စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တချိန်တည်းမှာ အာဏာရှင်အဆက်ဆက် အမျိုးသမီးတွေ အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံတဲ့ ဖိုဝါဒကြီးစိုးမှုတွေ အဆုံးသတ်စေချင်တဲ့အတွက် ဒေါင်းမင်းစစ်ဆင်ရေး လက်နက်ကိုင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ကလေးတယောက် မိခင် single mother တဦးဖြစ်တဲ့ မအေးသောင်းက ပြောပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးမြို့အနီး မြစ်ရေတွေကြီးပြီး နေရာတော်တော်များများ ရေလွှမ်းမိုးနေသလို မြစ်သားမြို့တလျှောက် ကျေးရွာတွေ အတော်များများ အဆိုးဝါးဆုံး ရေနစ်မြုပ်နေတဲ့အကြောင်းနဲ့ အကူအညီလိုအပ်နေတဲ့အကြောင်း ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတွေက VOA ကို ပြောပါတယ်။
အပင်တွေရဲ့ မိတ်ဆွေ ဗက်တီဗာမြက်ရဲ့ မွှေးရနံံ့ရှိတဲ့ အမြစ်ဟာ မိုင်ကိုရိုင်ဇာ ခေါ် အပင်အကျိုးပြု မှိုတွေကို ဆွဲဆောင်နိုင်တယ်လို့ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်က ပြောပါတယ်။ နိုက်ထရိုဂျင်၊ ဖေါ့စဖရပ်စ် တို့လို အဟာရတွေ ရအောင် လုပ်ပေးနိုင်တဲ့ ဒီမှိုအကြောင်း ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြပေးထားပါတယ်။
ဂျော်ဂျီယာနိုင်ငံက အမျိုးသား Gakheladze ဟာ ရေပေါ်မှာ ဆိုင်ကယ်စီးပြနိုင်ဖို့ တနှစ်ခွဲလောက် ပြင်ဆင်၊ ၆ လလောက်လည်း ရေပေါ်ဆိုင်ကယ်စီး လေ့ကျင့်နေခဲ့ရပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုဟာ သူနဲ့အတူ ဝိုင်းဝန်းလုပ်ဆောင်တဲ့ တဖွဲ့လုံးရဲ့ အားထုတ်မှုကြောင့်ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
အာဖရိကတိုက် နိုင်ငံတွေနဲ့ ကုန်သွယ်စီးပွားရေး မြှင့်တင်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ(၃)ဘီလျံခွဲ ရင်းနှီးမြှုပ်နှံသွားဖို့ ပြင်ဆင်နေတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံလျှပ်စစ်ကားထုတ် ကုမ္ပဏီတခုက လူအများဝယ်စီးနိုင်မယ့် ဈေးချိုသာတဲ့ကားတမျိုးကို ထုတ်လုပ်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မျောက်ကျောက်ရောဂါ ဖြစ်လာခဲ့လျှင် လူနာကိုယ်တိုင် ဘယ်လိုစကာကွယ်ပေးနိုင်ပြီး၊ စိုးရိမ်စရာ ဘယ်လောက် ရှိပါလဲ။မျောက်ကျောက်ရောဂါ မြန်မာမှာ အတည်ပြုလူနာ မတွေ့ရသေးပေမဲ့၊ စိုးရိမ်မှုတချို.ဆက်ရှိနေချိန်မှာ ကာကွယ်ရေး ကြိုသိထားသင့်တာရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ကိုဝင်းမင်းတင်ဆက်ထားပါတယ်။
မကြာသေးမီကဘဲ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်လာတဲ့ ဗီယက်နမ်ရွှေ့ပြောင်းနေထိုင်သူအရေအတွက်တိုးလာနေတဲ့ အတွက်လူဝင်မှုကြီးကြပ်ရေးကိစ္စတရပ်အနေနဲ့ အခုလိုရွေးကောက်ပွဲကာလမှာ ဆွေးနွေးပြောဆိုစရာဖြစ်လာပါတယ်။
စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရတဲ့ လူငယ် ၂၇ ယောက်က KNU နယ်မြေထဲ ထွက်ပြေး လွတ်မြောက်သွားတာ၊ မောင်တောမြို့ စစ်ကောင်စီစခန်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စစ်သုံ့ပန်းတွေ၊ ရိုဟင်ဂျာတွေနဲ့ အရပ်သား အကျဉ်းသား အယောက် ၅၀ ကျော် သေဆုံးတာ စတဲ့ သတင်းတွေကို တိုင်းရင်းသတင်းထောက်တွေစုစည်းတင်ဆက်ထားပါတယ်။
စက်တင်ဘာ ၁၂၊ ၂၀၂၄ - မျောက်ကျောက်ရောဂါ ဖြစ်လာခဲ့လျှင် လူနာကိုယ်တိုင် ဘယ်လို စတင်ကာကွယ်ပေးနိုင်ပြီး၊ စိုးရိမ်စရာ ဘယ်လောက် ရှိပါလဲ။
အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုကြီးကို ကြုံခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု၂၃ နှစ်မြောက် အောက်မေ့ဘွယ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris တို့ မနေ့က တက်ရောက်ပါတယ်။
အရှေ့အလယ်ပိုင်း ဂါဇာ ကမ်းမြောင်ဒေသက လေကြောင်းတိုက်ခိုက်မှု အပျက်အစီးတွေ ပေါ်မှာပဲ စာသင်ခန်းကို တဲထိုး တည်ဆောက်ပြီး၊ ကလေးတွေကို ပညာသင်ပေးနေကြရပါတယ်။ ဂါဇာမှာ လုံခြုံစိတ်ချတဲ့ နေရာမရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ဆိုပါတယ်။ ဒီလိုအခြေအနေမှာပဲ ပါလက်စတိုင်းကလေးတွေ ပညာသင်နေကြရတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။