အမေရိကန်ပြည်ထောင်စုတဝန်း ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေ ၁၄ သန်းလောက် ရှိပါတယ်။ အလုပ်သမားအခွင့်အရေး ကာကွယ်ဖို့ ဖွဲ့စည်းတည်ထောင်ထားတဲ့သမဂ္ဂ အဖွဲ့ဝင်တွေပါ။ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေကတော့ ဒီလိုအလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုရဖို့ အပြင်းအထန် ကြိုးပမ်းကြပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကို ပြတ်ပြတ်သားသားထောက်ခံတဲ့ ပြည်နယ်တွေ ရှိသလို၊ ရီပတ်ဗလစ်ကန်ကိုပြတ်ပြတ်သားသားထောက်ခံတဲ့ ပြည်နယ်တွေ ရှိပါတယ်။ ဒီပြည်နယ် တွေထဲ မြို့ပြနဲ့ ကျေးလက်ရောနှောနေတဲ့ Pennsylvania ပြည်နယ်လည်းပါဝင်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာ့အရေး တရုတ်က အတားအဆီး လုပ်နေတာကို အရေးပါမှုနည်းတဲ့ မြန်မာအတွက် တရုတ်နဲ့ ရန်မဖြစ်ချင်လို့ တခြားနိုင်ငံတွေက တိုက်တိုက်တွန်းတွန်း လုပ်တာမျိုး မတွေ့ရဘူးလို့ လုံခြုံရေး ကောင်စီမှာ စကားပြောခွင့်ရခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ခွဲခြား ဆက်ဆံမှုတွေ ကြုံရတဲ့အထဲ ဟိန္ဒူအမျိုးသမီးတွေကတော့ တခြားဘာသာဝင် အမျိုးသမီးတွေထက် ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပိုပြီး ကြုံနေကြရတယ်လို့ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက်ကို တည်ထောင်ခဲ့တဲ့ ဟိန္ဒူအမျိုးသမီးရေး လှုပ်ရှားသူ ဒေါ်ကက်သလင်းသိန်းက ပြောပါတယ်။
မောင်းသူမဲ့ ကျည်ဆံရထား တစင်းကို ခရီးသည်တွေလိုက်ပါရင်း ဂျပန်နိုင်ငံမှာ စမ်းသပ်ပြေးဆွဲတဲ့အကြောင်းနဲ့ ငွေကြေးဖေါင်းပွမှု တိုးလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အလုပ် ၂ ခု လုပ်တာတောင် မိသားစု စားဝတ်နေရေး အလျင်မီဖို့ မနည်း ရုန်းကန်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းကျင်းပတော့မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ သမ္မတကိုယ်စားလှယ်လောင်းတွေထဲ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump ကို ကြိုတင်မဲပေးခဲ့တာနဲ့ ပတ်သတ်ပြီး မင်နီဆိုးတားပြည်နယ် စိန့်ပေါ်လ်မြို့က Trump ထောက်ခံသူ ဦးနေထူးကို ကိုအောင်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
၂၀၂၄ ရူပဗေဒနိုဘယ်လ်ဆုဟာ neural network လို့ခေါ်တဲ့ သက်ရှိတွေ တွေးတော၊ ခံစား၊ လှုပ်ရှားရာမှာ အရေးပါတဲ့ ဦးနှောက်နဲ့ အာရုံကြောထဲက ဆဲလ်တွေ အလုပ်လုပ်တဲ့ အတိုင်း စက်ကို ခိုင်းနိုင်အောင် စဉ်းစားကြံဆခဲ့တာကြောင့်လို့ AI သုတေသန ပညာရှင် ဒေါက်တာရဲကျော်သူက ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
မြန်မာနိုင်ငံထဲ မိုးကြီးရေကြီးမှု ပိုပြင်းထန်လာချိန် အရေပြားနဲ့တခြားရောဂါအန္တရာယ် သတိပြုစရာနဲ့ ကာကွယ်ရေးလုပ်သင့်တာကို ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။ ဒီအကြောင်း မြန်မာနိုင်ငံက အရေပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။
မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်တွေကို ရက်အကန့်အသတ်မရှိ တရုတ်နိုင်ငံဘက်က ပိတ်လိုက်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ် လေးဝါးစခန်းကို စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့၊ စသည့် သတင်းတွေကို တိုင်းရင်းသတင်းထောက်တွေ တင်ဆက်ထားပါတယ်။
ယူကရိန်းမှာ တိုက်ခိုင်းဖို့အတွက် ရုရှားမှာ မြောက်ကိုးရီးယားတပ်ဖွဲ့တွေကို လေ့ကျင့်ပေးနေတယ်လို့ ယူကရိန်းသမ္မတက ပြောဆိုအပြီး နောက်တရက်မှာ အမေရိကန်ကလည်း မြောက်ကိုးရီးယားတပ်တွေ ရုရှားကိုရောက်နေတဲ့ သက်သေအထောက်အထားတွေရှိကြောင်း ပြောလိုက်ပါတယ်။ Carla Babb သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
မြန်မာစစ်တပ် အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း သတင်းသမားနဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေသူ ၅၀ ကျော် ဖမ်းဆီးခံနေရသလို အသတ်ခံရသူ သတင်းသမား ၇ ယောက်ရှိတဲ့အကြောင်း Burma News Internation အဖွဲ့က ပြောဆိုပါတယ်။ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မညိုညိုလွင် သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။