[[Zawgyi/Unicode]]
အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ သီတင္းတပတ္ေက်ာ္အၾကာ တနလၤာေန႔မွာလည္း အပ်က္အစီးေတြၾကားကေန အသက္ရွင္လြတ္ေျမာက္သူေတြကို တူရကီကယ္ဆယ္ေရး သမားေတြ ဆြဲထုတ္ႏိုင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ အသက္ရွင္လြတ္ေျမာက္သူေတြ ထပ္ၿပီး ေတြ႕ရဖို႔ ေမွ်ာ္လင့္ခ်က္ကေတာ့ နည္းလာေနပါတယ္။
Gaziantep ျပည္နယ္ Islahiye ၿမိဳ႕မွာ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးတဦးကို ကယ္တင္ႏိုင္ခဲ့သလို Hatay ျပည္နယ္မွာေတာ့ အပ်က္အစီးပုံၾကားမွာ ၁၈၂ နာရီ ရွာေဖြအၿပီးမွာေတာ့ အသက္ ၁၃ ႏွစ္အ႐ြယ္ ေယာက္က်ားေလးတဦးကို ကယ္ဆယ္ႏိုင္ခဲ့ၾကပါတယ္။ တနလၤာေန႔မွာ အသက္ရွင္လြတ္ေျမာက္လာသူေတြကို ကယ္ဆယ္ေနတဲ့ျမင္ကြင္းေတြကို တူရကီ ႐ုပ္သံကလည္း ထုတ္လႊင့္ခဲ့ပါတယ္။ ဒါေပမဲ့ အေဆာက္အအုံပ်က္ေတြထဲမွာ ေနာက္ထပ္ အသက္ရွင္လြတ္ေျမာက္သူေတြ ထပ္ၿပီး ရွာေဖြႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ကေတာ့ နည္းသြားၿပီလို႔ ကြၽမ္းက်င္သူေတြက သတိေပးပါတယ္။
အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြေရးအတြက္ အစိုးရဘက္က ထိထိေရာက္ေရာက္ မလုပ္ဘူးလို႔ Samandag နဲ႔ Hatay တို႔က ေဒသခံေတြက ေျပာပါတယ္။ ကူညီေဆာင္႐ြက္သူေတြနဲ႔ ရပ္႐ြာတြင္းက ရွာေဖြကယ္ဆယ္ေရးလုပ္ေနရၿပီး အစိုးရကမလုပ္ဘူးလို႔ ငလ်င္ဒဏ္က လြတ္ေျမာက္လာသူတဦးက ဗြီအိုေအ တူရကီဌာနကိုေျပာပါတယ္။
Gaziantep ေဒသကို ဗဟိုျပဳလႈပ္ခတ္ခဲ့တဲ့အင္အားျပင္းငလ်င္ေၾကာင့္ ေသဆုံးသူအနည္းဆုံး ၃၁,၆၄၃ ဦးရွိေၾကာင္း တူရကီအာဏာပိုင္တို႔ကလည္း ေျပာဆိုထားပါတယ္။ တူရကီရဲ႕ တဖက္ နယ္စပ္မွာရွိတဲ့ ဆီးရီးယားေျမာက္ပိုင္းေဒသမွာေတာ့ ေသဆုံးသူ ၄,၃၀၀ နဲ႔ ဒဏ္ရာရသူ ၇,၆၀၀ ရွိေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာတာဝန္ရွိသူေတြက တနလၤာေန႔မွာ ေျပာဆိုထားပါတယ္။
===============
[[Unicode]]
တူရကီမှာ ငလျင်ဒဏ်က အသက်မသေကျန်ရစ်သူတချို့ ထပ်မံတွေ့ရှိ
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သီတင်းတပတ်ကျော်အကြာ တနင်္လာနေ့မှာလည်း အပျက်အစီးတွေကြားကနေ အသက်ရှင်လွတ်မြောက်သူတွေကို တူရကီကယ်ဆယ်ရေး သမားတွေ ဆွဲထုတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အသက်ရှင်လွတ်မြောက်သူတွေ ထပ်ပြီး တွေ့ရဖို့ မျှော်လင့်ချက်ကတော့ နည်းလာနေပါတယ်။
Gaziantep ပြည်နယ် Islahiye မြို့မှာ အသက် ၄၀ အရွယ် အမျိုးသမီးတဦးကို ကယ်တင်နိုင်ခဲ့သလို Hatay ပြည်နယ်မှာတော့ အပျက်အစီးပုံကြားမှာ ၁၈၂ နာရီ ရှာဖွေအပြီးမှာတော့ အသက် ၁၃ နှစ်အရွယ် ယောက်ကျားလေးတဦးကို ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ တနင်္လာနေ့မှာ အသက်ရှင်လွတ်မြောက်လာသူတွေကို ကယ်ဆယ်နေတဲ့မြင်ကွင်းတွေကို တူရကီ ရုပ်သံကလည်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမဲ့ အဆောက်အအုံပျက်တွေထဲမှာ နောက်ထပ် အသက်ရှင်လွတ်မြောက်သူတွေ ထပ်ပြီး ရှာဖွေနိုင်ဖို့ မျှော်လင့်ချက်ကတော့ နည်းသွားပြီလို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရေးအတွက် အစိုးရဘက်က ထိထိရောက်ရောက် မလုပ်ဘူးလို့ Samandag နဲ့ Hatay တို့က ဒေသခံတွေက ပြောပါတယ်။ ကူညီဆောင်ရွက်သူတွေနဲ့ ရပ်ရွာတွင်းက ရှာဖွေကယ်ဆယ်ရေးလုပ်နေရပြီး အစိုးရကမလုပ်ဘူးလို့ ငလျင်ဒဏ်က လွတ်မြောက်လာသူတဦးက ဗွီအိုအေ တူရကီဌာနကိုပြောပါတယ်။
Gaziantep ဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအနည်းဆုံး ၃၁,၆၄၃ ဦးရှိကြောင်း တူရကီအာဏာပိုင်တို့ကလည်း ပြောဆိုထားပါတယ်။ တူရကီရဲ့ တဖက် နယ်စပ်မှာရှိတဲ့ ဆီးရီးယားမြောက်ပိုင်းဒေသမှာတော့ သေဆုံးသူ ၄,၃၀၀ နဲ့ ဒဏ်ရာရသူ ၇,၆၀၀ ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာတာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောဆိုထားပါတယ်။