မြန်မာနိုင်ငံမှာ အကျဉ်းထောင် လက်စွဲဥပဒေအရ စစ်ပွဲအခြေအနေ ဖြစ်လာရင် အကျဉ်းသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီရဲ့ အကျဉ်းထောင် အာဏာပိုင်တွေကတော့ အကျဉ်းသားတွေ အန္တရာယ်ကျရောက်နိုင်မယ့် အခြေအနေမျိုး လုပ်နေတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း အချမ်းသာဆုံး စာရင်းဝင်တွေ၊ ထိပ်တန်း ၅ နေရာကို ရောက်လာတဲ့ နိုင်ငံတွေ၊ စီးပွားရေး လုပ်ငန်းတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
တယောက်နဲ့ အမြင်မတူတာ၊ သူတို့ ပြောတာကို ကိုယ်လက်မခံနိုင်တာတို့ဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ့်ဆန္ဒကို ထုတ်ပြောနိုင်ပါတယ်။ နှုတ်ဆက်စကား၊ အငြင်းစကား စသဖြင့် ပြောရတတ်တဲ့ စကားတွေကို မကြေးမုံ ပြောပြထားပါတယ်။ မကြေးမုံက အမေရိကန်အင်္ဂလိပ်စကား၊ အမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါ။
ချင်းပြည်မှာ စစ်ကောင်စီတပ် ရှိနေသရွေ့ တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်သလို နေပြည်တော်အထိ သိမ်းနိုင်ဖို့ ဗမာအမျိုးသားအင်အားစု နယ်မြေတွေ နိုးကြား စုစည်းဖို့ လိုတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ဒု-ဥက္ကဋ္ဌ ဆလိုင်း ပီတာထန်းက ပြောလိုက်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
တရုတ်နယ်စပ်ဂိတ်တချို့ ပြန်ဖွင့်ပေမယ့် ကန့်သတ်မှုတွေ များနေပြီး တနိုင်တပိုင် ကုန်သွယ်မှုပဲ ခွင့်ပြုလို့ ကုန်သည်တွေ အခက်တွေ့နေပါတယ်။ ဒီသတင်းနဲ့ လယ် ယာ စီးပွား သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
ကိုးကန့် MNDAA အဖွဲ့က တဘက်သတ် အပစ်ရပ်ကြောင်း ကြေညာချက် တရုတ် ကြိုဆို၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာနေတဲ့အတွက် နိုင်ငံတကာ မှန်ကန်တုံ့ပြန်ဖို့ ကုလသတိပေး၊ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ကနေ ထိပ်တန်း ကုန်သွယ်ဘက် နိုင်ငံတွေ ဖြစ်တဲ့ ကနေဒါ၊ တရုတ် နဲ့ မက်ဆီကို နိုင်ငံတွေ အပေါ် သွင်းကုန်ခွန် တိုးမြှင့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump အစိုးရအဖွဲ့ စတင် တာဝန်မယူခင်မှာ ပြည်ထောင်စုအစိုးရအဖွဲ့သစ်က ချမှတ်လာမယ့် ဥပဒေတွေကို အံတု တုံ့ပြန်နိုင်ဖို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က စတင်ပြင်ဆင်နေပါတယ်။
ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ − ဂျပန်ရှေးရိုးရာ "ဆာကေး Sake" ချက်လုပ်နည်းကို UNESCO ရဲ့ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းထဲ ထည့်သွင်းလိုက်တာကြောင့် လူပိုသိပြီး ကမ္ဘာတလွှား ရောင်းအားပိုတက်လာလိမ့်မယ်လို့ "ဆာကေး"လုပ်ငန်းရှင်တွေ မျှော်လင့်နေကပါတယ်။
အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အားလုံးစည်းလုံးညီညွတ်ကြစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကမ္ဘာနဲ့အဝန်း ဆင်နွှဲနေကြတဲ့ လှုပ်ရှားမှုတွေမှာ ကမ္ဘာတဝန်းက အမျိုးသမီးတွေနဲ့အတူ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း ပုံစံမျိုးစုံနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုတွေမှာ ပါဝင်နေကြပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
နာမည်ကြီး ကိုးရီးယားဇာတ်လမ်းတွဲ "Squid Game" ရဲ့ ဒုတိယရာသီ ရုပ်သံဇာတ်လမ်းတွဲ ဒီလကုန်စတင်ပြသပါမယ်။ ဘရာဇီးလ်နိုင်ငံ Rio De Janeiro မြို့တော်မှာ စီးပွားရေးမြှင့်တင်ဖို့ လေဒီဂါဂါလို ကမ္ဘာကျော်အဆိုတော်ရဲ့ အခမဲ့ဖျော်ဖြေပွဲ မေလထဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။