သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးလြတ္လပ္ခြင့္မရွိဘဲ ေ႐ြးေကာက္ပြဲက်င္းပမယ့္ စစ္ေကာင္စီကို ကုလအႀကီးအကဲ သတိေပး 


ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ António Guterres

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးလြတ္လပ္ခြင့္ေတြမရွိဘဲ ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုရင္ မတည္မၿငိမ္အေျခအေနေတြ ပိုဆိုးလာႏိုင္ေၾကာင္း ကုလသမဂၢအႀကီးအကဲက သတိေပးလိုက္ပါတယ္။

စစ္တပ္က ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ အရပ္သားေနအိမ္ေတြကို တိုးၿပီး မီးရႈိ႕လာေနသလို ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းက လူပုဂၢိဳလ္ေတြနဲ႔ သတင္းသမားေတြကို ဖမ္းဆီးမႈေတြ၊ ၿခိမ္းေျခာက္ေႏွာက္ယွက္မႈေတြၾကားမွာ ေ႐ြးေကာက္ပြဲ က်င္းပမယ့္အေပၚ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres က စိုးရိမ္ေၾကာင္း ေျပာခြင့္ရပုဂၢိဳလ္က ေျပာဆိုလိုက္တာပါ။ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့အစိုးရကို ဖမ္းဆီးဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းခဲ့တာ ၂ ႏွစ္ျပည့္အျဖစ္ အတြင္းေရးမႉးခ်ဳပ္႐ုံးက တနလၤာေန႔မွာ ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္မွာ ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ႀကဳံေတြ႕ေနရတဲ့အက်ပ္အတည္းေပါင္းစုံဟာ ပိုမိုဆိုး႐ြားလာေနၿပီး ေဒသတြင္းကိုပါ အေလးအနက္ ႐ိုက္ခတ္လာေနခ်ိန္မွာ အၾကမ္းဖက္လုပ္ရပ္ မွန္သမွ်ကို အျပင္းအထန္ ရႈတ္ခ်ေၾကာင္းလည္း အတြင္းေရးမႉးခ်ဳပ္က ေျပာပါတယ္။ ျမန္မာ့အေရး ကုလသမဂၢလုံၿခဳံေရးေကာင္စီက ပထမဆုံးအႀကိမ္အျဖစ္ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၁ ရက္ေန႔က ဆုံးျဖတ္ခ်က္ ခ်ႏိုင္ခဲ့တဲ့အေပၚမွာလည္း ႀကိဳဆိုခဲ့တာပါ။

ျမန္မာျပည္သူေတြရဲ႕ ဆႏၵေတြ၊ လိုအပ္ခ်က္ေတြကို ေလးစားၾကဖို႔နဲ႔ ဒီမိုကေရစီစံႏႈန္းေတြကို ေလးစားလိုက္နာဖို႔ စစ္ေခါင္းေဆာင္ေတြကို ျမန္မာ့အိမ္နီးခ်င္း ႏိုင္ငံေတြက ေတာင္းဆိုၾကဖို႔လည္း အတြင္းေရးမႉးခ်ဳပ္က ထပ္မံတိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

နိုင်ငံရေးလွတ်လပ်ခွင့်မရှိဘဲ ရွေးကောက်ပွဲကျင်းပမယ့် စစ်ကောင်စီကို ကုလအကြီးအကဲ သတိပေး

မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေမရှိဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် မတည်မငြိမ်အခြေအနေတွေ ပိုဆိုးလာနိုင်ကြောင်း ကုလသမဂ္ဂအကြီးအကဲက သတိပေးလိုက်ပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားနေအိမ်တွေကို တိုးပြီး မီးရှို့လာနေသလို နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်နှောက်ယှက်မှုတွေကြားမှာ ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က စိုးရိမ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ပြည့်အဖြစ် အတွင်းရေးမှူးချုပ်ရုံးက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကျပ်အတည်းပေါင်းစုံဟာ ပိုမိုဆိုးရွားလာနေပြီး ဒေသတွင်းကိုပါ အလေးအနက် ရိုက်ခတ်လာနေချိန်မှာ အကြမ်းဖက်လုပ်ရပ် မှန်သမျှကို အပြင်းအထန် ရှုတ်ချကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့အပေါ်မှာလည်း ကြိုဆိုခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေ၊ လိုအပ်ချက်တွေကို လေးစားကြဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာဖို့ စစ်ခေါင်းဆောင်တွေကို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေက တောင်းဆိုကြဖို့လည်း အတွင်းရေးမှူးချုပ်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG