သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ဆန္နဲ႔စပါးေဈးတက္ 


ပဲခူးၿမိဳ႕အနီး လယ္စိုက္ကြင္းတြင္ လုပ္ငန္းခြင္ဝင္ေနၾကသည့္ အမ်ဳိးသမီးမ်ား။ ၁၅ ႏိုဝင္ဘာ ၂၀၁၂

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စပါးေစ်းဟာ မႀကဳံစထူး တင္းတရာကို က်ပ္ ၁၆ သိန္းအထိ ထိုးတက္လာပါတယ္။ စပါးေစ်းတက္တာနဲ႔အတူ ေစ်းကြက္အတြင္း ဆန္ေစ်းေတြလည္း တက္လာပါတယ္။ ဆန္စပါး ေစ်းကြက္အေျခအေန သတင္းေပးပို႔ထားတာကို နန္းေလာင္ဝ္က တင္ျပေပးထားပါတယ္။

လာမယ့္ေႏြနဲ႔မိုးရာသီမွာ စပါးအထြက္နည္းမယ္လို႔ ဆန္လုပ္ငန္းရွင္ေတြက တြက္ထားတဲ့အတြက္ ေစ်းကြက္ ထဲကစပါးကို ရသေလာက္ အလုအယက္ ဝယ္ယူစုေဆာင္းေနၾကေၾကာင္း ဆန္လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ တ႐ုပ္နယ္စပ္က အဆြဲမ်ားတာ၊ ျပည္တြင္းမွာ ကုန္ၾကမ္းလိုအပ္ေနတာ၊ စပါးထြက္ႏႈန္းကိုစိုးရိမ္တာ- စတဲ့ အေၾကာင္းရင္းေတြ စုေပါင္းၿပီး စပါးေစ်းတက္ေနတာျဖစ္ေၾကာင္း လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

ႏိုင္ငံေရးအေျခအေနနဲ႔ အေထြေထြကုန္က်စရိတ္ေတြေၾကာင့္ အခုႏွစ္ထဲမွာ စပါးအထြက္ႏႈန္း သိသိသာသာ က်သြားလိမ့္မယ္လို႔ ဆန္ကုန္သည္ေတြက ေျပာပါတယ္။ ဒီအေျခအေနကို ႀကိဳသိေနတဲ့ ဆန္စက္လုပ္ငန္းရွင္ေတြ၊ ဆန္ကုန္သည္ေတြ၊ အိတ္စပို႔လုပ္ငန္းရွင္ေတြက စပါးကို ေအာက္ေျခအထိဆင္းၿပီး ဝယ္ယူေနၾကတာပါ။ ဒါေၾကာင့္ စပါးေစ်းဟာ ဒီရက္ပိုင္းထဲမွာတင္ က်ပ္ ၅ သိန္းထပ္တက္သြားၿပီး တင္းတရာကို ၁၆ သိန္း ျဖစ္လာတာပါ။ မျဖစ္သင့္တဲ့ေစ်းကို ေရာက္ရွိေနတာလို႔ စစ္ကိုင္းတိုင္းက ဆန္ကုန္သည္တဦးက ဗြီအိုေအကို ေျပာပါတယ္။

" မတရားေပါ့ေနာ္၊ သူတို႔ေတြ ဆန္ေတြကို သူရကိုယ္ရ ေအာက္ေတြကိုဆင္းၾကည့္ၿပီးေတာ့ သူမ်ားထက္အေပၚ ေပးၿပီးေတာ့ လိုက္ဝယ္ၾကတယ္။ ဒီအခ်ိန္မွာ က်ေနာ္တို႔ ဒီႏွစ္က စပါးအထြက္ႏႈန္း နည္းမယ့္ႏွစ္ ျဖစ္ေနတယ္။ ေစ်းေတြ ဒီေလာက္ တက္လာမယ္ဆိုတာကို သူတို႔ေတြ သိေနတယ္။ အခု (စပါး) ေပၚလာတယ္ဆိုတာနဲ႔ တခါတည္း သူတို႔ရဲ႕ဂိုေဒါင္ထဲမွာျပည့္သိပ္ၿပီး ထည့္ထားလိုက္တယ္။ ေလွာင္ထားလိုက္တဲ့ ဆန္ေတြသည္ ေနာက္လေတြမွာ ေစ်းတက္လာေတာ့မယ္ေလ။ စပါးဝယ္တဲ့သူေတြ ဆန္ဝယ္မယ့္သူေတြ၊ ဒီအခ်ိန္သည္ အခ်ိန္ေကာင္း အခါေကာင္း ျဖစ္ေနတယ္။ အဲဒီလိုမ်ိဳးေၾကာင့္ ဆန္ေစ်းေတြဟာ မထင္မွတ္ထားတဲ့ အေနအထားတခုကို အခ်ိန္အခါမသင့္ ေစ်းတခုကို ေျပာင္းလဲသြားတာ။"

ဆန္ၾကမ္းတအိတ္ကို က်ပ္ငါးေသာင္းရွိၿပီး ေပၚဆန္းအေခ်ာဆိုရင္ေတာ့ တအိတ္ကို ၁ သိန္းကို ေရာက္ရွိလာပါတယ္။ လက္လီေစ်းကြက္မွာ ဆန္ၾကမ္းတျပည္ကို က်ပ္ ၄,၀၀၀ ေလာက္ျဖစ္ေနတာပါ။ ဒီေစ်းႏႈန္းေတြဟာ အေျခခံလူတန္းစား လက္လွမ္းမမီေတာ့တဲ့ ေစ်းေတြျဖစ္တယ္လို႔ သူကေျပာပါတယ္။

" တေန႔လုပ္ တေန႔စားသမားေတြအတြက္ က်ေနာ္တို႔ ဘယ္လိုစဥ္းစားၾကမွာလဲ။ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ၈၅ ရာခိုင္ႏႈန္းက အေျခခံလူတန္းစားေတြ မ်ားတယ္။ သူတို႔ေတြအတြက္ တရက္မွ လုပ္အားခ ရွစ္ေထာင္၊ ငါးေထာင္ ဒါပဲ။ ပန္းရံသမားေတြ၊ ကုမၸဏီဝန္ထမ္း၊ ေန႔စားသမားေတြ သူတို႔ေတြအတြက္ တျပည္ကို သုံးေထာင္က ထမင္းအဆင့္ပဲ ရွိေသးတယ္။ ေနာက္ထပ္ ငါးေထာင္က်န္တယ္၊ အဲဒီ ငါးေထာင္သည္ တျခားဟာေလးေတြ ထင္းေတြ၊ ငါးေတြ အဲဒါေလးေတြေရာ၊ သူတို႔မွာရတဲ့ပိုက္ဆံ ဒါေတြကို အေပၚပိုင္း (ဆန္လုပ္ငန္းရွင္) အႀကီးႀကီးေတြကဘက္က ဒီအေပၚမွာ ျပန္သုံးသပ္ၿပီးေတာ့ ၾကည့္မယ္ဆိုရင္ေပါ့ေနာ္ ပိုၿပီးေတာ့ ေကာင္းတယ္။ ဆန္ေစ်းကေတာ့ က်ဖို႔ဘက္ကို မရွိဘူး၊ အေပၚကို တက္ဖို႔ပဲ အလားအလာ ရွိေနတယ္။"

တ႐ုတ္နဲ႔ ဘဂၤလားေဒ့ရွ္ကို နယ္စပ္ကေန ဆန္တင္ပို႔ေနတာအျပင္ ျပည္တြင္းစားသုံးမႈ၊ စက္မႈကုန္ၾကမ္းလိုအပ္မႈ ဒီလို အေၾကာင္းအရာေတြ တိုက္ဆိုင္သြားတဲ့အတြက္ ဆန္ေစ်းက က်ႏိုင္စရာမရွိေၾကာင္း ဧရာဝတီတိုင္းက ဆန္လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။ အထူးသျဖင့္ Meizan ၊ Goody တို႔လို ဆီလုပ္ငန္းရွင္ေတြကလည္း ဆန္ေစ်းကြက္ထဲကို ဝင္ကစားေနသလို တ႐ုတ္ေနာက္ခံျပဳ ကုမၸဏီေတြကလည္း ဆန္ကို ရႏိုင္သေလာက္ ဝယ္ေလွာင္ေနၾကေၾကာင္း သူကေျပာပါတယ္။

ပဲခူးတိုင္းက ဆန္စက္လုပ္ငန္းရွင္ တဦးကေတာ့ အခုအခ်ိန္မွာ စပါးအားလုံနီးပါးက လုပ္ငန္းရွင္ေတြလက္ထဲကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

