လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေက အရင် စစ်အစိုးရခေတ်တွေကလို အလွတ်တကူ “အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးယူရအောင်” ဆိုရုံလောက်နဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူးလို့ လူငယ် နိုင်ငံရေး အင်အားစုတွေက ဗွီအိုအေကို ပြောပါတယ်။
မျက်မမြင်တွေနဲ့အမြင်အာရုံ မသန်စွမ်းသူတွေအတွက်လိုအပ်တဲ့ အထူးဖက်ရှင်လိုင်း အယူအဆသစ် တခုကို ကင်ညာအဝတ်အထည် ကုမ္ပဏီတခုက ဖန်တီးလိုက်ပါတယ်။ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ စကား ရပ်ကို မျက်မမြင်သင်္ကေတ,ဖတ်စာနဲ့ အဝတ်အထည်တခုချင်းစီအပေါ်မှာ ချုပ်လုပ်ပေးထားတာ ဖြစ်ပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်သမ္မတတာဝန် စတင်ထမ်းဆောင်မှာပါ။ ၄၇ ယောက်မြောက် အမေရိကန်သမ္မတအနေနဲ့ လူထုအတွက် ဘာတွေလုပ်ပေးဖို့ မျှော်လင့်နေကြလဲဆိုတာနဲ့ ပတ်သက်ပြီး Scott Stearns ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာထုတ်ပြန်တဲ့ ဆိုင်ဘာလုံခြုံရေးဥပေဒဟာ အွန်လိုင်းသုံးသူတွေ လုံခြုံရေးထက် စိုးရိမ်ရတဲ့ ဥပဒေဖြစ်နေပါသလား။ မရည်ရွယ်ဘဲ ဥပဒေချိုးဖောက်ရာ မရောက်အောင် ဘာတွေသတိထားသင့်သလဲဆိုတာကို မစုမြတ်မွန်က ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်သူနဲ့ မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ကမ္ဘာကျော်အဆိုတော်ကြီး Rod Stewart အသက် ၈၀ ပြည့်သွားပါပြီ။ အမေရိကန်မယ် Miss America သရဖူကိုတော့ Alabama ပြည်နယ်က သူနာပြုကျောင်းသူလေး ဆွတ်ခူးသွားပါတယ်။ ဒီလို နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောကက သတင်းတွေကို ဒီတပတ်သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ရန်ကုန်မှာ ဇန်နဝါရီ ၅ ရက်နေ့ကစပြီး တနေ့ ၄ နာရီသာ လျှပ်စစ်မီးပေးနိုင်တော့မယ်ဆိုတဲ့သတင်းတွေ ဆိုရှယ်မီဒီယာမှာ အတော်လေး နေရာယူလာတာ တွေ့ရပါတယ်။ ဘာ့ကြောင့် စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီးမှန်အောင် မပေးနိုင်ရသလဲဆိုတဲ့အကြောင်း ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
ရှမ်းမြောက်နဲ့ ရခိုင်ဒေသတွေက တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအများစုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။ ဒီအထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိတဲ့ စီမံကိန်းတွေလည်း ပါဝင်ပါတယ်။
ဒီအပတ် နော်သဇင်က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာရှိတဲ့ Disney Land အပန်းဖြေ ကစားကွင်းကြီးကို သွားလည်ခဲ့ပါတယ်။ ကိုယ့်ရဲ့ ငယ်ဘဝကို ပြန်လည်တမ်းတစေရတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ Disney Land ကို နော်သဇင်နဲ့အတူ သွားလည်ပတ်ကြရအောင်ပါ။
အင်ဒိုနီးရှားဟာပထမဆုံးအရှေ့တောင်အာရှနိုင်ငံအနေနဲ့BRICSအဖွဲ့ဝင်ဖြစ်သွားပါတယ်။မလေးရှားက၂၀၂၅မှာလျပ်ကူးပစ္စည်းထုတ်လုပ်ရေးအပါအဝင်စီးပွားရေးအရှိန်မြှင့်ဖို့ပြင်ဆင်နေပါတယ်။၂၀၂၅ခုနှစ်ASEANရဲ့စီးပွားရေးဖွင့်ဖြိုးတိုးတက်မှုနှုန်းဟာ၄.၇ရှိမယ်လို့ ADB ကခန့်မှန်းထားပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ရီပါဘလင်ကန် လွှတ်တော်အမတ်အများစု ထောက်ခံထားတဲ့ မြန်မာစစ်တပ် တာ၀န်ခံမှုရှိစေရေး Burma Act ဥပဒေဟာ ရွေးကောက်ခံ ရီပါပလင်ကန် သမ္မတ Donald Trump အစိုးရလက်ထက်မှာ ပိုမိုအားကောင်း လာနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ပါတယ်။
အမေရိကန်မှာ ပြောနေတဲ့ စကားတွေထဲမှာ ၂၀၂၄ ခုနှစ် အတွင်း ခေတ်အစားဆုံး ဗန်းစကားအသုံးအနှုန်းတွေနဲ့ ပက်သတ်ပြီး မကြေးမုံက အမေရိကန်အင်္ဂလိပ်စကားနဲ့ ရောပြီး ရှင်းပြထားပါတယ်။ မြန်မာလိုရော၊ အမေရိကန်အင်္ဂလိပ်စကားနဲ့ပါ ရှင်းပြထားတာမှာ သူအမေရိကန်သံနဲ့ ပြောပြထားတာ လေ့လာကြည့်ပါဦး။
မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ဗုဒ္ဓဘာသာ၀င်တွေဟာ ပီနန်ကျွန်းမှာ မြန်မာဘုန်းတော်ကြီးကျောင်းတွေ ဆောက်လုပ် ကိုးကွယ်ထားပါတယ်။ မြန်မာပြည်သား ဗုဒ္ဓဘာသာ၀င်တွေရဲ့ ဘုန်းတော်ကြီးကျောင်းတွေအကြောင်း နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။