ဟက်ဇဘိုလာတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာပဲ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့တပ်တွေကို စစ်ဖြစ်နေတဲ့ လက်ဘနွန်ဒေသတွေက ထွက်ခွာဖို့ အစ္စရေးဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
အောက်တိုဘာအထိတ်တလန့်ဆိုတာ ဘာလဲ။ ရွေးကောက်ပွဲမကျင်းပခင်အချိန်တွေမှာ ထင်မထားတာတွေ ဖြစ်လာတတ်တယ်ဆိုပေမဲ့ အထူးသဖြင့် အမေရိကန်ရွေးကောက်ပွဲမကျင်းပခင် တလအလို အောက်တိုဘာလ မှာ အထိတ်တလန့် ဖြစ်စရာတွေကို October Surprise လို့ ခေါ်ပါတယ်။ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ကာရေဘီယံပင်လယ်ကွေ့ထဲက ကိုလံဘီယာနိုင်ငံပိုင် ကျွန်းအချို့မှာ ပင်လယ်ရေမြင့်တက်လာတဲ့အတွက် လူမှုဘဝကို ခြိမ်းခြောက်လာတဲ့ ဒီကိစ္စမှုကို ဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတဲ့အကြောင်း Santa Cruz del Islote ကျွန်းကို သွားရောက်လေ့လာခဲ့တဲ့ Austin Landis ကသတင်းပေးပို့ထားပါတယ်။ နန်းလောင်ဝ်က ဆက်ပြောပြမှာပါ။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဟာ ခေတ်အဆက်ဆက်မှာ ညှိနှိုင်းရ အခက်ဆုံးကိစ္စ ဖြစ်ပါတယ်။ ဒီအရေးအတွက် အတိတ်မှာ ဘာတွေက အဟန့်အတားဖြစ်စေခဲ့သလဲ၊ အနာဂတ်မှာ ဘယ်လိုအကြောင်းအချက်တွေ ထည့်စဉ်းစားသင့်လဲဆိုတာဆိုတာကို ISP-Myanmar က ဒီတပတ်မှာ အပိုင်း-၁ ကို တင်ပြပါမယ်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပြည်တွင်း၊ ပြည်ပက သဘောထားတွေ ဘယ်လိုရှိသလဲဆိုတာကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်က တင်ပြထားပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် ဆုံးဖြတ်မယ့် နေရာ မှာ ဝစ်ကွန်ဆင်ပြည်နယ်က ခရိုင်တခုဟာ အလွန် အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မဲဆန္ဒရှင်တွေကို ကိုယ့်ဘက် ပါလာအောင် ဆွဲဆောင်တာတွေကလည်း ပြင်းထန်လာတဲ့အကြောင်း ကိုငြိမ်းချမ်းတင်ပြထားပါတယ်။
အာဂျင်တီးနားနိုင်ငံ၊ Patagonia ဒေသမှာရှိတဲ့ ကမ္ဘာ့ရေချိုတတိယအများဆုံးသိုလှောင်ထားရာ Perito Moreno Glacier ရေခဲထုကြီးမှာ ကမ္ဘာ့အပူချိန်မြင့်တက်မှုကြောင့် အရည်ပျော်ဆင်းမှု မြန်ဆန်လာနေပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်အတွက် Perito Moreno Glacier ကနေနန်းလောင်ဝ်ကရိုက်ကူးတင်ပြထားပါတယ်။
အင်္ဂလိပ်လိုပြောတဲ့နိုင်ငံမှာ တယောက်နဲ့တယောက်တွေ့လို့ နှုတ်ဆက်တဲ့အခါပိုပြီးရင်းနှီးသူတွေနဲ့ တွေ့ရင် အမြဲပြောတတ်၊ သုံးတတ်တဲ့စကားတွေကို ဒီတပတ်လေ့လာကြရပါမယ်။ နေ့စဉ်ပြော အင်္ဂလိပ်စကားတွေကို ဥပမာတွေနဲ့ မကြေးမုံ မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ အမေရိကန်သံနဲ့ပြောပြထားတာလေ့လာကြည့်ပါ။
နှစ်စဉ်အောက်တိုဘာလ ရောက်လာပြီဆိုရင် ကြေညာတဲ့ နိုဘဲလ်ဆု အမျိုးအစား (၆) မျိုးထဲမှာ နိုဘဲလ် ငြိမ်းချမ်းရေးဆုကတော့ တခြားဆုတွေလို ရွေးချယ်တဲ့ အဖွဲ့အစည်းလည်း မတူ၊ ချီးမြှင့်ပေးအပ်တဲ့ နေရာလည်း ကွဲပြားတာပါ။ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ မညိုညိုလွင်က နော်ဝေးနိုင်ငံ အော်စလိုမြို့ကနေ တင်ဆက်ထားပေးပါတယ်။
အင်ဂျင်နီယာ တယောက်ဖြစ်ဖို့ ကျောင်းတက်နေရင်းကနေ Vlog တွေကို ဖန်တီးတဲ့သူ တယောက်ဖြစ်ချင်ခဲ့တဲ့အတွက် အင်ဂျင်နီယာ တယောက်ဖြစ်လာမယ့် ဘဝကို စွန့်လွှတ်ခဲ့တယ်လို့ Zack Vlogs ကို တင်ဆက်တဲ့ ကိုသန်းထက်ဖြိုးလျှံက ပြောပါတယ်။ အွန်လိုင်းကနေ ဝင်ငွေရအောင် လုပ်နေတဲ့သူ့ကို မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
ချက်သမ္မတနိုင်ငံမှာ ကမ္ဘာ့လှည့်ခရီးသွားတွေ အိမ်ခြေမဲ့တွေရဲ့ဘဝကို ခံစားနိုင်မယ့် ခရီးစဉ်ရှိ၊ ဘော့စနီးယားနိုင်ငံမှာတော့ ကမ္ဘာကျော်ဒက်ချ်ပန်းချီဆရာ ဗန်ဂိုးရဲ့ ဂန္တဝင်လက်ရာ ကြယ်တွေစုံတဲ့ည ပန်းချီကားပုံတူပန်းခြံ ဖန်တီးထား၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မခင်ဖြူထွေးနဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ပဋိပက္ခတွေ၊ ပြည်သူတွေရဲ့ အဆင်မပြေမှုတွေကို သတင်းယူရတဲ့ သတင်းသမားတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။