သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စီးပြားေရးနဲ႔ႏိုင္ငံေရးမွာ အမ်ိဳးသမီးေတြပိုဦးေဆာင္ပါဝင္ဖို႔ စပိန္ႀကိဳးပမ္း


Spain Politics

{{Zawgyi/Unicode}}

စပိန္ႏိုင္ငံကလက္ဝဲယိမ္းအစိုးရဟာ ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔အႀကိဳအျဖစ္ အမ်ိဳးသမီးေတြ စီးပြားေရးေခါင္းေဆာင္မႈအခန္းက႑မွာ အနည္းဆုံး ၄၀ ရာခိုင္ႏႈန္းပါဝင္ရမယ့္ ဥပေဒၾကမ္းတရပ္ကို အဂၤါေန႔ကတင္သြင္းခဲ့ပါတယ္။

ဒီႏွစ္ကုန္မွာက်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲမတိုင္မီ တင္ျပလာတဲ့ဒီဥပေဒၾကမ္းထဲမွာ ကုမၸဏီႀကီးေတြနဲ႔ ပညာရပ္ဆိုင္ရာ ပေရာ္ဖက္ရွင္နယ္အသင္းအဖြဲ႕ေတြရဲ႕ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာဘုတ္အဖြဲ႕ေတြမွာ အမ်ိဳးသမီးေတြ ၄၀ ရာခိုင္ႏႈန္း ပါဝင္ရမယ္ဆိုၿပီး ျပဌာန္းထားပါတယ္။ ဒါ့ျပင္ ႏိုင္ငံေရးမွာ အမ်ိဳးသမီးေတြ ပို ပါဝင္ႏိုင္ဖို႔ ျမႇင့္တင္ေပးတဲ့ သတ္မွတ္ခ်က္ေတြလည္း ပါဝင္ပါတယ္။

ဒီဥပေဒၾကမ္းကိုေတာ့ လႊတ္ေတာ္မွာ အတည္ျပဳခ်က္ရယူရမွာျဖစ္ၿပီး ဒီႏွစ္ကုန္ေ႐ြးေကာက္ပြဲမတိုင္ခင္အထိေတာ့ ဥပေဒအသက္ဝင္လာဖြယ္မရွိပါဘူး။ အခု လာမယ့္ႏွစ္ကုန္ေ႐ြးေကာက္ပြဲမွာ စပိန္ရဲ႕လက္ရွိအာဏာရဆိုရွယ္လစ္အစိုးရ ျပန္အႏိုင္ရဖို႔ ႐ုန္းကန္ရမယ္လို႔ စစ္တမ္းေတြမွာ ေဖာ္ျပေနပါတယ္။

က်ား-မအေျချပဳ အၾကမ္းဖက္မႈဆန႔္က်င္ေရး စီမံခ်က္ေတြကို ျမႇင့္တင္တဲ့ ဥပေဒတရပ္ကို ၂၀၀၄ ခုႏွစ္ကတည္းက လက္ခံက်င့္သုံးၿပီးေနာက္မွာ စပိန္ဟာ ဥေရာပမွာ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရး ဆိုင္ရာအတြက္ စံမွတ္တခုအျဖစ္ ရႈျမင္ခံရေလ့ရွိပါတယ္။

အရင္လကလည္း စပိန္ပါလီမန္ဟာ အမ်ိဳးသမီးေတြ ဓမၼလာခ်ိန္ ျပင္းထန္တဲ့ နာက်င္မႈေဝဒနာခံစားရရင္ လစာအျပည့္ေဆးခြင့္သတ္မွတ္ခြင့္ျပဳတဲ့ဥပေဒကို အတည္ျပဳခဲ့ၿပီး ဒီလိုမ်ိဳး ျပဌာန္းႏိုင္တဲ့ ပထမဆုံးဥေရာပႏိုင္ငံျဖစ္လာခဲ့ပါတယ္။

စပိန္ရဲ႕ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္တဲ့အဖြဲ႕အစည္းေတြမွာပါအက်ဳံးဝင္တဲ့ အမ်ိဳးသမီးပါဝင္မႈ သတ္မွတ္ခ်က္အသစ္ဟာ "တန္းတူညီမွ်ေရးကိုဦးတည္တဲ့ အေရးႀကီးတဲ့ေျခလွမ္း" ျဖစ္တယ္လို႔ စီးပြားေရးဝန္ႀကီး နာဒီယာ ကယ္လ္ဗီႏို (Nadia Calvino) က အပတ္စဥ္အစိုးရအဖြဲ႕ အစည္းအေဝးအၿပီးမွာ ေျပာခဲ့ပါတယ္။

