အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
စပိန်နိုင်ငံက ကမ္ဘာကျော်တင်းနစ်ကစားသမား ရာဖဲလ်နဒါးလ် တင်းနစ်ကစားတာကနေ အနားယူတော့မယ်လို့ ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ဒီနှစ်ကျင်းပမယ့် Davis ဖလား တင်းနစ်ပြိုင်ပွဲအပြီးမှာ တင်းနစ်ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၁၀၊ ၂၀၂၄ - ရေကြီးပြီး ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ရေးအတွက် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ဘာတွေရှိပါလဲ။
၁၈ နှစ်အရွယ် နီပေါ တောင်တက်သမား Nima Rinji Sherpa ဟာ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံး ထိပ်ကိုရောက်ခဲ့တဲ့ကမ္ဘာ့အသက်ငယ်ဆုံး တောင်တက်သမား ဖြစ်သွားပါပြီ။ အောက်တိုဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ၅ နစ်မှာနောက်ဆုံးတောင်ထိပ်ကို ရောက်ရှိခဲ့တာပါ။ AFP သတင်းဆောင်းပါးကို ဦးတင်မောင်သန်းကတင်ပြပေးထားပါတယ်။
အမေရိကန် အရှေ့တောင်ပိုင်းက ဖလော်ရီဒါ ပြည်နယ်ထဲကို အားပြင်း ဟာရီကိန်း Milton ဗုဒ္ဓဟူးနေ့ညကတည်းက ဝင်ရောက်တိုက်ခတ်နေပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ သတင်းမှားတွေ ဖြန်ဝေနေတာတွေ မလုပ်ဖို့ အမေရိကန် အစိုးရက သတိပေးနေပါတယ်။ မုန်တိုင်းရဲ့နောက်ဆုံးအခြေအနေ ဦးသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးဖို့ အာဆီယံ ခေါင်းဆောင်တွေက ထိပ်သီးဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ကြပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်နေတဲ့ လာအိုနိုင်ငံ ဗီယင်ကျန်းကနေ မအင်ကြင်းနိုင် တိုက်ရိုက်သတင်းပေးပို့ထားပါတယ်။
စစ်ပွဲအတွင်း စိတ်ဒဏ်ရာရဖွယ်ရာ အဖြစ်တွေနဲ့ ကြုံခဲ့ရတဲ့ ဆယ်ကျော်သက် ယူကရိန်းလူငယ်တွေအတွက် အထူးနွေရာသီကျောင်းကို မနှစ်ကလိုပဲ ဒီနှစ်မှာလည်း ယူကရိန်းနိုင်ငံ၊ Carpathian တောင်တွေပေါ်မှာ ဖွင့်ထားပါတယ်။
တရုတ်ပရိယာယ် အစဥ်အလာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ပြည်နယ်အချင်းချင်း စစ်တိုက်တဲ့ခေတ်က ပေါက်ဖွားလာခဲ့တဲ့ တရုတ်ပြည်မှာ စစ်မှုရေးရာအစဥ်အလာကြီးမားပါတယ်။ သမိုင်းအစဥ်အလာ အတွေးအခေါ်အယူအဆတွေဟာ မျက်မှောက်ခေတ်မှာ တနည်းမဟုတ်တနည်းနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပုံကို ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
၃ ရက်တာ ကျင်းပတဲ့ ဟောင်ကောင်-တရုတ် နိုင်ငံတကာ ဆေးမှင်ကြောင်ပြပွဲမှာ ခန္ဓာကိုယ်ပေါ်က အနုပညာလက်ရာတွေကို ပြသဖို့ တက်တူးဝါသနာရှင်တွေ ဟောင်ကောင်မှာ စုဝေးခဲ့ကြပါတယ်။ တရုတ်စာလုံးပုံနဲ့ အိမ်မွေးတိရစ္ဆာန်ပုံတွေဟာ ဒီပွဲမှာ ခေတ်စားတဲ့ဒီဇိုင်းတွေပါ။ AP သတင်းဆောင်းပါးကို ကိုဝင်းခန့်မောင်ပြောပြပေးထားပါတယ်။
တရုတ်လျှပ်စစ်ကားတွေဟာ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုတွေ မတရား ရနေတယ်လို့ ပြောဆိုပြီး ဒီလျှပ်စစ်ကားတွေ အပေါ် သွင်းကုန် အခွန် တိုးမြှင့်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဥရောပသမဂ္ဂ အီးယူက မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်ကဒါကို လက်တုံ့ပြန်မှာကိုလည်း အီးယူက ပြင်ဆင်ထားပါတယ်။
အမေရိကန် အရှေ့တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Helene ဟာရီကိန်းမုန်တိုင်းကြောင့် ဖလော်ရီဒါ ပြည်နယ်က ကမ်းရိုးတန်းမြို့ငယ်လေးဟာလဲ မုန်တိုင်းဒဏ်သင့်ခဲ့ရပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေ ကုန်းတွင်းပိုင်းဝင်ရောက်တဲ့ လမ်းကြောင်းမှာရှိပြီး အခုလည်း နောက်ထပ်မုန်တိုင်းကြီးတခု သူတို့ဆီ ဦးတည်လာနေပြန်ပါပြီ။
မြန်မာပြည်တွင်းစစ်ပဋိပက္ခတွေဟာ ကြာရှာလာတာနှင့်အမျှ တိုးပွါးလာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီများစွာလိုအပ်ချက်တွေရှိနေပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာပြည်အလယ်ပိုင်း နှင့် ကရင်နီပြည်နယ်တို့မှာ သဘာဝဘေးအန္တရာယ် ရေကြီးမှုဒဏ်ကို အလူးအလဲခံစားခဲ့ကြရပါတယ်၊ အဲဒီအထဲမှာ စစ်ဘေးရှောင်တွေလည်းအများကြီးပါဝင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။