တာလီဘန်တွေလက်အောက်ရောက်နေတဲ့ အာဖဂန် နစ္စတန်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် ဟာ ကမ္ဘာ့ အနည်းဆုံးအခြေအနေကိုရောက်နေပေမဲ့လည်း သတင်းသမားမျိုးဆက်သစ်တွေ အနေနဲ့ ဒီအတတ် ပညာကိုသင်ယူဖို့စိတ်ဝင်စားနေဆဲပါ။ တက္ကသိုလ်တက်ဖို့ ပိတ်ပင်ခံထားရတဲ့ အမျိုးသမီးတွေကလည်း ဒီပညာကို သင်ယူဖို့ နည်းလမ်းအမျိုးမျိုး နဲ့ ကြိုးစားနေဆဲပါ။
အမေရိကန်ပြည်ထောင်စုမှာ ဥပဒေတွေ ချမှတ်ကျင့်သုံးတဲ့အခါ ဘာသာရေးကို အခြေခံ ပြဋ္ဌာန်းရမယ်လို့ ယုံကြည်တဲ့ မဲဆန္ဒရှင်တွေ အခိုင်အမာ ရှိပါတယ်။ သူတို့ အမြင် အယူအဆတွေဟာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီ လစ်ဘရယ် ပြောင်းလဲရေးအမြင်ရှိသူတွေနဲ့ ကွန်ဆာဗေးတစ် သမရိုးကျအမြင်ရှိသူတွေကြား ကွဲလွဲနေပါတယ်။
ယူကရိန်းနိုင်ငံ Kharkiv မြို့နဲ့ မိုင် တရာကျော်ဝေးတဲ့ Sulyhivka ရွာဟာ ၂၀၂၂ ရုရှားရဲ့ ကျူးကျော်စစ်အတွင်း တအိမ်မှ မကျန်အောင် ပျက်စီးသွားခဲ့ပါတယ်။ ရွာလုံးကျွတ် ထွက်ပြေးသွားခဲ့ပြီးနောက် Kaliberda က အခုတော့ ရွာကို ပြန်လာပြီး ဘဝကို ပြန်လည်တည်ဆောက်နေပါတယ်။
မြန်မာနိုင်ငံ အညာဒေသ ရဲ့ဌာနေမျိုးရင်း အရိပ်ရ အလေ့ကျအပင်ကြီးမျိုးဖြစ်တဲ့ ထနောင်းပင်တွေကို အခုအခါမှာ ပင်စည်အခေါက်တွေကို ခွာယူရောင်းချတာတွေရှိနေတဲ့အတွက် သင်းသပ်သလိုဖြစ်ပြီး အပင်တွေ သေဆုံးမျိုးတုံးကုန်မှာကို စိုးရိမ်နေကြရပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက ဒီတပတ် မြေကြီးသြဇာအစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံက နာမည်အကြီးဆုံးဖြစ်တဲ့ Octoberfest ပွဲတော်ကို သွားခဲ့ပါတယ်။ ဘီယာပွဲတော်လို့ နာမည်ကြီးတဲ့ နိုင်ငံ့ပွဲတော်မှာ ဘီယာတွေအပြင် ဘာတွေရှိသလဲဆိုတာကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
စစ်ပွဲတွေ အပြီးသတ် မရပ်သေးတဲ့ ကရင်နီဒေသထဲမှာ လုံခြုံရေး အဓိကဦးစားပေးပြီး လူငယ်တွေ ပညာသင်နေကြရပါတယ်။ ကရင်နီဒေသက ဒီပလိုမာဘွဲ့ပေးတဲ့ ကရင်နီလူမှုသိပ္ပံကောလိပ်ကျောင်းအကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ဟက်ဇဘိုလာတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာပဲ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့တပ်တွေကို စစ်ဖြစ်နေတဲ့ လက်ဘနွန်ဒေသတွေက ထွက်ခွာဖို့ အစ္စရေးဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
အောက်တိုဘာအထိတ်တလန့်ဆိုတာ ဘာလဲ။ ရွေးကောက်ပွဲမကျင်းပခင်အချိန်တွေမှာ ထင်မထားတာတွေ ဖြစ်လာတတ်တယ်ဆိုပေမဲ့ အထူးသဖြင့် အမေရိကန်ရွေးကောက်ပွဲမကျင်းပခင် တလအလို အောက်တိုဘာလ မှာ အထိတ်တလန့် ဖြစ်စရာတွေကို October Surprise လို့ ခေါ်ပါတယ်။ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ကာရေဘီယံပင်လယ်ကွေ့ထဲက ကိုလံဘီယာနိုင်ငံပိုင် ကျွန်းအချို့မှာ ပင်လယ်ရေမြင့်တက်လာတဲ့အတွက် လူမှုဘဝကို ခြိမ်းခြောက်လာတဲ့ ဒီကိစ္စမှုကို ဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတဲ့အကြောင်း Santa Cruz del Islote ကျွန်းကို သွားရောက်လေ့လာခဲ့တဲ့ Austin Landis ကသတင်းပေးပို့ထားပါတယ်။ နန်းလောင်ဝ်က ဆက်ပြောပြမှာပါ။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဟာ ခေတ်အဆက်ဆက်မှာ ညှိနှိုင်းရ အခက်ဆုံးကိစ္စ ဖြစ်ပါတယ်။ ဒီအရေးအတွက် အတိတ်မှာ ဘာတွေက အဟန့်အတားဖြစ်စေခဲ့သလဲ၊ အနာဂတ်မှာ ဘယ်လိုအကြောင်းအချက်တွေ ထည့်စဉ်းစားသင့်လဲဆိုတာဆိုတာကို ISP-Myanmar က ဒီတပတ်မှာ အပိုင်း-၁ ကို တင်ပြပါမယ်။
ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပြည်တွင်း၊ ပြည်ပက သဘောထားတွေ ဘယ်လိုရှိသလဲဆိုတာကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်က တင်ပြထားပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် ဆုံးဖြတ်မယ့် နေရာ မှာ ဝစ်ကွန်ဆင်ပြည်နယ်က ခရိုင်တခုဟာ အလွန် အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မဲဆန္ဒရှင်တွေကို ကိုယ့်ဘက် ပါလာအောင် ဆွဲဆောင်တာတွေကလည်း ပြင်းထန်လာတဲ့အကြောင်း ကိုငြိမ်းချမ်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။