ဒီဥပေဒၾကမ္းအရ ဝန္ထမ္း ၂၅၀ ေက်ာ္ ဒါမွမဟုတ္ တႏွစ္ဝင္ေငြ အနည္းဆုံး ယူ႐ိုသန္း ၅၀ ရွိတဲ့ စေတာ့အိတ္ခ်ိန္း စာရင္းဝင္ကုမၸဏီေတြရဲ႕အုပ္ခ်ဳပ္မႈဆိုင္ရာ ဘုတ္အဖြဲ႕ေတြမွာ အမ်ိဳးသမီးေတြ ၄၀ ရာခိုင္ႏႈန္းပါဝင္ရမွာ ျဖစ္ပါတယ္။၊

ဒါမ်ိဳးသတ္မွတ္ခ်က္ေတြကို ေနာ္ေဝး၊ ျပင္သစ္နဲ႔ ဖင္လန္အပါအဝင္ ဥေရာပႏိုင္ငံအမ်ားအျပားမွာ ျပဌာန္းထားၿပီး ဒါဟာ ဥေရာပပါလီမန္ရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ ၂၀၂၆ ခုႏွစ္မွာ စီးပြားေရးလုပ္ငန္းႀကီးေတြရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းမွာ အမ်ိဳးသမီးပါဝင္မႈဦးေရကို တိုးျမင့္လာေစဖို႔ ေဆာင္႐ြက္ခ်က္ျဖစ္ပါတယ္။

စပိန္ဟာ က်ား-မ ေရးရာတန္းတူညီမွ်ေရးမွာ လက္ရွိ ေရွ႕က ဦးေဆာင္ေနတဲ့ႏိုင္ငံ ျဖစ္ၿပီး အစိုးရအဖြဲ႕ရဲ႕ဝန္ႀကီးရာထူး ၆၃ ရာခိုင္ႏႈန္းမွာ အမ်ိဳးသမီးေတြ ျဖစ္ၿပီး ဒါဟာ ကမာၻေပၚမွာ အျမင့္ဆုံးထဲကတခု ျဖစ္ပါတယ္။

လက္ရွိ အာဏာရဆိုရွယ္လစ္ဝန္ႀကီးခ်ဳပ္ ပီဒ႐ိုဆန္းခ်က္ဇ္ (Pedro Sanchez) အစိုးရအဖြဲ႕မွာ အမ်ိဳးသမီး ၁၄ ဦးနဲ႔ အမ်ိဳးသား ၈ ဦး ပါဝင္ပါတယ္။

အရင္ မာရီယာႏို ရာဟိုး (Mariano Rajoy) ဦးေဆာင္တဲ့ လက္ယာယိမ္းအစိုးရအဖြဲ႕မွာတုန္းက အမ်ိဳးသမီး ပါဝင္ႏိုင္မႈက ၃၅ ရာခိုင္ႏႈန္းပဲ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============


{{Unicode}}

စီးပွားရေးနဲ့နိုင်ငံရေးမှာ အမျိုးသမီးတွေပိုဦးဆောင်ပါဝင်ဖို့ စပိန်ကြိုးပမ်း

စပိန်နိုင်ငံကလက်ဝဲယိမ်းအစိုးရဟာ နိုင်ငံတကာအမျိုးသမီးများနေ့အကြိုအဖြစ် အမျိုးသမီးတွေ စီးပွားရေးခေါင်းဆောင်မှုအခန်းကဏ္ဍမှာ အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ရမယ့် ဥပဒေကြမ်းတရပ်ကို အင်္ဂါနေ့ကတင်သွင်းခဲ့ပါတယ်။

ဒီနှစ်ကုန်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ တင်ပြလာတဲ့ဒီဥပဒေကြမ်းထဲမှာ ကုမ္ပဏီကြီးတွေနဲ့ ပညာရပ်ဆိုင်ရာ ပရော်ဖက်ရှင်နယ်အသင်းအဖွဲ့တွေရဲ့ အုပ်ချုပ်မှုဒါရိုက်တာဘုတ်အဖွဲ့တွေမှာ အမျိုးသမီးတွေ ၄၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုပြီး ပြဌာန်းထားပါတယ်။ ဒါ့ပြင် နိုင်ငံရေးမှာ အမျိုးသမီးတွေ ပို ပါဝင်နိုင်ဖို့ မြှင့်တင်ပေးတဲ့ သတ်မှတ်ချက်တွေလည်း ပါဝင်ပါတယ်။

