ရခိုင်ပြည်နယ်က ပြင်ထန်းတဲ့စစ်ပွဲတွေဟာ အနောက်ရိုးမကိုကျော်ပြီး အဓိက မြေလတ်ဒေသကို ဆင်းလာဖို့များတဲ့အတွက် မကွေးတိုင်း နဲ့ ပဲခူးတိုင်းအနောက်ပိုင်းက စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ဒီနှစ် ၂၀၂၅မှာ အဆိုးဆုံး အခြေနေကို ကြုံတွေ့ရနိုင်တယ်လို့ တောင်သူလယ်သမားတွေက ခန့်မှန်းနေကြပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းပြည်နယ်တွေမှာ မြင်းဆွဲ နှင်းလျှောစီး အားကစားနည်းတမျိုး အင်မတန်ရေပန်းစားပါတယ်။ မြင်းစီးသူရဲ့နောက်ကနေ နှင်းလျှောစီးသူက အခက်အခဲမျိုးစုံကျော်လွှားပြီး နှင်းလျှောစီးပြိုင်ရတဲ့ Skijoring ဆိုတဲ့ အားကစာနည်းတမျိုးကို မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ လေ့လာရအောင်ပါ။
တိုက်ပွဲတွေနဲ့ မအေးချမ်းတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း သိပ္ပံနဲ့ နည်းပညာရပ် ဆိုင်ရာ အခြေနေဘယ်လို ရှိပါသလဲ။ ဂျပန်အဏ္ဏဝါသိပ္ပံနဲ့ နည်းပညာဌာန JAMSTEC က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
နှစ်ပေါင်းအတော်ကြာနားထားတဲ့ Oasis အဖွဲ့ဖျော်ဖြေပွဲ ပြန်စတင်မယ်ဆိုတဲ့ သတင်းကြောင့် လက်မှတ်ဝိုင်းဝယ်ကြရာကနေ ပြဿနာတွေ တော်တော်တက်သွားခဲ့တာ အပါအဝင် ၂၀၂၄ အနောက်တိုင်းဂီတလောက က သတင်းတချို့ကို ပြောပြသွားပါမယ်။ သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ပျော်ရွှင်ခြင်းကို ငွေပေးဝယ်လို့ မရဘူးဆိုတာ တကယ်မှန်ပါသလား။ စိတ်ချမ်းသာ ပျော်ရွှင်အောင် ဘာတွေလုပ်နိုင်ပါသလဲ။ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ အထူးအစီအစဉ်အဖြစ် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲက အဓိက နယ်စပ် ကုန်သွယ်ရေး မြို့ မောင်တောကို အာရက္ခ တပ်တော် AA က သိမ်းယူပြီးနောက် နယ်စပ် ကုန်သွယ်ရေး ပြန်လည် သက်ဝင်လာပါတယ်။
၂၀၂၄ ခုနှစ် အာရှစီးပွားရေးဟာ အရမ်းကြီး အားရစရာ မကောင်းပေမဲ့ ၊ ကိုဗစ်ကာလနောက်ပိုင်း ပြန်လည်နလန်ထူနိုင်ဖို့ ကြိုးစားလာတာကိုတွေ့ရပါတယ်။ နိုင်ငံတွေအချင်းချင်းကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
တောင်အာဖရိကနိုင်ငံက လုပ်ကွက်ငယ် ပြောင်းဖူးစိုက်တောင်သူငယ်လေးတွေဟာ ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပြည်တွင်းမှာ ရေးဆွဲထားတဲ့ ဒီဂျစ်တယ် နည်းပညာတွေကို အသုံးပြုနိုင်ကြပါပြီ။ အရင်ကဆိုရင် ဒီလိုနည်းပညာတွေကို ဧကအများကြီး စီးပွားဖြစ် စိုက်ပျိုးကြတဲ့ တောင်သူကြီးတွေလောက်သာ ပုံမှန်အသုံးပြုနိုင်ကြပါတယ်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ အသက် ၁၀၀ မှာ ကွယ်လွန်သွားပါပြီ။ သမ္မတ သက်တမ်းအပြီးမှာ ကမ္ဘာ့ကျန်းမာရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမြှင့်တင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတကာတာအကြောင်း Kane Farabaugh က တင်ပြထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကရင်တိုင်းရင်းသားများရဲ့ ရိုးရာနှစ်သစ်ကူးနေ့ကို ကျင်းပနေကြတာပါ။ ကရင်ပြည်နယ် ဘားအံမြို့တော်မှာ ရိုးရာအစဉ်အလာအတိုင်း အခမ်းအနားကျင်းပတာမှာ လာမယ့်နှစ်အတွက် သီးနှံအထွက်တိုးပွားကောင်းမွန်စေဖို့ အကအခုန်၊ တေးသီချင်းနဲ့ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်ထဲ မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်တွေက ၂၀၂၅ မှာ နိုင်ငံရေးအပြောင်းအလဲ၊နိုင်ငံရေး အချိုးအကွေ့တစ်ခု ဖြစ်ပေါ်လာနိုင်သလားဆိုတာကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဒီတပတ် ISP-Myanmarရဲ့ မြင်ကွင်းကျယ်မှတ်စုမှာ ပိုင်းခြားဖော်ပြထားပါတယ်။ အမျိုးသမီးတွေဟာ အလုပ်လက်မဲ့ဖြစ်ရတာ၊၊ ဘဝရှေ့ရေး မရေရာတာ၊ လုံခြုံမှုမရှိလို့ နေရပ်စွန့်ခွာရတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။