" စပါးေတြ၊ ဆန္ေတြ အားလုံးက အခုေလာေလာဆယ္မွာ ေလွာင္တဲ့သူေတြရဲ႕ လက္ထဲမွာပဲရွိတယ္။ ဆန္ဆို ရန္ကုန္မွာလည္း တအားေလွာင္ၾကတယ္ေလ။ ဒီႏွစ္ စပါး(တင္း) ၁,၀၀၀ ရလို႔ စပါး ၁,၀၀၀ ကထြက္တဲ့ ဆန္အိတ္ ၄၀၀ ဘယ္သူမွ မႀကိတ္ႏိုင္ဘူး။ ဘယ္စက္မွလည္း မထြက္ဘူး။ လွ်ပ္စစ္မီးမရလို႔။ ဒါေပမဲ့ ကုန္ေခ်ာရတဲ့သူက ကုန္ေခ်ာေလွာင္တယ္၊ ကုန္ၾကမ္းရတဲ့သူက ကုန္ၾကမ္းေလွာင္တယ္၊ ဒီပုံစံ ျဖစ္ေနတာပဲ။"

ၿပီးခဲ့တဲ့ ကိုးလအတြင္းမွာ တ႐ုတ္ကိုပဲ ဆန္အမ်ားဆုံး တင္ပို႔ထားတာပါ။ မူဆယ္နယ္စပ္ကို ျပန္ဖြင့္လိုက္တဲ့အတြက္ တ႐ုတ္ဘက္က ဆန္ၾကမ္းဝယ္လိုအား ပိုေကာင္းႏိုင္တယ္လို႔လည္း ခန႔္မွန္းေနပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံကလည္း ျမန္မာႏိုင္ငံက ဆန္တန္ခ်ိန္ ၂ သိန္းခြဲကို ဝယ္ယူထားပါတယ္။ တခ်ိဳ႕တဝက္ကိုလည္း တင္ပို႔ၿပီးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ဆန္လုပ္ငန္းရွင္အသင္းကေတာ့ အခုႏွစ္ထဲမွာ ျပည္ပကို ဆန္တန္ခ်ိန္ ၂ သန္းတင္ပို႔ႏိုင္မယ္လို႔ လ်ာထားခဲ့တာပါ။ အဲဒီလ်ာထားခ်က္ထဲက တန္ခ်ိန္ ၄ သိန္းေလာက္ပဲ က်န္ေတာ့တာပါ။ တ႐ုတ္ဘက္က နယ္စပ္ကေန ဆန္ဝယ္ယူတာအျပင္ ပဲတီစိမ္းကိုလည္း ဝယ္ယူလာတဲ့အတြက္ ပဲတီစိမ္းေစ်းေတြလည္း တက္လာတယ္လို႔ ကုန္သည္အသိုင္းအဝန္းက ေျပာေနၾကတာ ျဖစ္ပါတယ္။


ျမန္မာႏိုင္ငံမွာ ဆန္နဲ႔စပါးေဈးတက္ .mp3
please wait

No media source currently available

0:00 0:04:29 0:00
တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

မြန်မာနိုင်ငံမှာ ဆန်နဲ့စပါးဈေးတက်

မြန်မာနိုင်ငံမှာ စပါးဈေးဟာ မကြုံစထူး တင်းတရာကို ကျပ် ၁၆ သိန်းအထိ ထိုးတက်လာပါတယ်။ စပါးဈေးတက်တာနဲ့အတူ ဈေးကွက်အတွင်း ဆန်ဈေးတွေလည်း တက်လာပါတယ်။ ဆန်စပါး ဈေးကွက်အခြေအနေ သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

လာမယ့်နွေနဲ့မိုးရာသီမှာ စပါးအထွက်နည်းမယ်လို့ ဆန်လုပ်ငန်းရှင်တွေက တွက်ထားတဲ့အတွက် ဈေးကွက် ထဲကစပါးကို ရသလောက် အလုအယက် ဝယ်ယူစုဆောင်းနေကြကြောင်း ဆန်လုပ်ငန်းရှင်တွေက ပြောပါတယ်။ တရုပ်နယ်စပ်က အဆွဲများတာ၊ ပြည်တွင်းမှာ ကုန်ကြမ်းလိုအပ်နေတာ၊ စပါးထွက်နှုန်းကိုစိုးရိမ်တာ- စတဲ့ အကြောင်းရင်းတွေ စုပေါင်းပြီး စပါးဈေးတက်နေတာဖြစ်ကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

နိုင်ငံရေးအခြေအနေနဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် အခုနှစ်ထဲမှာ စပါးအထွက်နှုန်း သိသိသာသာ ကျသွားလိမ့်မယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ ဒီအခြေအနေကို ကြိုသိနေတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေ၊ အိတ်စပို့လုပ်ငန်းရှင်တွေက စပါးကို အောက်ခြေအထိဆင်းပြီး ဝယ်ယူနေကြတာပါ။ ဒါကြောင့် စပါးဈေးဟာ ဒီရက်ပိုင်းထဲမှာတင် ကျပ် ၅ သိန်းထပ်တက်သွားပြီး တင်းတရာကို ၁၆ သိန်း ဖြစ်လာတာပါ။ မဖြစ်သင့်တဲ့ဈေးကို ရောက်ရှိနေတာလို့ စစ်ကိုင်းတိုင်းက ဆန်ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

" မတရားပေါ့နော်၊ သူတို့တွေ ဆန်တွေကို သူရကိုယ်ရ အောက်တွေကိုဆင်းကြည့်ပြီးတော့ သူများထက်အပေါ် ပေးပြီးတော့ လိုက်ဝယ်ကြတယ်။ ဒီအချိန်မှာ ကျနော်တို့ ဒီနှစ်က စပါးအထွက်နှုန်း နည်းမယ့်နှစ် ဖြစ်နေတယ်။ ဈေးတွေ ဒီလောက် တက်လာမယ်ဆိုတာကို သူတို့တွေ သိနေတယ်။ အခု (စပါး) ပေါ်လာတယ်ဆိုတာနဲ့ တခါတည်း သူတို့ရဲ့ဂိုဒေါင်ထဲမှာပြည့်သိပ်ပြီး ထည့်ထားလိုက်တယ်။ လှောင်ထားလိုက်တဲ့ ဆန်တွေသည် နောက်လတွေမှာ ဈေးတက်လာတော့မယ်လေ။ စပါးဝယ်တဲ့သူတွေ ဆန်ဝယ်မယ့်သူတွေ၊ ဒီအချိန်သည် အချိန်ကောင်း အခါကောင်း ဖြစ်နေတယ်။ အဲဒီလိုမျိုးကြောင့် ဆန်ဈေးတွေဟာ မထင်မှတ်ထားတဲ့ အနေအထားတခုကို အချိန်အခါမသင့် ဈေးတခုကို ပြောင်းလဲသွားတာ။"

ဆန်ကြမ်းတအိတ်ကို ကျပ်ငါးသောင်းရှိပြီး ပေါ်ဆန်းအချောဆိုရင်တော့ တအိတ်ကို ၁ သိန်းကို ရောက်ရှိလာပါတယ်။ လက်လီဈေးကွက်မှာ ဆန်ကြမ်းတပြည်ကို ကျပ် ၄,၀၀၀ လောက်ဖြစ်နေတာပါ။ ဒီဈေးနှုန်းတွေဟာ အခြေခံလူတန်းစား လက်လှမ်းမမီတော့တဲ့ ဈေးတွေဖြစ်တယ်လို့ သူကပြောပါတယ်။

" တနေ့လုပ် တနေ့စားသမားတွေအတွက် ကျနော်တို့ ဘယ်လိုစဉ်းစားကြမှာလဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ၈၅ ရာခိုင်နှုန်းက အခြေခံလူတန်းစားတွေ များတယ်။ သူတို့တွေအတွက် တရက်မှ လုပ်အားခ ရှစ်ထောင်၊ ငါးထောင် ဒါပဲ။ ပန်းရံသမားတွေ၊ ကုမ္ပဏီဝန်ထမ်း၊ နေ့စားသမားတွေ သူတို့တွေအတွက် တပြည်ကို သုံးထောင်က ထမင်းအဆင့်ပဲ ရှိသေးတယ်။ နောက်ထပ် ငါးထောင်ကျန်တယ်၊ အဲဒီ ငါးထောင်သည် တခြားဟာလေးတွေ ထင်းတွေ၊ ငါးတွေ အဲဒါလေးတွေရော၊ သူတို့မှာရတဲ့ပိုက်ဆံ ဒါတွေကို အပေါ်ပိုင်း (ဆန်လုပ်ငန်းရှင်) အကြီးကြီးတွေကဘက်က ဒီအပေါ်မှာ ပြန်သုံးသပ်ပြီးတော့ ကြည့်မယ်ဆိုရင်ပေါ့နော် ပိုပြီးတော့ ကောင်းတယ်။ ဆန်ဈေးကတော့ ကျဖို့ဘက်ကို မရှိဘူး၊ အပေါ်ကို တက်ဖို့ပဲ အလားအလာ ရှိနေတယ်။"

တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်ကနေ ဆန်တင်ပို့နေတာအပြင် ပြည်တွင်းစားသုံးမှု၊ စက်မှုကုန်ကြမ်းလိုအပ်မှု ဒီလို အကြောင်းအရာတွေ တိုက်ဆိုင်သွားတဲ့အတွက် ဆန်ဈေးက ကျနိုင်စရာမရှိကြောင်း ဧရာဝတီတိုင်းက ဆန်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် Meizan ၊ Goody တို့လို ဆီလုပ်ငန်းရှင်တွေကလည်း ဆန်ဈေးကွက်ထဲကို ဝင်ကစားနေသလို တရုတ်နောက်ခံပြု ကုမ္ပဏီတွေကလည်း ဆန်ကို ရနိုင်သလောက် ဝယ်လှောင်နေကြကြောင်း သူကပြောပါတယ်။

ပဲခူးတိုင်းက ဆန်စက်လုပ်ငန်းရှင် တဦးကတော့ အခုအချိန်မှာ စပါးအားလုံနီးပါးက လုပ်ငန်းရှင်တွေလက်ထဲကို ရောက်ရှိနေပြီဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

" စပါးတွေ၊ ဆန်တွေ အားလုံးက အခုလောလောဆယ်မှာ လှောင်တဲ့သူတွေရဲ့ လက်ထဲမှာပဲရှိတယ်။ ဆန်ဆို ရန်ကုန်မှာလည်း တအားလှောင်ကြတယ်လေ။ ဒီနှစ် စပါး(တင်း) ၁,၀၀၀ ရလို့ စပါး ၁,၀၀၀ ကထွက်တဲ့ ဆန်အိတ် ၄၀၀ ဘယ်သူမှ မကြိတ်နိုင်ဘူး။ ဘယ်စက်မှလည်း မထွက်ဘူး။ လျှပ်စစ်မီးမရလို့။ ဒါပေမဲ့ ကုန်ချောရတဲ့သူက ကုန်ချောလှောင်တယ်၊ ကုန်ကြမ်းရတဲ့သူက ကုန်ကြမ်းလှောင်တယ်၊ ဒီပုံစံ ဖြစ်နေတာပဲ။"

ပြီးခဲ့တဲ့ ကိုးလအတွင်းမှာ တရုတ်ကိုပဲ ဆန်အများဆုံး တင်ပို့ထားတာပါ။ မူဆယ်နယ်စပ်ကို ပြန်ဖွင့်လိုက်တဲ့အတွက် တရုတ်ဘက်က ဆန်ကြမ်းဝယ်လိုအား ပိုကောင်းနိုင်တယ်လို့လည်း ခန့်မှန်းနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း မြန်မာနိုင်ငံက ဆန်တန်ချိန် ၂ သိန်းခွဲကို ဝယ်ယူထားပါတယ်။ တချို့တဝက်ကိုလည်း တင်ပို့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်အသင်းကတော့ အခုနှစ်ထဲမှာ ပြည်ပကို ဆန်တန်ချိန် ၂ သန်းတင်ပို့နိုင်မယ်လို့ လျာထားခဲ့တာပါ။ အဲဒီလျာထားချက်ထဲက တန်ချိန် ၄ သိန်းလောက်ပဲ ကျန်တော့တာပါ။ တရုတ်ဘက်က နယ်စပ်ကနေ ဆန်ဝယ်ယူတာအပြင် ပဲတီစိမ်းကိုလည်း ဝယ်ယူလာတဲ့အတွက် ပဲတီစိမ်းဈေးတွေလည်း တက်လာတယ်လို့ ကုန်သည်အသိုင်းအဝန်းက ပြောနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG