ကမ္ဘာမှာ အရှိန်အဝါ ကြီးမားတဲ့ အောက်စဖို့တက္ကသိုလ်ဆိုတဲ့ နာမည်ကြားလိုက်တာလို့ လန့်မသွားဘဲ ယုံကြည်မှုအပြည့်နဲ့ ပညာသင်ဆု ကြိုးစားလျှောက်ထားသင့်တယ်လို့ လက်ရှိ အောက်စဖို့တက္ကသိုလ်မှာ ပညာတော်သင်ဆုအပြည့်နဲ့ MBA မဟာဘွဲ့ တက်နေတဲ့ မကြည်သာဆွေက ပြောပါတယ်။ မခင်လေး GenZ ပရိသတ်အတွက် ဆက်သွယ်စကားပြောထားပါတယ်။
လန်ဒန်မှာ AI ဉာဏ်ရည်တု နည်းပညာသုံး လူတူစက်ရုပ်ဆွဲနေတဲ့ ပန်းချီကားကို ဆော်သဘီ လေလံဂေဟာက ရောင်းပေးဖို့ရှိ၊ ကိုလံဘီယာ သိပ္ပံပညာရှင်တွေကတော့ ပိုးသတ်ဆေးကြောင့် ပျားတွေ ဦးနှောက်မထိခိုက်ရအောင် ဖြည့်စွက်စာအားဆေး စမ်းသပ်တီထွင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
နိုင်ငံတွေ သာယာဝပြော တိုးတက်ဖို့ လူတိုင်းပါဝင်နိုင်တဲ့ ဥပဒေမူဘောင်တွေ ခိုင်မာဖို့ အရေးကြီးတယ်ဆိုတာကို သုတေသနပြု ဖော်ထုတ်ခဲ့ကြတဲ့ ပညာရှင်တွေ အခုနှစ်အတွက် Nobel စီးပွားရေးဆု ရရှိခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ဘေးဒုက္ခသည်တွေ ကြုံနေကြရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးလိုအပ်ချက်တွေအကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ အခု ၂၀၂၄ ခုနှစ်အတွင်း သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ လုံခြုံမှုအခြေအနေကို သတင်းထဲက သုတ အစီအစဉ်မှာ မညိုညိုလွင်က ပြောပြထားပါတယ်။
တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးအဖွဲ့ သတ်မှတ်ဈေး ပြင်ပပေါက်စျေးထက် အများကြီးနည်းလို့ ဝေဖန်ခံနေရ၊ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်၊ ဒီသတင်းတွေနဲ့ တပတ်အတွင်း သီးနှံဈေးနှုန်းအပါအဝင် လယ်ယာစီးပွား သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
စစ်ကိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်း၊ နေအိမ် မီးရှို့မှုတွေနဲ့ ဒေသခံ ဆယ်ဂဏန်းသေဆုံးရ၊ ရခိုင်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ဆိုးရွားတဲ့ စစ်ဘေးနဲ့ ရင်ဆိုင်ရ၊ စသည်တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အရှေ့တောင်အာရှ ရဲ့ အကြီးဆုံး Tonle Sap ရေချိုအိုင်ကြီးမှာ တံငါလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းနေသူတွေက ငါးရှဥ့်မွေးမြူရေးကို ပြောင်းလဲလုပ်ကိုင်တာဟာ ရာသီဥတုဖောက်ပြန်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုတဝန်း ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေ ၁၄ သန်းလောက် ရှိပါတယ်။ အလုပ်သမားအခွင့်အရေး ကာကွယ်ဖို့ ဖွဲ့စည်းတည်ထောင်ထားတဲ့သမဂ္ဂ အဖွဲ့ဝင်တွေပါ။ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေကတော့ ဒီလိုအလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုရဖို့ အပြင်းအထန် ကြိုးပမ်းကြပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကို ပြတ်ပြတ်သားသားထောက်ခံတဲ့ ပြည်နယ်တွေ ရှိသလို၊ ရီပတ်ဗလစ်ကန်ကိုပြတ်ပြတ်သားသားထောက်ခံတဲ့ ပြည်နယ်တွေ ရှိပါတယ်။ ဒီပြည်နယ် တွေထဲ မြို့ပြနဲ့ ကျေးလက်ရောနှောနေတဲ့ Pennsylvania ပြည်နယ်လည်းပါဝင်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာ့အရေး တရုတ်က အတားအဆီး လုပ်နေတာကို အရေးပါမှုနည်းတဲ့ မြန်မာအတွက် တရုတ်နဲ့ ရန်မဖြစ်ချင်လို့ တခြားနိုင်ငံတွေက တိုက်တိုက်တွန်းတွန်း လုပ်တာမျိုး မတွေ့ရဘူးလို့ လုံခြုံရေး ကောင်စီမှာ စကားပြောခွင့်ရခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ခွဲခြား ဆက်ဆံမှုတွေ ကြုံရတဲ့အထဲ ဟိန္ဒူအမျိုးသမီးတွေကတော့ တခြားဘာသာဝင် အမျိုးသမီးတွေထက် ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပိုပြီး ကြုံနေကြရတယ်လို့ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက်ကို တည်ထောင်ခဲ့တဲ့ ဟိန္ဒူအမျိုးသမီးရေး လှုပ်ရှားသူ ဒေါ်ကက်သလင်းသိန်းက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။