ဒီဥပဒေကြမ်းကိုတော့ လွှတ်တော်မှာ အတည်ပြုချက်ရယူရမှာဖြစ်ပြီး ဒီနှစ်ကုန်ရွေးကောက်ပွဲမတိုင်ခင်အထိတော့ ဥပဒေအသက်ဝင်လာဖွယ်မရှိပါဘူး။ အခု လာမယ့်နှစ်ကုန်ရွေးကောက်ပွဲမှာ စပိန်ရဲ့လက်ရှိအာဏာရဆိုရှယ်လစ်အစိုးရ ပြန်အနိုင်ရဖို့ ရုန်းကန်ရမယ်လို့ စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။

ကျား-မအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး စီမံချက်တွေကို မြှင့်တင်တဲ့ ဥပဒေတရပ်ကို ၂၀၀၄ ခုနှစ်ကတည်းက လက်ခံကျင့်သုံးပြီးနောက်မှာ စပိန်ဟာ ဥရောပမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ဆိုင်ရာအတွက် စံမှတ်တခုအဖြစ် ရှုမြင်ခံရလေ့ရှိပါတယ်။

အရင်လကလည်း စပိန်ပါလီမန်ဟာ အမျိုးသမီးတွေ ဓမ္မလာချိန် ပြင်းထန်တဲ့ နာကျင်မှုဝေဒနာခံစားရရင် လစာအပြည့်ဆေးခွင့်သတ်မှတ်ခွင့်ပြုတဲ့ဥပဒေကို အတည်ပြုခဲ့ပြီး ဒီလိုမျိုး ပြဌာန်းနိုင်တဲ့ ပထမဆုံးဥရောပနိုင်ငံဖြစ်လာခဲ့ပါတယ်။

စပိန်ရဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့အဖွဲ့အစည်းတွေမှာပါအကျုံးဝင်တဲ့ အမျိုးသမီးပါဝင်မှု သတ်မှတ်ချက်အသစ်ဟာ "တန်းတူညီမျှရေးကိုဦးတည်တဲ့ အရေးကြီးတဲ့ခြေလှမ်း" ဖြစ်တယ်လို့ စီးပွားရေးဝန်ကြီး နာဒီယာ ကယ်လ်ဗီနို (Nadia Calvino) က အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ပြောခဲ့ပါတယ်။

ဒီဥပဒေကြမ်းအရ ဝန်ထမ်း ၂၅၀ ကျော် ဒါမှမဟုတ် တနှစ်ဝင်ငွေ အနည်းဆုံး ယူရိုသန်း ၅၀ ရှိတဲ့ စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတွေရဲ့အုပ်ချုပ်မှုဆိုင်ရာ ဘုတ်အဖွဲ့တွေမှာ အမျိုးသမီးတွေ ၄၀ ရာခိုင်နှုန်းပါဝင်ရမှာ ဖြစ်ပါတယ်။၊

ဒါမျိုးသတ်မှတ်ချက်တွေကို နော်ဝေး၊ ပြင်သစ်နဲ့ ဖင်လန်အပါအဝင် ဥရောပနိုင်ငံအများအပြားမှာ ပြဌာန်းထားပြီး ဒါဟာ ဥရောပပါလီမန်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၆ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အုပ်ချုပ်ရေးပိုင်းမှာ အမျိုးသမီးပါဝင်မှုဦးရေကို တိုးမြင့်လာစေဖို့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။

စပိန်ဟာ ကျား-မ ရေးရာတန်းတူညီမျှရေးမှာ လက်ရှိ ရှေ့က ဦးဆောင်နေတဲ့နိုင်ငံ ဖြစ်ပြီး အစိုးရအဖွဲ့ရဲ့ဝန်ကြီးရာထူး ၆၃ ရာခိုင်နှုန်းမှာ အမျိုးသမီးတွေ ဖြစ်ပြီး ဒါဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးထဲကတခု ဖြစ်ပါတယ်။

လက်ရှိ အာဏာရဆိုရှယ်လစ်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ် (Pedro Sanchez) အစိုးရအဖွဲ့မှာ အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၈ ဦး ပါဝင်ပါတယ်။

အရင် မာရီယာနို ရာဟိုး (Mariano Rajoy) ဦးဆောင်တဲ့ လက်ယာယိမ်းအစိုးရအဖွဲ့မှာတုန်းက အမျိုးသမီး ပါဝင်နိုင်မှုက ၃၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

XS
SM
MD
LG