ဥတုရာသီပြောင်းလဲမှုပြီးရင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေတဲ့နောက်ထပ်အကြောင်းအရာကတော့ ကျူးကျော်မျိုးစိတ်ပြဿနာပါ။ ဒါကြောင့်လည်း အစိုးရနဲ့ ဒေသအာဏာပိုင်တွေက ကျူးကျော်မျိုးစိတ်ခြေမှုန်းရေး ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုအပေါ် လူထုက ပိုပြီး နားလည်လာသလို၊ မကြုံစဖူး ထောက်ခံမှု ပိုရလာတယ်လို့ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှုး ခူး ဒယ်နီရယ်က ပြောပါတယ်။
နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုအပေါ် လူထုကမကြုံစဖူး ထောက်ခံမှုပိုရလာတဲ့အတွက် အခုတကြိမ်တော်လှန်ရေးဟာ ပြီးပြတ်မယ့်နောက်ဆုံးပွဲဖြစ်မယ်လို့ KNPP အတွင်းရေးမှုး ခူး ဒယ်နီရယ်ကပြောပါတယ်။ မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းမှု ဒုတိယပိုင်းတင်ဆက်လိုက်ပါတယ်။
ကလေးတွေကို တရားထိုင်ဖို့ လေ့ကျင့်ပေးတာဟာ စိတ်ကိုတည်ငြိမ်အောင် ထားတတ်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ပြီး စိတ်ကိုထိန်းချုပ်နိုင်တာဟာ လူကြီးဖြစ်လာတဲ့အခါ အကျိုးများစေတယ်လို့ တရားပြဆရာမက ပြောပါတယ်။ ကလေးတွေနဲ့အတူတူ တရားထိုင်တာနဲ့ပတ်သတ်တဲ့ အင်္ဂလိပ်စကားတွေကို မကြေးမုံ ပြောပြထားတာ ဒုတိယပိုင်းအဖြစ် လေ့လာနိုင်ပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ရေး ပြည်တွင်းပြည်ပ နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်ကြိုးပမ်းတာမှာ အမိမြေနဲ့ နှစ်ပေါင်း ၅၀ လောက်ဝေးကွာနေပြီး အမေရိကန်ပြည်ထောင်စုမှာ လက်ရှိနေထိုင်နေတဲ့ ပါမောက္ခမီမီ၀င်းဘတ်လည်း ပါ၀င်တာပါ။ နေရာပေါင်းစုံ အကြောင်းစုံအစီအစဉ်မှာ မညိုညိုလွင် တင်ဆက်ပေးထားပါတယ်။
အညာဒေသက အမျိုးသမီးငယ်လေး တယောက်က ဘွဲ့ကြိုကျောင်းသားတွေ ရဖို့ခက်ခဲတဲ့ ပညာတော်သင်ဆု အပြည့်ရပြီး နယ်သာလန်နိုင်ငံမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ တက္ကသိုလ်တက်နေပါတယ်။ နယ်သာလန်မှာ မြန်မာလူငယ်တွေအတွက် ဘယ်လိုပညာတော်သင်ဆု အခွင့်အလမ်းတွေရှိပါလဲ။ မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
အမေရိကန်တယောက်ဟာ ဖဲချပ်တွေနဲ့ ကမ္ဘာ့အမြင့်ဆုံး တိုက်အိမ်တလုံး ၈ နာရီအတွင်း ဆောက်ပြနိုင်တာနဲ့ ကျုးဘားဘောလုံးသမားဟာလည်း အချိန်အကြာဆုံး ဘောလုံးတော့ ထိန်းပြနိုင်လို့ အချိန်အကြာဆုံးထိန်းနိုင်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်တင်၊ ဒီလိုထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဆီအုန်းစိုက်ခင်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ ထိခိုက်ဒဏ်ရာရနိုင်တဲ့အန္တရာယ်ကြားမှာ အလုပ်လုပ်နေကြပေမယ့် ကျန်းမာရေးအစောင့်ရှောက် ဒါမှမဟုတ် လျော်ကြေးငွေနည်းငယ်သာရနေကြပါတယ်။ သူတို့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
တရုတ်မှာကျင်းပခဲ့တဲ့ တရုတ်အာဖရိကပူးပေါင်းဆောင်ရွက်ရေးထိပ်သီအစည်းအဝေးမှာအာဖရိကအတွက်တရုတ်ကဒေါ်လာ၅၁ဘီလီယံကတိပြုခဲ့ပါတယ်မကြာမီနှုတ်ထွက်တော့မယ့်ဂျပန်ဝန်ကြီးချုပ်ဖူမိအိုကီရှီဒါတောင်ကိုရီးယားသွားပါတယ်ထိုင်းမှာတော့ဝန်ကြီးချုပ်အသစ်ပေတုန်တန်ရှီနာဝပ်ကိုဘုရင်ကအတည်ပြုပေးလိုက်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
ကမ္ဘာမှာ အရွယ်ရောက်ပြီးသူ သန်း ၇၆၀ ကျော်ဟာ အခြေခံပညာအဆင့်တောင် စာသင်နိုင်ဖို့ အခြေအနေ မရှိကြဘူးလို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ဘယ်နိုင်ငံတွေမှာ ပညာတတ်မြောက်သူ နည်းပါးပြီး၊ ပညာတတ်သူ အများဆုံးရှိတာ ဘယ်နိုင်ငံတွေလဲဆိုတာ မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေနည်းတဲ့ အခြေအနေမှာ ငြိမ်းချမ်းရေးအတွက် ဘာလုပ်နိုင်ပါမလဲ။ ငြိမ်းချမ်းရေး လေ့လာမှု ဘာသာရပ်နဲ့ ပါရဂူဘွဲ့ရ ဒေါက်တာစိုးမြတ်နွယ်နဲ့ ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
ကချင်ပြည်နယ်ထဲမှာ စစ်တပ်လက်အောက်ခံ လီဆူပြည်သူ့စစ်အဖွဲ့က လူငယ်တွေကို စစ်သားအဖြစ်စုဆောင်းနေသလို စစ်သား စုဆောင်းရေးထဲပါသွားတဲ့ လူငယ်တွေ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့အကြောင်း Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။