[[Zawgyi/Unicode]]
ကမာၻ႔ဖလားလက္ခံက်င္းပခဲ့တဲ့ ကာတာႏိုင္ငံအပါအဝင္ ဘဂၤလားေဒ့ရွ္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ အလုပ္လုပ္ကိုင္ေနၾကတဲ့ ႏိုင္ငံေတြအေနနဲ႔ ေသဆုံးရမႈေတြနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေစ့ေစ့စပ္စပ္ စုံစမ္းစစ္ေဆးေပးဖို႔ ကုလသမဂၢအထူးကိုယ္စားလွယ္က အဂၤါေန႔မွာ ေျပာဆိုလိုက္ပါတယ္။
ကာတာႏိုင္ငံက ကမာၻ႔ဖလားပြဲအတြက္သုံးခဲ့တဲ့ အားကစားခန္းမေတြအပါအဝင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြအတြင္း ဘဂၤလားေဒ့ရွ္လုပ္သား အနည္းဆုံး ၄၅၀ ေသဆုံးခဲ့ရတယ္ဆိုတဲ့ အစီရင္ခံခ်က္ေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းတာမွာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Felipe Gonzalez က အိမ္ရွင္ႏိုင္ငံအေနနဲ႔ လုပ္သားေတြရဲ႕အခြင့္အေရး ကာကြယ္ေပးဖို႔ ေသဆုံးမႈေတြကို ကိုင္တြယ္ေဆာင္႐ြက္ရမွာျဖစ္တယ္လို႔ ေျပာၾကားတာ ျဖစ္ပါတယ္။
ကမာၻ႔ဖလားပြဲနဲ႔ ဆက္စပ္ေသဆုံးမႈေတြ၊ ကာတာႏိုင္ငံက အေျခအေနေတြကို သူ႔ရဲ႕လုပ္ပိုင္ခြင့္နဲ႔အညီ ေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း၊ ကာတာႏိုင္ငံကိုလည္း ဆက္သြယ္ေျပာဆိုမႈေတြရွိထားေၾကာင္းနဲ႔ ကာတာႏိုင္ငံရဲ႕လုပ္ပုံကိုင္ပုံကို သီးသန႔္ အကဲျဖတ္ေဆာင္႐ြက္ေရးက အေရးမႀကီးေၾကာင္း၊ အဓိကအေၾကာင္းအရာကေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြ အလုပ္လုပ္ကိုင္ေနတဲ့ႏိုင္ငံေတြအေနနဲ႔ အထူးသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးရမႈေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအားလုံးကို စုံစမ္းစစ္ေဆးအေရးယူၿပီး ႀကိဳတင္ကာကြယ္ႏိုင္ေရး ေဆာင္႐ြက္ဖို႔ ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၿမိဳ႕ေတာ္ဒါကာမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သူက ေျပာဆိုခဲ့ပါတယ္။
အားကစားခန္းမေတြအပါအဝင္ အေျခခံအေဆာက္အအုံ ေဆာက္လုပ္ခဲ့ရာမွာ ၂၀၁၀ ကေန ၂၀၂၂ ခုႏွစ္အတြင္း ကာတာႏိုင္ငံမွာ ေသဆုံးခဲ့ရတယ္ဆိုတဲ့ ဘဂၤလားေဒ့ရွ္လုပ္သား ၄၅၀ ေလာက္ရဲ႕စာရင္းေတြကိုေပးဖို႔လည္း အစိုးရကို ဘဂၤလားေဒ့ရွ္တရား႐ုံးခ်ဳပ္က တနလၤာေန႔မွာ ေတာင္းဆိုထားပါတယ္။
=================
{{Unicode]]
ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမားတွေသေဆုံးမှု ဖော်ထုတ်ဖို့ ကုလတိုက်တွန်း
ကမ္ဘာ့ဖလားလက်ခံကျင်းပခဲ့တဲ့ ကာတာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံတွေအနေနဲ့ သေဆုံးရမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကာတာနိုင်ငံက ကမ္ဘာ့ဖလားပွဲအတွက်သုံးခဲ့တဲ့ အားကစားခန်းမတွေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွင်း ဘင်္ဂလားဒေ့ရှ်လုပ်သား အနည်းဆုံး ၄၅၀ သေဆုံးခဲ့ရတယ်ဆိုတဲ့ အစီရင်ခံချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းတာမှာ ရွှေ့ပြောင်းလုပ်သားများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Felipe Gonzalez က အိမ်ရှင်နိုင်ငံအနေနဲ့ လုပ်သားတွေရဲ့အခွင့်အရေး ကာကွယ်ပေးဖို့ သေဆုံးမှုတွေကို ကိုင်တွယ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောကြားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပွဲနဲ့ ဆက်စပ်သေဆုံးမှုတွေ၊ ကာတာနိုင်ငံက အခြေအနေတွေကို သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့အညီ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ကာတာနိုင်ငံကိုလည်း ဆက်သွယ်ပြောဆိုမှုတွေရှိထားကြောင်းနဲ့ ကာတာနိုင်ငံရဲ့လုပ်ပုံကိုင်ပုံကို သီးသန့် အကဲဖြတ်ဆောင်ရွက်ရေးက အရေးမကြီးကြောင်း၊ အဓိကအကြောင်းအရာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတဲ့နိုင်ငံတွေအနေနဲ့ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးရမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုအားလုံးကို စုံစမ်းစစ်ဆေးအရေးယူပြီး ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ဖို့ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုခဲ့ပါတယ်။
အားကစားခန်းမတွေအပါအဝင် အခြေခံအဆောက်အအုံ ဆောက်လုပ်ခဲ့ရာမှာ ၂၀၁၀ ကနေ ၂၀၂၂ ခုနှစ်အတွင်း ကာတာနိုင်ငံမှာ သေဆုံးခဲ့ရတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်လုပ်သား ၄၅၀ လောက်ရဲ့စာရင်းတွေကိုပေးဖို့လည်း အစိုးရကို ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်က တနင်္လာနေ့မှာ တောင်းဆိုထားပါတယ်။