[[Zawgyi/Unicode]]
တူရကီႏိုင္ငံနဲ႔ ဆီးရီးယားႏိုင္ငံနယ္စပ္မွာ တနလၤာေန႔ကလႈပ္သြားတဲ့ ၇.၈ အဆင့္ရွိ အင္အားျပင္းငလ်င္ေၾကာင့္ ေသဆုံးသူ ၃,၄၀၀ ေက်ာ္ထိရွိလာၿပီျဖစ္သလို အပ်က္အစီးပုံေအာက္မွာလည္းလူေတြပိတ္မိေနပါေသးတယ္။
“လူအေတာ္မ်ားမ်ားကိုဆက္သြယ္လို႔မရေသးပါဘူး။ လက္ရွိမွာေတာ့ အပ်က္အစီးပုံေအာက္က အသံႏွစ္ခုေတာ့ၾကားရပါတယ္။ ရွာေဖြကယ္ဆယ္ေရးလည္းဆက္လုပ္ေနပါတယ္။ က်ေနာ္တို႔လည္း အေတာ္ ထိခိုက္ဝမ္းနည္းေနရပါတယ္။" လို႔ ငလ်င္ဒဏ္ႀကဳံခဲ့ရတဲ့ေဒသခံ ခါရာမန္မာရာ ကေျပာတာပါ။
တူရကီႏိုင္ငံမွာေသဆုံးသူ ၂,၃၁၆ ဦးနဲ႔ ဒဏ္ရာရသူ ၁၃,၀၀၀ ေက်ာ္ရွိေၾကာင္း အစိုးရတာဝန္ရွိသူေတြကေျပာပါတယ္။ ၿပိဳက်ပ်က္စီးခဲ့တဲ့အေဆာက္အအုံ အနည္းဆုံး ၅,၆၀၀ ေက်ာ္ရွိၿပီး အသက္ရွင္လ်က္ကယ္တင္ႏိုင္ခဲ့သူ ၇,၈၀၀ ေက်ာ္တယ္လို႔လည္းေျပာပါတယ္။ ဆီးရီးယားမွေတာ့ ေသဆုံးသူ ၁,၄၄၄ ဦးနဲ႔ ဒဏ္ရာရသူ ၃,၅၀၀ ေက်ာ္ရွိေၾကာင္း ဆီးရီးယားအစိုးရက ေျပာပါတယ္။
ေရခဲမွတ္ေအာက္ေရာက္ေအာင္ ေအးတဲ့ရာသီဥတုေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ အိုးအိမ္ဆုံးရႈံးခဲ့ရသူေတြအတြက္ေရာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းပါ အခက္ႀကဳံေနရပါတယ္။ ငလ်င္ဗဟိုခ်က္ျဖစ္တဲ့ တူရကီႏိုင္ငံ၊ ခါရမန္မာရာၿမိဳ႕က အပ်က္အစီးပုံေတြေအာက္မွာ အသက္ရွင္က်န္ရစ္သူေတြကို အပူတျပင္း လိုက္လံရွာေဖြေနတာကိုလည္း ႐ိုက္တာသတင္းတရပ္မွာေဖာ္ျပပါတယ္။
မနက္အ႐ုဏ္မတက္ခင္မွာ ငလ်င္လႈပ္သြားၿပီး နာရီပိုင္းအၾကာ ေန႔ခင္းပိုင္းေလာက္မွာေတာ့ ျပင္းအား ၇.၇ အဆင့္ ေနာက္ဆက္တြဲငလ်င္တခု ထပ္လႈပ္သြားပါတယ္။ ဒုတိယငလ်င္ေၾကာင့္ ေနာက္ထပ္အေဆာက္အအုံေတြၿပိဳက်ခဲ့ပါတယ္။ ငလ်င္တုန္ခါမႈကိုေဒသတခုလုံး ခံစားခဲ့ရသလို ရွာေဖြကယ္ဆယ္ေရးလုပ္ကိုင္ေနတဲ့ ဝန္ထမ္းေတြရဲ႕ အသက္အႏၲရာယ္ထိခိုက္မွာကိုလည္း စိုးရိမ္ေနၾကပါတယ္။
အပ်က္အစီးပုံေတြ ဆက္လက္ဖယ္ရွားေနတဲ့အတြက္ ေသဆုံးဒဏ္ရာရသူ ဘယ္ေလာက္တိုးလာမလဲဆိုတာမ သိရေသးဘူးလို႔ တူရကီသမၼတ Recep Tayyip Erdogan ကေျပာပါတယ္။
==================
[[Unicode]]
သေဆုံးသူ ၃,၄၀၀ ကျော်ပြီဖြစ်တဲ့ တူရကီငလျင် ရှာဖွေကယ်ဆယ်ရေး အခက်ကြုံ
တူရကီနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံနယ်စပ်မှာ တနင်္လာနေ့ကလှုပ်သွားတဲ့ ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၃,၄၀၀ ကျော်ထိရှိလာပြီဖြစ်သလို အပျက်အစီးပုံအောက်မှာလည်းလူတွေပိတ်မိနေပါသေးတယ်။
“လူအတော်များများကိုဆက်သွယ်လို့မရသေးပါဘူး။ လက်ရှိမှာတော့ အပျက်အစီးပုံအောက်က အသံနှစ်ခုတော့ကြားရပါတယ်။ ရှာဖွေကယ်ဆယ်ရေးလည်းဆက်လုပ်နေပါတယ်။ ကျနော်တို့လည်း အတော် ထိခိုက်ဝမ်းနည်းနေရပါတယ်။" လို့ ငလျင်ဒဏ်ကြုံခဲ့ရတဲ့ဒေသခံ ခါရာမန်မာရာ ကပြောတာပါ။
တူရကီနိုင်ငံမှာသေဆုံးသူ ၂,၃၁၆ ဦးနဲ့ ဒဏ်ရာရသူ ၁၃,၀၀၀ ကျော်ရှိကြောင်း အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ ပြိုကျပျက်စီးခဲ့တဲ့အဆောက်အအုံ အနည်းဆုံး ၅,၆၀၀ ကျော်ရှိပြီး အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သူ ၇,၈၀၀ ကျော်တယ်လို့လည်းပြောပါတယ်။ ဆီးရီးယားမှတော့ သေဆုံးသူ ၁,၄၄၄ ဦးနဲ့ ဒဏ်ရာရသူ ၃,၅၀၀ ကျော်ရှိကြောင်း ဆီးရီးယားအစိုးရက ပြောပါတယ်။
ရေခဲမှတ်အောက်ရောက်အောင် အေးတဲ့ရာသီဥတုကြောင့် ထောင်နဲ့ချီတဲ့ အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေအတွက်ရော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းပါ အခက်ကြုံနေရပါတယ်။ ငလျင်ဗဟိုချက်ဖြစ်တဲ့ တူရကီနိုင်ငံ၊ ခါရမန်မာရာမြို့က အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း လိုက်လံရှာဖွေနေတာကိုလည်း ရိုက်တာသတင်းတရပ်မှာဖော်ပြပါတယ်။
မနက်အရုဏ်မတက်ခင်မှာ ငလျင်လှုပ်သွားပြီး နာရီပိုင်းအကြာ နေ့ခင်းပိုင်းလောက်မှာတော့ ပြင်းအား ၇.၇ အဆင့် နောက်ဆက်တွဲငလျင်တခု ထပ်လှုပ်သွားပါတယ်။ ဒုတိယငလျင်ကြောင့် နောက်ထပ်အဆောက်အအုံတွေပြိုကျခဲ့ပါတယ်။ ငလျင်တုန်ခါမှုကိုဒေသတခုလုံး ခံစားခဲ့ရသလို ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ထိခိုက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။
အပျက်အစီးပုံတွေ ဆက်လက်ဖယ်ရှားနေတဲ့အတွက် သေဆုံးဒဏ်ရာရသူ ဘယ်လောက်တိုးလာမလဲဆိုတာမ သိရသေးဘူးလို့ တူရကီသမ္မတ Recep Tayyip Erdogan ကပြောပါတယ်။