ငှက်ပျောသီး တလုံးကို နံရံမှာ တိတ်နဲ့ ကပ်ပြီး လေလံတင်ရောင်းချတာ အမေရိကန်ဒေါ်လာ ၆ သန်းကျော် ရရှိ၊ အီဂျစ်က အမျိုးသားကတော့ မိုင်ပေါင်း ၃၀,၀၀၀ နီးပါး အဝေးက ဂျပန်နိုင်ငံကို ကုန်းတတန်၊ ရေတတန် လူကြုံလိုက်ပြီး အရောက်သွား၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
စစ်ပွဲပဋိပက္ခတွေကြောင့် အိုးအိမ်ပစ် ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ အဟာရပြည့်အောင် စားသောက်နိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေကို Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
အသက်ဆုံးရှုံးမှုတွေ၊ သေရာပါ ဒဏ်ရာတွေရစေနိုင်တဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ လက်နက်တွေရဲ့ အန္တရာယ်ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ကြီးမားနေဆဲ ဖြစ်ပါတယ်။ ဒီအန္တရာယ်တွေအကြောင်း သတင်းတွေထဲက သုတအစီအစဉ်မှာ မညိုညိုလွင်က တင်ပြထားပါတယ်။
ဆူဒန်နိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်း ချဒ်နိုင်ငံမှာ ခိုလှုံနေကြရတဲ့ အမျိုးသမီးတွေ လိင်အမြတ်ထုတ်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးဒုက္ခသည်တွေရော လုံခြုံမှု ရှိပါရဲ့လား။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေဝေနု ကို ဦးတင်မောင်သန်း က မေးမြန်းထားပါတယ်။
မြန်မာ့အရေး တရုတ်က တဘက်သတ် လွှမ်းမိုးနေတာကို လျှော့ချနိုင်ဖို့ အိန္ဒိယကလည်း ထိတွေ့ဆက်ဆံမှု ပိုတိုးလုပ်လာတယ်လို့ ဒေသတွင်းဆက်ဆံရေး စောင့်ကြည့်နေတဲ့ စင်္ကာပူအမျိုးသား တက္ကသိုလ် ပါရဂူဘွဲ့ ကျမ်းပြုသုတေသီ Angshuman Choudhury က သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
တရုတ်၊ မြန်မာနယ်စပ်က ကုန်သွယ်ရေးဂိတ်တွေကို ပိတ်လိုက်လို့ တရုတ်အာလူးစျေး အဆမတန်မြင့်တက်လာတဲ့အပြင် ကုန်ပစ္စည်းပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒီသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျက ဘယ်လိုရှိပါသလဲ။ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
တရုတ်၊ မြန်မာ နယ်စပ် ကန်ပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းထား၊ တရုတ်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတဲ့ ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဆေးလာကုနေတာလို့ တရုတ်ပြောကြား၊ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းနဲ့ မနီးစပ်ခဲ့ပေမဲ့လည်း မြေဧက ရာချီဝယ်ပြီးနောက် မြန်မာတွေ ကြိုက်နှစ်သက်စွာ စားသုံးကြတဲ့ ချဥ်ပေါင်ပင်အပါအဝင် တခြားဟင်းသီးဟင်းရွက်မျိုးစုံ စတင်စိုက်ပျိုးနေပြီလို့ Yoe စိုက်ပျိုးရေးခြံ ပိုင်ရှင် Steven Yoe က ပြောပါတယ်။
စက်နဲ့ လူသား ဆက်သွယ် ပြောကြားလို့ရတဲ့ AI မော်ဒယ်တခု ဖြစ်တဲ့ ChatGPT ဆိုတာ ဘာလဲ၊ သူ့ကို ဘယ်လိုတည်ဆောက်ထားတယ် ဆိုတာကို NECTEC ထိုင်းအမျိုးသား အီလက်ထရောနစ်နဲ့ ကွန်ပြူတာနည်းပညာဌာနက AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခ ဒေသတွေမှာ သွားရောက် သတင်းယူရတာဟာ အန္တရာယ်များပေမဲ့လို့ ဒေသခံပြည်သူတွေ ကြုံနေရတဲ့ ပကတိ အခြေအနေတွေကို အခက်အခဲတွေ ကြားကပဲ တင်ပြခွင့် ရခဲ့ပါတယ်လို့ တိုက်ပွဲတွေရှိနေတဲ့ ကရင်နီဒေသကို သိပ်မကြာခင်ကပဲ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က ပြောပါတယ်။
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က နာမည်ကျော် ရေကျော်ပွဲဈေးမြင်ကွင်းဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကမ္ဘာ့ကူးစက်ကပ်ကြီး ဖြစ်ပွားတဲ့ ၂၀၂၀ ကစလို့ နောက် စစ်အာဏာသိမ်းကာလတလျှောက် ၄ နှစ်တိုင်မကျင်းပခဲ့ပဲ အခု ၂၀၂၄ မှာမှ ပြန်ကျင်းပတာပါ။
သမ္မတဟောင်း Donald Trump ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ပြစ်မှု ၃၄ မှုကို ကျုးလွန်ခဲ့တဲ့အကြောင်း နယူးယောက် တရားရုံးက ပြီးခဲ့တဲ့ မေလက ဆုံးဖြတ်ခဲ့ပါတယ်။ အခု သူရွေးကောက်ခံသမ္မတ ဖြစ်လာတဲ့အတွက် ဒီအမှုတွေနဲ့ ပတ်သက်လို့ ရှေ့ ဆက်ဘယ်လို အရေးယူနိုင်ချေရှိပါလဲ။ ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။