ဒီလို လက်နက်သစ်တွေ သုံးဖို့ခွင့်ပြုတာဟာ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုအကျိုးဆက်တွေ ရှိလာနိင်သလဲ ဆိုတာကို မမြသဇင်အောင်က အယ်ဒီတာဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ စက်တင်ဘာက တိုက်သွားတဲ့ ဟာရီကိန်းမုန်တိုင်းဒဏ်ကို ခံနိုင်ခဲ့တဲ့ ထင်းရှူးကြီးက ၂၀၂၄ အိမ်ဖြူတော်ရဲ့ ခရစ္စမတ်သစ်ပင် အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့ကပဲ ရောက်လာခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ Donald Trump နိုင်သွားတဲ့အတွက် နေတိုးမဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်နဲ့ ခက်ခဲကြမ်းတမ်းမယ့် ဆက်ဆံရေး ရှိလာမယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။ ဒီအကြောင်း Henry Ridgwell သတင်းပေးပို့ထားတာကိုငြိမ်းချမ်းတင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကြား စိုက်ပျိုးရေးကို ဇောက်ချပြီး ဧကကျယ်ကြီးတွေနဲ့ စီးပွားဖြစ်လုပ်ကိုင်ကြသူတွေက အင်မတန်နည်းပါးနေသေးပေမယ့် မိမိအိမ်ခြံဝန်းထဲမှာ တပိုင်တနိုင် စိုက်ပျိုးရောင်းချနေကြသူတွေက အတော်ကို များပြားပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။
ဆင်တူရိုးမှား အင်္ဂလိပ်စာ စကားစုအတွဲတွေကို လေ့လာနိုင်ဖို့ တင်ပြထားပါတယ်။
တောင်အမေရိကမှာ အကြီးဆုံးဆေးခြောက်ပွဲတော်ကို အာဂျင်တီးနား၊ Buenos Aires မြို့တော်မှာ ကျင်းပခဲ့တာမှာ ဆေးခြောက်အပြင် Magic Mushrooms, နောက် ဥပဒေရေးရာဆွေးနွေးခန်းတွေနဲ့ စိတ်ပိုင်းရုပ်ပိုင်း အဆက်အစပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုတွေလည်း ပါဝင်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာညီလာခံ COP29 ကိုတက်ရောက်လာကြတဲ့လူငယ်တွေက ဥတုရာသီဥတု ဖေါက်ပြန်မှုတိုက်ဖျက်ရေးမအောင်မြင်တဲ့အတွက် စိတ်ပျက်နေကြပါတယ်။ အနာဂတ်ကို ပုံဖော်မယ့် မူဝါဒတွေချမှတ်တဲ့နေရာမှာ လူငယ်တွေပိုမိုပါဝင်ခွင့်ရဖို့လည်း လိုလားနေကြပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အာရှပစ္စဖိတ်ဒေသတွင်းတင်းမာမှုတွေရှိနေချိန် တရုတ်၊ဂျပန်၊အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေASEANအစည်းအဝေးတက်ရောက်ခဲ့ပါတယ်။ဗီယက်နမ်နဲ့မလေးရှားဆက်ဆံရေးတိုးမြှင့်လိုက်ပါတယ်။မြန်မာပြည်မြောက်ပိုင်းကအွန်လိုင်းငွေလိမ်ဗဟိုချက်မကိုရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီလို့ တရုတ်အစိုးရကကြေငြာပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
ပေါ်တူဂီနိုင်ငံ Lisbon မြို့ မှာ ကျင်းပတဲ့ ပေါ်တူဂီဝက်ဘ် summit နည်းပညာဆိုင်ရာဆွေးနွေးပွဲမှာ မိတ်ဆက်ပြသထားတဲ့ နောက်ဆုံးပေါ် နည်းပညာတွေထဲ…. သူငယ်ချင်းလို စကားစမြည်ပြောဖော်ရမယ့် AI ဉာဏ်ရည်တု စက်ရုပ်လေးလဲ ပါပါတယ်။ ဒီအကြောင်း အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
တရုတ်အပါအဝင် အခြားနိုင်ငံတွေရဲ့ အမေရိကန်ဆီ သွင်းကုန်တွေအပေါ် အကြီးအကျယ် အခွန်တိုးကောက်မယ်ဆိုတဲ့ အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ပြောဆိုချက်က ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲ။ VOA သတင်းထောက် Bill Gallo ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးပါမယ်။
တရုတ်နဲ့ မြန်မာပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတွေဖွဲ့ဖို့ စာချွန်လွှာ လက်မှတ်ရေးထိုးရေးလုပ်ငန်းကော်မတီကို အောက်တိုဘာ ၂၂ ရက်နေ့က ဖွဲ့စည်းထားတဲ့အကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆောင်းပါးရှင် ပြည်သွေးနိုင်က ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆွေးနွေးတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။