အမေရိကန်နဲ့ မဟာမိတ်တွေ အထီးကျန် ဖြစ်စေချင်နေတဲ့ ရုရှားနိုင်ငံမှာ အောက်တိုဘာလကုန်ပိုင်းက ကျင်းပခဲ့တဲ့ BRICS ထိပ်သီးစည်းဝေးပွဲက ဘာတွေထူးခြားမှုရှိခဲ့ပါလဲ။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါသလဲ။
နိုဝင်ဘာ ၅ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လူသိနည်းတဲ့ Green Party က သမ္မတလောင်း Jill Stein လည်း ပါဝင်ယှဉ်ပြိုင်ပါလိမ့်မယ်။ မဲဆန္ဒရှင်တွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ထောက်ခံမှု ရမယ်လို့ လူထုစစ်တမ်းတွေမှာ ဖေါ်ပြပေမဲ့ သူရမယ့် ထောက်ခံမဲက ရွေးကောက်ပွဲ တခုလုံးရဲ့ ရလဒ်အတွက် အရေးပါနိုင်ပါတယ်။
နေသာတဲ့နေ့ တေးရုပ်ရှင် ဖန်တီးထုတ်လုပ်ဖို့ ကာလအတော်ကြာ အချက်အလက်တွေ စုဆောင်းပြီး မြန်မာပြည်အရေးအတွက် အနုပညာနဲ့ အထောက်အကူပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့လည်း တေးရုပ်ရှင် ဖန်တီးသူ ဒါရိုက်တာ မင်းသက်ဝင်းက ပြောပါတယ်။ ကိုအောင်အောင် ရိုက်ကူးတင်ပြထားပါတယ်။
မြန်မာလယ်သမားတွေဟာ တဆက်တစပ်တည်းရှိကြတဲ့ကွင်းတခုလုံးက လယ်မြေတွေပေါ် စပါးအမျိုးအစားကောင်းတခုတည်းကို ညှိနှိုင်း စိုက်ပျိုးကြရမယ့်အစား မျိုးမတူတာတွေကို စိုက်ပျိုးကြတဲ့အတွက် စပါးပင်တွေ ဝတ်မှုန်ကူးပြီး မူရင်းမျိုးတွေပျောက်၊ မျိုးကွဲတွေ ပေါ်ထွက်လာပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက အမေရိကန်နိုင်ငံသား ၃.၅ သန်းနီးပါး အသစ်တိုးလာကြောင်း National Partnership for New Americans အဖွဲ့က ဆိုပါတယ်။ ဒီအုပ်စုက လာမယ့်ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ဟု ကျွမ်းကျင်သူများပြောပါတယ်။ Aline Barros သတင်းကို ကိုငြိမ်းချမ်းတင်ပြပေးမှာပါ။
ပြည်ပမှာ ပညာသင်နိုင်ဖို့ ကြိုးစားတဲ့ မြန်မာလူငယ်တွေများနေချိန် အိမ်နီးချင်းထိုင်းနိုင်ငံမှာ သင်ယူဖို့သင့်တော်တဲ့ ဘာသာရပ်တခုက ခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့ ဘာသာရပ်ဖြစ်တယ်လို့ NIDA အမျိုးသားတက္ကသိုလ်မှာ ခရီးသွားဘာသာရပ် ဘွဲ့လွန်တက်နေတဲ့ ကိုအံ့ဩအောင်က ပြောပါတယ်။ မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ ကျင်းပမယ့် ရွေးကာက်ပွဲမှာ သမ္မတနဲ့ ဒုသမ္မတွေကိုတင် မဟုတ်ဘဲ လွှတ်တော်အမတ်တွေကိုလည်း အမေရိကန်ပြည်သူတွေ ရွေးကောက်တင်မြှောက်ကြမှာပါ။ လွှတ်တော်တွေကို ထိန်းချုပ်နိုင်တဲ့ ပါတီက သမ္မတသစ်ရဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ရေး အောင်မြင်ဖို့အတွက် အဓိကကျပါလိမ့်မယ်။
ကချင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို တရုတ်နိုင်ငံက ပိတ်လိုက်တဲ့အတွက် မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ ရပ်နားသွားပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ်မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ဒီအကြောင်းအရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီလပိုင်းတွေအတွင်း ရေကြီး၊ ရေလျှံမှုတွေကြောင့် လူတွေရာနဲ့ချီသေဆုံးကာ၊ နေအိမ်အဆောက်အဦနဲ့ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက် ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် ဆန်စပါးအထွက်လျော့ကျပြီး စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နိုင်တဲ့အကြောင်းကို ဆောင်းပါးရှင်ပြည်သွေးနိုင် တင်ပြထားပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီကနေ စပိန်ကို အလည်ရောက်နေပြန်ပါတယ်။ သူက စပိန်နိုင်ငံ မာဘဲယာ မြို့ဟောင်းကို သွားလည်ခဲ့ပါတယ်။ နှစ် ၃၀၀ ကျော် တည်ရှိနှင့်နေပြီးသားဖြစ်တဲ့ ဥရောပရဲ့ ဆောင်းခိုမြို့ကလေး မာဘဲယာမြို့ကို နော်သဇင်နဲ့ တူတူ သွားကြည့်ကြရအောင်ပါ။
အမေရိကန်ပြည်နယ် ၅၀ အနက် ၇ ခုကသာ ၂၀၂၄ သမ္မတရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ရီပါဘလစ်ကန်အခြေစိုက်ရာ အရီဇိုးနားပြည်နယ်မှာ ၂၀၂၀ က ဘိုင်ဒန်အနိုင်ရခဲ့ပြီး ယခုနှစ်လည်း အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ပြည်နယ်ဖြစ်နေပါတယ်။ VOA မှ မအေးသန္တာကျော် တင်ပြထားပါတယ်။
ရေခဲလွှာရေခဲမြစ်တွေရှိရာ Patagonia ဒေသနဲ့ တောင်ဝင်ရိုးစွန်းကြားမှာရှိတဲ့ Ushuaia မြို့ကလေး ကြမ်းတမ်းလှတဲ့ရာသီဥတုဟာ ကမ္ဘာ့ပူနွေးမှုဂယက်ကြောင့်ပိုလို့တောင်ခန့်မှန်းရခက်ပြီး ဂေဟဗေဒစနစ်တွေလည်း ထိခိုက်လာနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်အတွက် နန်းလောင်ဝ်က သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။