အာရှဒေသရဲ့ အဖွံ့ဖြိုးဆုံး စင်္ကာပူနိုင်ငံမှာ အလုပ်ရှာမယ်ဆိုရင် အပြိုင်အဆိုင်များလို့ နေ့စဉ် အလုပ်နေရာအများကြီး လျှောက်ထားရှာဖွေဖို့ လိုတယ်လို့ လုပ်ငန်းအတွေ့အကြုံရှိသူ ကိုဖြိုးတင့်အောင်က ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာ နေထိုင်ခွင့်ရချင်တဲ့ GenZ လူငယ်တွေ သတိပြုစရာတွေကို မခင်လေး မေးကြည့်ထားပါတယ်။
လမ်းပေါ်က ဆေးလိပ်ဖင်ဆီခံအတိုအစ အမှိုက်လေးတွေကို လိုက်ကောက်ပေးမယ့် AI ဉာဏ်ရည်တု နည်းပညာသုံး ခွေးစက်ရုပ်တီထွင်၊ ချစ်သူရှာချင်သူတွေလည်း AI ဉာဏ်ရည်တု သုံးပြီး အိမ်မက်ထဲက ချစ်သူရည်းစားကို ဖန်တီးနိုင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မမြသဇင်အောင်တို့ တင်ဆက်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေအရ ပဋိပက္ခတွေအတွင်းက အရပ်သားတွေကို အကာကွယ်ပေးရမယ်လို့ ပါရှိပေမယ့် စစ်ပွဲတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အဲဒီလို အကာကွယ်ပေးနိုင်မှု မရှိတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
တရားရုံးချုပ် အဆုံးအဖြတ်နဲ့ ဒီမိုကရေစီဟာ ဘယ်လိုများ ဆက်စပ်နေပါသလဲ။ နိုင်ငံတကာ တရားရေးစနစ်တွေ၊ တရားရုံးချုပ်နဲ့ သမ္မတတွေရဲ့ ဆက်ဆံရေးအကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး ကို ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
ဒီတပတ် သတင်းတွေထဲက သုတအစီအစဥ်မှာတော့ နိုင်ငံတကာက အင်တာနက် သုံးစွဲမှုနဲ့ ပတ်သက်ပြီး သိမှတ်စရာအကြောင်းတွေကို မညိုညိုလွင်က ပြောပြထားပေးပါတယ်။
ရှမ်းမြောက်ပဋိပက္ခမှာ ‘ဝ’ တပ်ဖွဲ့ကြားဝင်လာတာက သြဇာချဲ့ထွင်ဖို့ ဖြစ်ပြီး၊ တရုတ်က ခွင့်ပြု၊ စစ်ကောင်စီက သဘောကျတယ်လို့ စစ်ရေးလေ့လာသူ ပါမောက္ခ Zachary Abuza က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကို မြန်မာ့အကျပ်အတည်း ထွက်ပေါက်အဖြစ် တရုတ်က တွန်းနေတယ်လို့လည်း ဆိုပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
ပြည်တွင်းမှာ စားအုန်းဆီစျေးက ထပ်မံမြင့်တက်နေပြီး လိုသလောက် ဝယ်ယူလို့မရတဲ့ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျက ဘယ်လိုရှိပါသလဲ။ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
နိုင်ငံခြားငွေလဲနှုန်းဟာ ဇူလိုင်လကုန်ပိုင်းမှာ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိ၊ ရန်ကုန်၊ မန္တလေးနဲ့ ဒေသအများအပြား စက်သုံးဆီရှား၊ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ စစ်ကောင်စီ နောက်ထပ် သက်တမ်း ၆ လ ထပ်တိုး၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက လိုအပ်သူတွေဆီ အစားအစာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ ရန်ပုံငွေစျေးရောင်းတာဖြစ်ကြောင်း ဝါရှင်တန်ဒီစီ မက်ထရိုအေရီယာမှာ အခြေစိုက်တဲ့ တိုင်းရင်းသားပေါင်းစုံ အမျိုးသမီးများအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
ရုရှားနိုင်ငံမှာ ချုပ်နှောင်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားတွေ ဖြစ်တဲ့ Paul Whelan၊ Alsu Kurmasheva နဲ့ Evan Gershkovich တို့ဟာ မနေ့က ရုရှားနိုင်ငံနဲ့ သမိုင်းဝင် အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
အိန္ဒိယလူငယ်တွေဟာ ဂုဏ်ရှိပြီး ဘဝအာမခံချက်ရှိမယ့် အစိုးရအလုပ်တခုခု ရနိုင်ရေးအတွက် ၊ စာမေးပွဲအမျိုးမျိုး ဝင်ဖြေဖို့ ကြိုးပမ်းနေကြတဲ့အကြောင်းနဲ့ ဂျပန် Uniqlo အဝတ်အစားကုမ္ပဏီကတော့ ဒီနှစ်ဟာ ၃ နှစ်ဆက်တိုက် ရောင်းအားကောင်းတဲ့နှစ် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နယူးယောက်မြို့က အပြေးလေ့ကျင့်တဲ့ကလပ်တခုကို ကျန်းမာရေးအတွက်တင်သာမကပဲ ချစ်သူရည်းစားရှာချင်သူတွေအတွက်လည်း ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လူရာနဲ့ချီ ဗုဒ္ဓဟူးနေ့တိုင်း ၃ မိုင်ပြေးပြီးတဲ့အခါ ဘားဆိုင်တွေမှာထိုင်ပြီး ဘဝလက်တွဲဖော်ရှာဖို့ ဒါမှမဟုတ်လည်း အသိအကျွမ်းမိတ်ဆွေဖွဲ့ဖို့ အချိန်ရကြမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။