သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ငလ်င္ဒုကၡသည္ေတြအတြက္ အကူအညီ အစၥလာမၼစ္ လက္နက္ကိုင္အဖြဲ႕က ခြင့္မျပဳ


[[Zawgyi/Unicode]]

ဆီးရီးယားႏိုင္ငံက အစိုးရထိန္းခ်ဳပ္ထားတဲ့ေဒသကိုျဖတ္ၿပီး ငလ်င္ေဘးအတြက္ေပးမဲ့အကူအညီေတြကို အေနာက္ေျမာက္ပိုင္းေဒသကိုထိန္းခ်ဳပ္ထားတဲ့ အစၥလာမၼစ္လက္နက္ကိုင္အဖြဲ႕က ခြင့္မျပဳဘူးလို႔ ကုလသမဂၢေျပာေရးဆိုခြင့္ရွိသူက တနဂၤေႏြေန႔က ေျပာပါတယ္။

အဖြဲ႕ေပါင္းစုံရႈပ္ေထြးၿပီး ျပည္တြင္းစစ္ ၁၂ ႏွစ္ၾကာျဖစ္ပြားေနတဲ့ ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ေဒသနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့တူရကီႏိုင္ငံမွာ မၾကာေသးခင္က ျပင္းထန္တဲ့ငလ်င္လႈပ္ခတ္မႈေၾကာင့္ လူေပါင္း အနည္းဆုံး ၃ ေသာင္းနီးပါး ေသဆုံးၿပီး ပ်က္စီးမႈေတြလည္း မ်ားျပားပါတယ္။ အဲဒီလို ဆီးရီးယားဘက္က အေျခအေနေၾကာင့္ ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႕အစည္းေတြအေနနဲ႔ အခက္အခဲေတြ ႀကဳံေနၾကရပါတယ္။

ငလ်င္ဒဏ္ေၾကာင့္ ဆီးရီးယားဘက္အပိုင္းမွာ ေသဆုံးသူက ၃,၅၀၀ ေလာက္ရွိၿပီး အမ်ားစုက Hayat Tahrir al-Sham (HTS) အစၥလာမၼစ္ လက္နက္ကိုင္တပ္ဖြဲ႕ ထိန္းခ်ဳပ္ထားတဲ့ ေနရာမွာျဖစ္ပါတယ္။ ေရွ႕တန္းမ်က္ႏွာစာေတြမွာ အစိုးရတပ္ဖြဲ႕ေတြက ရင္ဆိုင္ပိတ္ဆို႔ထားတဲ့အတြက္ အဲဒီေဒသဟာ အကူအညီအနည္းငယ္သာ ရရွိၾကပါတယ္။ သူတို႔အတြက္ အဓိက တူရကီႏိုင္ငံနဲ႔သာ နယ္စပ္ထြက္ေပါက္ တခုပဲရွိပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က ဆီးရီးယားအစိုးရကေန အဲဒီ အစၥလာမၼစ္အဖြဲ႕ေတြ ထိန္းခ်ဳပ္ထားတဲ့ ငလွ်င္ဒဏ္ခံအေနာက္ေျမာက္ပိုင္းကို အကူအညီေတြေပးပို႔ဖို႔ ဆႏၵရွိတယ္လို႔ ေျပာခဲ့ပါတယ္။ အစိုးရဘက္ကေန ေပးပို႔တာကိုေတာ့ လက္မခံျငင္းပယ္ၿပီး တူရကီႏိုင္ငံဘက္ကေန လာပို႔တာကိုပဲလက္ခံမယ္လို႔ အဲဒီအဖြဲ႕ရဲ႕ေျပာခြင့္ရမဟုတ္တဲ့သူေတြကတဆင့္ Reuteurs သတင္းဌာနက သိရပါတယ္။

ဆီးရီးယား ႏိုင္ငံ Damascus ၿမိဳ႕ေတာ္မွာရွိတဲ့ ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူတဦးကေတာ့ အဲဒီေဒသကို အကူအညီေတြ ေပးပို႔ဖို႔အတြက္ သက္ဆိုင္ရာအဖြဲ႕ အစည္းေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ၿပီး ဆက္လက္ အေကာင္အထည္ေဖာ္သြားမယ္လို႔ေျပာပါတယ္။ အဲဒီ HTS အစၥလာမၼစ္ လက္နက္ကိုင္အဖြဲ႕ကို ကုလသမဂၢနဲ႔ အေမရိကန္က အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ငလျင်ဒုက္ခသည်တွေအတွက် အကူအညီ အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့က ခွင့်မပြု

ဆီးရီးယားနိုင်ငံက အစိုးရထိန်းချုပ်ထားတဲ့ဒေသကိုဖြတ်ပြီး ငလျင်ဘေးအတွက်ပေးမဲ့အကူအညီတွေကို အနောက်မြောက်ပိုင်းဒေသကိုထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့က ခွင့်မပြုဘူးလို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့က ပြောပါတယ်။

အဖွဲ့ပေါင်းစုံရှုပ်ထွေးပြီး ပြည်တွင်းစစ် ၁၂ နှစ်ကြာဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ဒေသနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့တူရကီနိုင်ငံမှာ မကြာသေးခင်က ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း အနည်းဆုံး ၃ သောင်းနီးပါး သေဆုံးပြီး ပျက်စီးမှုတွေလည်း များပြားပါတယ်။ အဲဒီလို ဆီးရီးယားဘက်က အခြေအနေကြောင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲတွေ ကြုံနေကြရပါတယ်။

ငလျင်ဒဏ်ကြောင့် ဆီးရီးယားဘက်အပိုင်းမှာ သေဆုံးသူက ၃,၅၀၀ လောက်ရှိပြီး အများစုက Hayat Tahrir al-Sham (HTS) အစ္စလာမ္မစ် လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာမှာဖြစ်ပါတယ်။ ရှေ့တန်းမျက်နှာစာတွေမှာ အစိုးရတပ်ဖွဲ့တွေက ရင်ဆိုင်ပိတ်ဆို့ထားတဲ့အတွက် အဲဒီဒေသဟာ အကူအညီအနည်းငယ်သာ ရရှိကြပါတယ်။ သူတို့အတွက် အဓိက တူရကီနိုင်ငံနဲ့သာ နယ်စပ်ထွက်ပေါက် တခုပဲရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားအစိုးရကနေ အဲဒီ အစ္စလာမ္မစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငလျှင်ဒဏ်ခံအနောက်မြောက်ပိုင်းကို အကူအညီတွေပေးပို့ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။ အစိုးရဘက်ကနေ ပေးပို့တာကိုတော့ လက်မခံငြင်းပယ်ပြီး တူရကီနိုင်ငံဘက်ကနေ လာပို့တာကိုပဲလက်ခံမယ်လို့ အဲဒီအဖွဲ့ရဲ့ပြောခွင့်ရမဟုတ်တဲ့သူတွေကတဆင့် Reuteurs သတင်းဌာနက သိရပါတယ်။

ဆီးရီးယား နိုင်ငံ Damascus မြို့တော်မှာရှိတဲ့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ အဲဒီဒေသကို အကူအညီတွေ ပေးပို့ဖို့အတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ပြောပါတယ်။ အဲဒီ HTS အစ္စလာမ္မစ် လက်နက်ကိုင်အဖွဲ့ကို ကုလသမဂ္ဂနဲ့ အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။

XS
SM
MD
LG