ဘန်ကောက်မြို့က ဈေးအရောင်းစင်တာကြီးတွေ ရှိတဲ့ ပတူနမ်ရပ်ကွက်က နိုင်ငံသားခရီးသွားတွေ အကြိုက်ဆုံး နေရာတခုဖြစ်ပြီး နေ့နေ့ညည စည်ကားနေတာပါ။ အဲဒီမှာ ရှိတဲ့ ပလာဒီယမ်ညစျေးဆိုတဲ့ ညနေ ၅ နာရီလောက်ကနေ မနက် ၁ နာရီထိဖွင့်တာ ဖြစ်ပါတယ်။ ဒီတပတ် နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်မှာ မညိုညိုလွင် တင်ဆက်ပေးထားပါတယ်။
အမေရိကန်ရဲ့ ရွေးကောက်ပွဲကျင်းပဖို့ တလကျော်ပဲ လိုတော့ချိန်မှာ လူငယ်တွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေက သူတို့ မဲထည့်ဝင်တဲ့နေရာမှာ သေချာထည့်စဉ်းစားတဲ့ ကိစ္စတွေဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားကြီးပြင်းတဲ့ မြန်မာနွယ်ဖွား လူငယ်လေးတွေက ပြောပါတယ်။ မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
နယ်သာလန်မှာ ရေမြောင်းတုတ်ထောက်ခုန်ကျော်ရတဲ့ ရိုးရာအားကစားပြိုင်ပွဲ ကျင်းပပါတယ်။ ပိုလန်စစ်တပ်မှာ စစ်တပ်သုံးခွေးလေးတွေကို ရာထူးပေး၊ ကယ်လီဖိုးနီးယားကမ်းခြေက ခွေးရေလှိုင်းစီး ပြိုင်ပွဲ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မအိသန့်စင်နဲ့ ကိုစည်သူတို့ တင်ဆက်ထားပါတယ်။
အမေရိကန် အလယ်ပိုင်း Texas ပြည်နယ်ဆိုတာနဲ့ လူတော်တော်များများက လည်ရှည်ဦးချွန်ဖိနပ်တွေနဲ့ ဦးထုပ်တွေဆောင်းထားတဲ့ နွားကျောင်းသား cowboy တွေကိုပြေးမြင်ကြပါတယ်။ လေ့လာမှုစစ်တမ်းတခုအရတော့ Texas ပြည်နယ်ဟာ အမေရိကန်မှာရွှေ့ပြောင်းအခြေချတွေနဲ့ မတူကွဲပြားမှုတွေအများဆုံးရှိတဲ့ ပြည်နယ်တခုဖြစ်တယ်လို့ ဖော်ပြတာပါ။
တရုတ်ပြည်မှာနိုင်ငံပေါင်း၁၀၀ ကျော်ပါဝင်တဲ့ပီကင်းရှင်ရှန်းလုံခြုံရေးညီလာခံကိုကျင်းပပါတယ်။ တပြိုင်နက်ထဲမှာဘဲထိုင်ဝမ်မှာလည်းလုံခြုံရေးနဲ့ဒီမိုကရေစီညီညွတ်ရေးညီလာခံတရပ်ကိုကျင်းပပါတယ်။ မြောက်ကိုရီး ယားကတော့ သူ့ရဲ့ ညူကလီးယား လက်နက်စက်ရုံကိုလူသိရှင်ကြားထုတ်ပြလာပါတယ်။ ကိုဇော်မိုးကျော် ကစုစည်းတင်ပြထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စားကုန်နဲ့ လောင်စာဆီတွေ ရှားပါးပြတ်လပ်နေတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲကြုံနေတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာပြည်သားတွေ အကြောင်းအမျိုးမျိုးကြောင့် နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေထိုင်, အလုပ် လုပ်ကိုင်နေတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအကြောင်း သိထားသင့်တဲ့ အချက်အလက်တွေကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ ပြောပြထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမှာ ကျင်းပခဲ့တဲ့ မသန်စွမ်း အိုလံပစ်မှာ နိုင်ငံတကာက ဒုက္ခသည်တွေကလည်း အသင်းတခုအနေနဲ့ ဝင်ပြိုင်ခဲ့ကြပါတယ်။ မသန်ပေမဲ့ စွမ်းကြသူတွေက သူတို့ အခွင့်အရေးအကြောင်း အိုလံပစ်ပြိုင်ပွဲတွေမှာ ပြောခဲ့ကြပါတယ်။
စစ်ကောင်စီ အရပ်သားဒေသတွေကို လေကြောင်းကတိုက်ခိုက်မှုတွေ ကာကွယ်နိုင်ဖို့ အနည်းဆုံး Starlink လို အင်တာနက်ဆက်သွယ်ရေးကိရိယာတွေ ရှိထားဖို့လိုအပ်ပြီး ဒေသခံ ပြည်သူတွေကလည်း လေကြောင်းရန်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံက ရေထွက်ကုန်တွေကို ရုရှားနိုင်ငံကို တင်ပို့နိုင်ဖို့ နှစ်နိုင်ငံအစိုးရချင်း နားလည်မှု စာချွန်လွှာ MOU လက်မှတ် ရေးထိုးထားပေမဲ့ ဈေးညှိလို့မရဘဲ မတင်ပို့နိုင် ဖြစ်နေပါတယ်။ တပတ်အတွင်း သီးနှံဈေးနှုန်းအပါအဝင် လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံ နေရာဒေသအကျယ်ပြန့်ဆုံး အဆိုးဆုံး ရေဘေးနဲ့ ကြုံနေရ၊ ကန်အကူအညီ ပို့မယ်ပြောကြား၊ အရပ်သားနယ်မြေ ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုစည်သူ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ မြန်မာစပါးအုံးမြွေတွေကို ဘာကြောင့် နှစ်စဥ် သုတ်သင်ရှင်းလင်းနေတာပါလဲ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျောင်းဆရာ ဆရာမတွေအတွက် အစိုးရက ဘယ်လို အထူးအစီအစဥ်တွေနဲ့ ထောက်ပံ့ပေးထားပါလဲ။ သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ ကိုအောင်အောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။