ကချင်ပြည်နယ်ထဲက ချီဖွေမြို့နဲ့ ဆော့လော်မြို့ကို ကချင်လွတ်လပ်ရေးတပ် KIA အပြီးသတ် သိမ်းပိုက်၊ အင်းလေးမှာ ရေကြီးရေလျှံမှု နောက်ဆက်တွဲ မြွေတွေပေါများလာတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်၊ ရခိုင်၊ အမ်းမြို့နယ်ထဲက ချင်းလူမျိုးတွေ နေထိုင်တဲ့ ရွာတွေမှာ အာရက္ခတပ်တော် (AA) က တပ်သားစုဆောင်းမှုတွေရှိ စသည်
အီရန်ထောက်ခံထားတဲ့ ဟာမတ်စ်အဖွဲ့နဲ့ အစ္စရေးတို့ကြား ဂါဇာဒေသက စစ်ပွဲက လက်ဘနွန်နိုင်ငံ ဟက်ဇ်ဘိုလာအဖွဲ့ဆီ ပြန့်လာပြီး အီရန်ဆီလည်း ကူးလာနိုင်ကြောင်း သမ္မတဘိုင်ဒန်က သတိပေးခဲ့ပါတယ်။ ဒေသတွင်း စစ်ဖြစ်မယ့်အခြေအနေကို စိုးရိမ်မှုနဲ့ အမေရိကန်ကရော တိုက်ရိုက်ပါဝင်လာနိုင်မလား ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတဂျိုးဘိုင်ဒန်ဟာ သူ့ သမ္မတသက်တမ်းအတွင်း “lame duck” ကာလကိုရောက်နေပြီလို့ ပြောကြပါတယ်။ ဒီစကားဟာ နိုင်ငံရေးမှာ ဘယ်လို အဓိပ္ပာယ်ရောက်ပါလဲ။ VOA ပုံပြရုပ်သံကို ကိုစည်သူ တင်ပြထားပါတယ်။
ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ တပ်ပေါင်းစုပုံစံ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - စစ်တိုက်တဲ့အခါ အထက်ကပေးတဲ့အမိန့်ကိုနာခံဖို့အရေးကြီးပေမယ့် တော်လှန်ရေးတပ်ဖွဲ့အားလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ကိုင်တွယ်ဖို့ မလွယ်လှပါဘူး။ ဒါကြောင့် တပ်ပေါင်းစုပုံစံကို ကျင့်သုံးနေရကြောင်း ဦးအောင်ခင်ကတင်ပြထားပါတယ်။
နီပေါနိုင်ငံမှာ လူပေါင်း ၄ သန်း ဝန်းကျင်ထိုင်ရာ ကတ်သ်မန်ဒူတောင်ကြားဒေသမှာ အခုနှစ်ပိုင်းတွေအတွင်း အဆိုးရွားဆုံးရေဘေးနဲ့ ကြုံခဲ့ရပြီး လူသေဆုံးမှုတွေအပြင် အပျက်အစီး၊ အဆုံးအရှုံး ကြီးမားခဲ့ပါတယ်။ ဆယ်စုနှစ်တွေအတွင်း မိုးအများဆုံးရွာသွန်းပြီး ၂၄ နာရီအတွင်း မိုးရွာသွန်းမှု စံချိန်သစ်တင်သွားပါတယ်။
ပဲရစ်အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဝင်ခဲ့တဲ့ အမေရိကန်အားကစားသမားတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ ဂုဏ်ပြုခဲ့ပါတယ်။ ၂၀၂၅ ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံများဖလားဘောလုံးဖိုင်နယ် ကစားမယ့်ကွင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
မြန်မာ့ပြည်တွင်းစစ်မှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အောင်မြင်မှုတွေရလာတာနဲ့အမျှ တဖက်မှာလည်း တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တစ်ချို့ကို ဖိအားပေးမှုတွေ ရှိနေပါတယ်။
လည်ချောင်းကင်ဆာရောဂါကနေ အသက်ရှင်သန်ရာရဖို့ လိုအပ်ရင် တခုထဲနည်းလမ်းက အသံကြိုးတွေကို ဖယ်ထုတ်ရပါတယ်။ ဒါပေမဲ့ Croatia နိုင်ငံက လည်ချောင်းကင်ဆာ ခွဲစိတ်ထားတဲ့ အမျိုးသားတစုကတော့ သူတို့ကိုယ်ပိုင်ဂီတပုံစံနဲ့ သီဆိုဖျော်ဖြေနေကြတာပါ။ AP သတင်းတပုဒ်ကို မမြသဇင်အောင်ပြောပြပေးပါမယ်။
Yagi မုန်တိုင်းဒဏ်ကို ဗီယက်နမ်နိုင်ငံရော ၊ မြန်မာနိုင်ငံရော ပြင်းပြင်းထန်ထန်ခံကြရပြီး ပျက်စီးဆုံးရှုံးတဲ့အထဲမှာ စိုက်ပျိုးခင်းတွေအများအပြားပါဝင်ပါတယ်။ ဒါပေမယ် မုန်တိုင်းတိုက်ခတ်မှုကို တိုက်ရိုက်ခံရတဲ့ ဗီယက်နမ်နိုင်ငံထက် အဖျားခတ်ခံရတဲ့ မြန်မာနိုင်ငံက စိုက်ပျိုးခင်းတွေ ပိုပြီးတော့ ပျက်စီးကုန်ပါတယ်။
အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ Donald Trump နဲ့ Kamala Harris တို့ကြား လဝက နဲ့ပတ်သက်လို့ ချဥ်းကပ်ပုံမတူကြသလို သမ္မတဖြစ်လာသူအပေါ် မူတည်ပြီး ပုံစံမတူတဲ့တင်းကျပ်မှုတွေကြုံလာရနိုင်ကြောင်း အမေရိကားမှာ အခြေချလိုသူမြန်မာတွေအတွက် ဥပဒေ ထောက်ကူအဖွဲ့ USIRD ကို ဦးဆောင်တည်ထောင်သူ ကိုရဲရင့်မြင့်မိုရ်ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီတနှစ်တည်းမှာကို အသက် ၁၈ နှစ်ပြည့်လို့ မဲပေးနိုင်သူ အရေအတွက် ၈ သန်းလောက်ရှိတာပါ။ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ အသက် ၂၇ အောက် GenZ ခန့်မှန်းခြေ စုစုပေါင်း ၄၁ သန်းလောက် မဲပေးနိုင်ကြမှာဖြစ်ပြီး ဒီမျိုးဆက်ကလည်း ရွေးကောက်ပွဲရလဒ်ကို အတိုင်းအတာတခုထိ ပြောင်းလဲပေးနိုင်တာ ဖြစ်ပါတယ်။
အစ္စရေး ခေါင်းဆောင်ပိုင်းက လက်ဘနွန်စစ်ပွဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အပေါ် ဒေသတွင်း နိုင်ငံတွေကတော့ စိုးရိမ်နေကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က အပစ်ရပ်ဖို့ တောင်းဆိုထားပေမဲ့လည်း ဒါကို ဘယ်သူက နားထောင်မလဲ ဆိုတာ Anita Powell သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။