စစ်ဖြစ်နေတဲ့ အစ္စရေး နဲ့ ဟားမက်စ်အကြား အပစ်ရပ်ဆဲရေးအတွက် စိတ်ဆန္ဒမရှိသလို အလေးအနက်လည်း မထားဘူးလို့ ပြောဆိုပြီး အပစ်ရပ်ရေး စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံဟာ ညှိနှိုင်းပေးနေတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
One Direction ဗြိတိသျှတေးဆိုဂီတအဖွဲ့ထဲက Liam Payne buenos aires မြို့တော် ဟိုတယ်ခန်း ကနေ ပြုတ်ကျသေဆုံးမှုနဲ့ ပတ်သက်ပြီး လူ ၃ ဦးကို တရားစွဲလိုက်ပါတယ်။ သူက သူ့သူငယ်ချင်းဂီတပွဲအတွက် သွားအားပေးရင်း အာဂျင်တီးနားမှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။ သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အစဉ်အဆက် ဘုရားဆင်းတုတော် ထုလုပ်သူတွေ အနေနဲ့ စစ်ပွဲကာလတွေ အတွင်း လက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေက စကျင်ကျောက် ကုန်ကြမ်းရဖို့ လိုအပ်လာတာကြောင့် အခုတော့ အခက်အခဲတွေ ရှိလာနေပါတယ်။ AFP သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
လားရှိုးကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီအပေါ် တရုတ်က ပေါ်ပေါ်တင်တင်ထောက်ခံလာပြီး ၂၀၂၅ ရွေးကောက်ပွဲကိုပါ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေမှာ တရုတ်ရဲ့ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကူမင်းမြို့ကို သွားရောက်ခဲ့ပါတယ်။
'စစ်ဆင်ရေး ၁၀၂၇' အလွန် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်း စစ်ပြေးဒုက္ခသည်အရေအတွက်နဲ့ အရပ်သားသေဆုံးမှုဦးရေ တိုးလာနေပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ်မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ဒီအကြောင်းအရာကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
ကမ္ဘာတဝန်းလုံးက အပင်မျိုးစိတ် ၃၀ ရာခိုင်နှုန်းကျော်မျိုးတုန်းပျောက်ကွယ်မယ့်ဘေးနဲ့ရင်ဆိုင်နေရပြီလို့ IUCN ကပြောပါတယ်။မျိုးတုန်းပျောက်ကွယ်နိုင်ခြေရှိနေတဲ့တိရိစ္ဆာန်မျိုးစိတ်အရေအတွက်ထက် အပင်မျိုးစိတ်တွေကနှစ်ဆမကပိုများတယ်လို့လည်း ဆိုထားပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်ကတင်ပြထားပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Donald Trump ဦးဆောင်မယ့် အမေရိကန်အစိုးရသစ်အနေနဲ့ မြန်မာစစ်ကောင်စီလို အာဏာရှင်တွေကို ပြတ်ပြတ်သားသား ဆက်ဆံသွားဖို့ ရှိတယ်လို့ အမေရိကန်-မြန်မာ နိုင်ငံရေးအကဲခတ် ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။
၂၀၂၄ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Donald Trump ဦးဆောင်မယ့် ကန်အစိုးရသစ်အနေနဲ့မြန်မာစစ်ကောင်စီလို အာဏာရှင်တွေကို ပြတ်ပြတ်သားသားဆက်ဆံသွားဖို့ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုကနိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ ဒေါက်တာထွန်းမြင့်ကသုံးသပ်ပါတယ်။မအင်ကြင်းနိုင်ကဆက်သွယ်မေးမြန်းထားပါတယ်။
မကြေးမုံက အမေရိကန်နေ့စဉ်ပြောအင်္ဂလိပ်စာမှာ အသုံးများတဲ့ စကားစုတွေ ဝါကျအတိုလေးတွေ ပြောပြထားပါတယ်။ အစားအသောက်နဲ့ပတ်သက်တဲ့ အင်္ဂလိပ်အသုံးအနှုန်းကိုသုံးပြီး နေ့စဉ်စကားမှာဘယ်လိုထည့်ပြောကြတာလဲဆိုတာ ဥပမာတွေနဲ့ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။ အမေရိကန်အင်္ဂလိပ်စကားနဲ့သူအမေရိကန်သံနဲ့ ပြောပြထားတာလေ့လာကြည့်ပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန် အဘက်ဘက်က နေထိုင်ရပ်တည်ဖို့ ခက်ခဲလွန်းတာမို့ စစ်ထဲ၊ ရဲထဲ ဝင်ကြတာတွေ အများအပြားရှိပါတယ်။ ဒီလို ဘဝရပ်တည်ရေးအဆင်ပြေစေဖို့ မျှော်လင့်ချက်နဲ့ ရဲတပ်ဖွဲ့ကို ဝင်ခဲ့သူတယောက်ရဲ့ အတွေ့အကြုံကို နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်မှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
နိုင်ငံတကာမှာ ပညာသင်ယူဖို့ တနေ့တခြား အခက်အခဲမျိုးစုံ ကြုံနေရတဲ့ မြန်မာလူငယ်တွေအတွက် အမေရိကန်အစိုးရက စီစဉ်တဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစီအစဉ်က အခွင့်အလမ်းကောင်း တရပ် ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ရွေးချယ်ခံရဖို့ ပြင်ဆင်သင့်တာတွေနဲ့ ပတ်သက်ပြီး GenZ အစီအစဉ်မှာ မခင်လေး တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံက မြို့လေးတမြို့မှာ နှစ်စဉ်ကျင်းပမြဲ မီးတောက်ကတ္တရာ ထမ်းပြေးပွဲ ကျင်းပ၊ ဂျပန်သုတေသီတွေ တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုလ်တု သေးသေးလေးကို SpaceX အစီအစဉ်နဲ့ အာကာသထဲ လွှတ်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။