ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာပြည်ဖွား ဂေါ်ရခါး၊ Nepali ခရစ်ယာန်ဘာသာ၀င်တွေကလည်း ခရစ္စမတ်ပွဲတော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဘန်ကောက်မြို့မှာ ကျင်းပခဲ့ကြပါတယ်။ သူတို့ရဲ့ ပျော်ရွှင်စရာ ခရစ္စမတ်ပွဲတော်လေး ကျင်းပတဲ့ပုံကို နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင်က တင်ပြထားပါတယ်။
တရုတ်ရဲတွေ ကုန်းပေါ်ရော၊ ရေထဲမှာပါ အလုပ်လုပ်နိုင်တဲ့ လုံခြုံရေး ဘီးစက်ရုပ်တမျိုး စတင်စမ်းသပ်အသုံးပြု၊ တောင်အာဖရိက မျက်မမြင်ဘောလုံးအသင်း ရုရှားမှာ ကျင်းပမယ့် BRICS+ နိုင်ငံများ မျက်မမြင်ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံအနှံ့ အဓမ္မ စစ်သားစုဆောင်းနေတဲ့ စစ်ကောင်စီဟာ ကိုယ်လက်မသန်စွမ်းသူတွေ၊ စိတ်ကျန်းမာရေး ချို့တဲ့နေသူတွေကိုပါ စစ်သားအဖြစ် စုဆောင်းနေတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ ကိုယ်တွေ့ကြုံခဲ့ရသူတွေ ပြောပြထားပါတယ်။
အမေရိကန်လုပ်ငန်းခွင်တွေထဲက ခွဲခြားဆက်ဆံမှုနဲ့အစွဲတွေ အကြောင်းကို Gender Equality Network အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူအား ဦးတင်မောင်သန်းက ဆက်သွယ်မေးမြန်းတင်ပြပါတယ်။
ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့အခြေချမှုဟာ လူ့သမိုင်းဖြစ်စဉ်တခုအနေနဲ့ ရှိလာခဲ့တာပါ။ အခြေအနေအမျိုးမျိုးကြောင့် နေရပ်စွန့်ပြီး တခြားနိုင်ငံတွေကို ရွှေ့ပြောင်းနေကြတဲ့အကြောင်း သတင်းတွေထဲက သုတအစီအစဉ်မှာ မညိုညိုလွင် တင်ပြထားပါတယ်။
စစ်ရေးအောင်မြင်မှုရတဲ့ ကချင်လွတ်မြောက်ရေးတပ် KIO/KIA ကို တာဝန်ရှိသူအဖြစ် တရုတ်က ညှိနှိုင်းရသလို အာရက္ခတပ်တော် AA ကလည်း တရုတ်အတွက် အရေးပါတဲ့ စစ်တွေနဲ့ ကျောက်ဖြူတို့ကြောင့် ညှိနှိုင်းမှု လုပ်ရနိုင်တယ်လို့ CSIS အာရှဒေသ သုတေသီ Michael Martin က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လူငယ်တွေကို စစ်တပ်ထဲ အတင်းသွတ်သွင်းနေတာကြောင့် ကြံရာသီမှု ကြံခုတ်ဖို့ လူငယ်ရှားပါးပြီး စက်ရုံအရောက် ပို့ဖို့တောင် အခက်တွေ့နေပါတယ်။ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
ရခိုင်မှာ အရေးပါတဲ့ စစ်စခန်းတွေ ကျဆုံးသွားချိန်မှာပဲ စစ်ကောင်စီထိပ်ပိုင်း ရာထူးအချို့ အပြောင်းအလဲတွေဖြစ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA သိမ်း၊ မာနယ်ပလောလည်း KNU လက်အောက်ပြန်လည်ရောက်ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို ကျယ်ပြန့်လာနေတာနဲ့အမျှ ဒေသအလိုက် ကိုယ့်ရပ်ရွာပြည်သူတွေကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ ပိုပြီး စဥ်းစား ပြင်ဆင် ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးနဲ့စစ်ရေး လေ့လာသုံးသပ်သူ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။
မြန်မာစစ်တပ်အတွင်း ထိပ်ပိုင်းရာထူးတချို့ အပြောင်းအလဲဖြစ်ပြီး၊ အရေးပါတဲ့ ကြည်းရေလေ ညှိုနှိုင်းကွပ်ကဲရေးမှုးအဖြစ် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းဖြစ်လာပါတယ်။
၂၀၂၄ စိတ်ကြည်နူးဖွယ် အခိုက်တံ့များ “လူကြည့်များ ဆိုရှယ်မီဒီယာ” အဆိုတော်ကြီး ဒေးဗစ်ဘိုဝီကို ဂုဏ်ပြုပြီး ပြင်သစ်မှာ လမ်းနာမည်ပေး၊ နာမည်ကြီး အီတလီဖက်ရှင်တံဆိပ် Prada က လပေါ်သွားမဲ့ အာကာသယာဉ်မှူးဝတ်စုံ ဖန်တီး၊ ဒီလို ၂၀၂၄ ရဲ့ အမှတ်ရစရာအခိုက်အတံ့တွေကို နှစ်ကုန်အထူးအဖြစ် မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။