မဇ္ဈိမသတင်းဌာနလို လွတ်လပ်တဲ့ မီဒီယာတခုရဲ့ ရုန်းကန်ခဲ့ပုံကို မှတ်တမ်းတင်ခြင်းဟာ မြန်မာနိုင်ငံက လွတ်လပ်တဲ့ ကျန်တဲ့မီဒီယာတွေကို မှတ်တမ်းတင်ရာရောက်တယ်လို့ မဇ္ဈိမသတင်းဌာနကို ပူးတွဲတည်ထောင်သူ ဦးစိုးမြင့်က ပြောပါတယ်။ ဒီစာအုပ်သစ်ဖွင့်ပွဲ အခမ်းအနားမှာ သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်အသင်းက ပရိသတ် ၁ သိန်းဆန့်တဲ့ ဘောလုံးကွင်းအသစ်ကြီးကို တည်ဆောက်သွားမယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတထရမ့် အဆိုပြုထားတဲ့ ဂါဇာဒေသခံ ၂.၃ သန်း တခြားတိုင်းပြည်တွေမှာ သွားရောက် အခြေချနေထိုင်ရေး အစီအစဥ်ကို အစ္စရေး သဘောထားတင်းမာသူတွေက ကြိုဆိုကြပါတယ်။ ပါလက်စတိုင်းတွေကတော့ ဒီအစီအစဥ်ကို လက်မခံပါဘူး။ VOA သတင်းထောက် Linda Bradstein ဂျေရုစလင်က ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ရေရှည်အာမခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခုလို စစ်ကောင်စီနဲ့ ချုပ်တဲ့ စာချုပ်တွေဟာ အကျိုးမရှိကြောင်း ရုရှားအစိုးရကို စာရေးသားပေးပို့ထားတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကိုပြောပါတယ်။
ရုရှား ယူကရိန်းစစ် အမြန်အဆုံးသတ်နိုင်ရေး သမ္မတ Donald Trump က ကြိုးပမ်းနေတဲ့တချိန်တည်းမှာ ခုသီတင်းပတ်အတွင်း အမေရိကန်နဲ့ ယူကရိန်းခေါင်းဆောင်တွေ ဆော်ဒီအာရေးဘီယားမှာ စစ်ပွဲအဆုံးသတ်နိုင်ရေး ဆွေးနွေးကြမှာပါ။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရလာကတည်းက အမျိုးသမီးငယ်တွေ ပညာရေးအခွင့်အလမ်းတွေဆုံးရှုံးခဲ့တာပါ။ နိုင်ငံရပ်ခြားထွက်ခွါခွင့်ရတဲ့ သူတချို့ကတော့ သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရခဲ့တဲ့အကြောင်း ပါကစ္စတန်ကနေ Muska Safi သတင်းပေးပို့ထားတာကို မြသဇင်အောင်ပြောပြထားပါတယ်။
အမေရိကန်မှာ အင်္ဂလိပ်ဘာသာစကားကို နိုင်ငံတော်ဘာသာစကားအဖြစ် သတ်မှတ်လိုက်တာကြောင့် အစိုးရရုံးတွေ၊ အစိုးရနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ မြန်မာအပါအဝင် စကားပြန်ကူညီတဲ့ အစီအစဉ်တွေ ဘယ်လိုအပြောင်းအလဲ ဖြစ်နိုင်ပါသလဲ။ ကျန်းမာရေးဆိုင်ရာ စကားပြန် Gina ကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ဆက်ထားပါတယ်။
တော်လှန်ရေးကာလ လေးနှစ်ရှိလာချိန်မှာ ဝန်းရံထောက်ခံသူတွေရော ပြည်သူတွေပါ ပင်ပန်းလာကြနေပါပြီ။ တော်လှန်ရေးကို နောက်အဆင့်တခု မောင်းနှင်နိုင်ဖို့ဆိုရင် ပြန့်ကျဲနေတဲ့ အင်အားစုတွေ စုစည်းနိုင်ဖို့က အရေးကြီးတယ်ဆိုတဲ့အကြောင်း ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင် တင်ပြထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မတ်လ ၁၃ရက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံမှာဖြစ်သလို အဲဒီမှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်အရေး ထည့်သွင်းဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒီအကြောင်း မဆုမွန် စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို လေကြောင်းကနေ ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လူ၀င်မှုကြီးကြပ်ရေး တင်းကြပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်တွေ သိပ်မများကြဖို့ ရှေ့နေ Patrick Wang က တိုက်တွန်းလိုက်ပါတယ်။
ဒီအပတ်တော့ နော်သဇင်က ကိုင်ရိုမြို့တော်က ဆူတန်ဘုရင် ဆာလာဒင်ရဲ့ ခံတပ်ရဲတိုက်၊ မိုဟာမက်အလီဖာရှာရဲ့ ဗလီကျောင်းတော်နဲ့ နှစ် ၆၀၀ ကျော် သက်တမ်းရှိတဲ့ ခန်အယ်ခါလီလီ ဈေးကြီးအကြောင်း ဗဟုသုတ မျှဝေထားပါတယ်။ နော်သဇင်နဲ့အတူ မြေထဲပင်လယ်ဒေသ အီဂျစ်နိုင်ငံရဲ့ ထူးခြားတဲ့နေရာလေးတွေကို သွားကြည့်ကြရအောင်ပါ။
နိုင်ငံတကာရောက် မြန်မာပြည်သားတွေရဲ့ ပရဟိတအဖွဲ့ တော်တော်များများဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရပြီးနောက် မြန်မာ့အရေးအတွက် ထောက်ပံ့ကြတဲ့ ထောက်ပို့အဖွဲ့တွေ ဖြစ်လာကြပြီး မလေးရှားနိုင်ငံက မေတ္တာနန္ဒ ပရဟိတအဖွဲ့လည်း ပါဝင်ပါတယ်။ အခုတပတ် နေရာပေါင်းစုံ အကြောင်းစုံအစီအစဥ်မှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်