္စရေးကိုတိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့အီရန်ခေါင်းဆောင်ကပြောပါတယ်တောင်တရုတ်ပင်လယ်မှာဗီယက်နမ်ငါးဖမ်းသမားတွေကိုတရုတ်ကမ်းခြေစောင့်တပ်တွေကတိုက်ခိုက်တဲ့အပေါဖိလစ်ပိုင်ကရှုံ့ချပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
မြန်မာ့လက်တွေ့နိုင်ငံရေးမှာ တရုတ်ကို ချန်စဥ်းစားမလား။ တရုတ်ရဲ့ အနေအထားနဲ့ ဆက်ဆံပုံတွေကို နားလည်ပြီး မဟာဗျူဟာ ချမှတ်မလား ဆိုတာဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ ကြုံတွေ့နေရတဲ့ အဓိကအကြောင်းအရာ ဖြစ်ပါတယ်။ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကို ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံရေးကို အားလုံးစုပေါင်းပြီး စစ်ရေး၊ နိုင်ငံရေးနည်းနဲ့ ကာကွယ်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့အကြောင်း မညိညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။
စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်နယ်မြို့တော် စစ်တွေကို AA ဘက်က ဝိုင်းထားသလို စစ်ကောင်စီဘက်ကလည်း မြို့ထဲအဝင်အထွက်ကို တင်းကြပ်ထားပါတယ်။
တရုတ်ဟာ ကျားဖြန့်နှိမ်နင်းဖို့ထက် စစ်တပ်ပြုတ် မကျရေး ပိုအလေးပေးလာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးသိပ္ပံက မြန်မာ့အရေးသုတေသီ ဂျေဆင်တာဝါက ထောက်ပြပါတယ်။ အကျိုးဆက်က အွန်လိုင်းဒုစရိုက် ပိုကျယ်ပြန့်လာပြီး အမေရိကန်အကျိုးစီးပွား ထိခိုက်လာတယ်လို့ သတိပေးပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ကြက်သားနဲ့ ဝက်သားစျေးနူန်းတွေ စံချိန်တင် မြင့်တက်လာလို့ စားသုံးသူတွေ နေ့စဉ်ဟင်းလျာ အသားဟင်းစားနိုင်ဖို့ ခက်ခဲနေပါတယ်။ တပတ်အတွင်း သီးနှံဈေးနှုန်းအပါအဝင် လယ်ယာစီးပွား သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြေရှား သတ္တုတွေထွက်တဲ့ ချီဖွေနဲ့ ဆော့လော်မြို့တို့ကို KIA က သိမ်းယူ၊ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်း တိကျရေးအကြောင်းပြုပြီး စစ်ကောင်စီ သန်းခေါင်စာရင်း စတင်ကောက်ယူ၊ ရေဘေးအန္တရာယ် ထပ်ကြုံရဖွယ်ရှိ.. စသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဟားမတ်စ်စစ်သွေးကြွအဖွဲ့တွေ အစ္စရေးနယ်ထဲ ဝင်တိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် နှစ်ပတ်လည် နီးကပ်လာချိန်မှာဘဲ ဥရောပနိုင်ငံအများအပြားက ဂါဇာဒေသမှာ အရပ်သားသေဆုံးမှုတွေ ပိုတိုးလာနေတာကြောင့် စစ်ပွဲကို အမြန်ဆုံးရပ်တန်ဖို့အတွက် တောင်းဆိုနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။