သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒုက္ခသည်တွေအတွက် အကူအညီ အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့က ခွင့်မပြု


[[Zawgyi/Unicode]]

ဆီးရီးယားနိုင်ငံက အစိုးရထိန်းချုပ်ထားတဲ့ဒေသကိုဖြတ်ပြီး ငလျင်ဘေးအတွက်ပေးမဲ့အကူအညီတွေကို အနောက်မြောက်ပိုင်းဒေသကိုထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့က ခွင့်မပြုဘူးလို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့က ပြောပါတယ်။

အဖွဲ့ပေါင်းစုံရှုပ်ထွေးပြီး ပြည်တွင်းစစ် ၁၂ နှစ်ကြာဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ဒေသနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့တူရကီနိုင်ငံမှာ မကြာသေးခင်က ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း အနည်းဆုံး ၃ သောင်းနီးပါး သေဆုံးပြီး ပျက်စီးမှုတွေလည်း များပြားပါတယ်။ အဲဒီလို ဆီးရီးယားဘက်က အခြေအနေကြောင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲတွေ ကြုံနေကြရပါတယ်။

ငလျင်ဒဏ်ကြောင့် ဆီးရီးယားဘက်အပိုင်းမှာ သေဆုံးသူက ၃,၅၀၀ လောက်ရှိပြီး အများစုက Hayat Tahrir al-Sham (HTS) အစ္စလာမ္မစ် လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာမှာဖြစ်ပါတယ်။ ရှေ့တန်းမျက်နှာစာတွေမှာ အစိုးရတပ်ဖွဲ့တွေက ရင်ဆိုင်ပိတ်ဆို့ထားတဲ့အတွက် အဲဒီဒေသဟာ အကူအညီအနည်းငယ်သာ ရရှိကြပါတယ်။ သူတို့အတွက် အဓိက တူရကီနိုင်ငံနဲ့သာ နယ်စပ်ထွက်ပေါက် တခုပဲရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားအစိုးရကနေ အဲဒီ အစ္စလာမ္မစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငလျှင်ဒဏ်ခံအနောက်မြောက်ပိုင်းကို အကူအညီတွေပေးပို့ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။ အစိုးရဘက်ကနေ ပေးပို့တာကိုတော့ လက်မခံငြင်းပယ်ပြီး တူရကီနိုင်ငံဘက်ကနေ လာပို့တာကိုပဲလက်ခံမယ်လို့ အဲဒီအဖွဲ့ရဲ့ပြောခွင့်ရမဟုတ်တဲ့သူတွေကတဆင့် Reuteurs သတင်းဌာနက သိရပါတယ်။

ဆီးရီးယား နိုင်ငံ Damascus မြို့တော်မှာရှိတဲ့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ အဲဒီဒေသကို အကူအညီတွေ ပေးပို့ဖို့အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ပြောပါတယ်။ အဲဒီ HTS အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့ကို ကုလသမဂ္ဂနဲ့ အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]

ငလငြျဒုက်ခသညျတှအေတှကျ အကူအညီ အစ်စလာမ်မဈ လကျနကျကိုငျအဖှဲ့က ခှင့ျမပွု






XS
SM
MD
LG