သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္မွာ ဗလီေက်ာင္း အေသခံဗုံးခဲြတိုက္ခိုက္မႈ ၆၀ ေက်ာ္ေသ 


Pakistan Mosque Bombing

[[Zawgyi/Unicode]]

ပါကစၥတန္ အေနာက္ေျမာက္ဘက္က ဗလီေက်ာင္းတခုမွာ တနလၤာေန႔က လူေတြျပည့္ေနခ်ိန္ အင္အားျပင္းဗုံးတလုံး ေပါက္ကဲြမႈေၾကာင့္ အနည္းဆုံး ၆၁ ေယာက္ ေသဆုံးၿပီး ၁၅၀ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။

ဘာသာေရးဆရာက ဦးေဆာင္ၿပီး ဝတ္ျပဳဆုေတာင္းပဲြစခ်ိန္မွာပဲ ေပါက္ကဲြမႈျဖစ္ခဲ့ၿပီး သတိလစ္ေမ့ေမ်ာသြားခဲ့ေၾကာင္း တနလၤာေန႔ မြန္းလဲြပိုင္း တိုက္ခိုက္မႈမွာ အသက္မေသ လြတ္ေျမာက္လာသူတေယာက္က ဗြီအိုေအကို ေျပာပါတယ္။ Khyber Pakhtunkhwa ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ Peshawar ၿမိဳ႕ အခ်က္အျခာေနရာကဗလီမွာ အေသခံဗုံးခဲြတိုက္ခိုက္ခဲ့တာလို႔လည္း ရဲတပ္ဖဲြ႔က ေျပာပါတယ္။

ေဒသခံ အႀကီးတန္းရဲအရာရွိတေယာက္က ေသဆုံးသူအေရအတြက္ကို ဗြီအိုေအကို အတည္ျပဳခဲ့သလို ဝတ္ျပဳသူေတြထဲက ေပ်ာက္ဆုံးေနသူေတြ ရွိေနေသးၿပီး ဘယ္သူဘယ္ဝါဆိုတာ မသိရေသးတဲ့သူေတြ ရွိေနေသးတာေၾကာင့္ ေသဆုံးသူေနာက္ထပ္ တိုးလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။ ဒါဇင္နဲ႔ခ်ီတဲ့ ဒဏ္ရာရသူေတြ ေဆး႐ုံကိုေရာက္လာေၾကာင္း ၿမိဳ႕ခံေဆး႐ုံတာဝန္ရွိသူေတြ အတည္ျပဳခဲ့သလို တခ်ဳိ႕ကေတာ့ ဒဏ္ရာျပင္းထန္တယ္လို႔လည္း ေျပာပါတယ္။

ထိခိုက္ေသဆုံးသူအမ်ားစုဟာ နယ္ခံရဲတပ္ဖဲြ႔ဝင္ေတြ ျဖစ္ၾကပါတယ္။ ျပင္းထန္တဲ့ ေပါက္ကဲြမႈေၾကာင့္ ဗလီေခါင္မိုး ၿပိဳက်သြားခဲ့တယ္လို႔လည္း အေရးေပၚကယ္ဆယ္ေရးေတြနဲ႔ အသက္မေသ လြတ္ေျမာက္လာသူေတြက ေျပာပါတယ္။ ဗလီေက်ာင္း အေသခံဗုံးခဲြတိုက္ခိုက္မႈအတြက္ ဝန္ႀကီးခ်ဳပ္ Shahbaz Sharif က ျပစ္တင္႐ႈတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူေတြကိုလည္း ေဆး႐ုံမွာ သြားေရာက္ၾကည့္ရႈခဲ့တာပါ။

ဝန္ႀကီးခ်ဳပ္ေဟာင္း Imran Khan ကလည္း အၾကမ္းဖက္ဝါဒီ အေသခံဗုံးခဲြတိုက္ခိုက္မႈအျဖစ္ Twitter လူမႈကြန္ရက္ကေန ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။ လုံျခံဳေရးတပ္ဖဲြ႔ဝင္ေတြနဲ႔ အစိုးရတာဝန္ရွိသူေတြ သြားေလ့ရွိတဲ့ ဗလီေက်ာင္းတိုက္ခိုက္မႈအတြက္ လတ္တေလာ ဘယ္သူကမွ သူတို႔လက္ခ်က္အျဖစ္ ေျပာတာမရွိသလို ပါကစၥတန္တာလီဘန္အဖဲြ႔ကလည္း သူတို႔လက္ခ်က္မဟုတ္ေၾကာင္း ျငင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ပါကစ္စတန်မှာ ဗလီကျောင်း အသေခံဗုံးခွဲတိုက်ခိုက်မှု ၆၀ ကျော်သေ

ပါကစ္စတန် အနောက်မြောက်ဘက်က ဗလီကျောင်းတခုမှာ တနင်္လာနေ့က လူတွေပြည့်နေချိန် အင်အားပြင်းဗုံးတလုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၆၁ ယောက် သေဆုံးပြီး၊ ၁၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဘာသာရေးဆရာက ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းပွဲစချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သတိလစ်မေ့မျောသွားခဲ့ကြောင်း တနင်္လာနေ့ မွန်းလွဲပိုင်း တိုက်ခိုက်မှုမှာ အသက်မသေ လွတ်မြောက်လာသူတယောက်က ဗွီအိုအေကို ပြောပါတယ်။ Khyber Pakhtunkhwa ပြည်နယ်ရဲ့မြို့တော် Peshawar မြို့ အချက်အခြာနေရာကဗလီမှာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒေသခံ အကြီးတန်းရဲအရာရှိတယောက်က သေဆုံးသူအရေအတွက်ကို ဗွီအိုအေကို အတည်ပြုခဲ့သလို ဝတ်ပြုသူတွေထဲက ပျောက်ဆုံးနေသူတွေ ရှိနေသေးပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့သူတွေ ရှိနေသေးတာကြောင့် သေဆုံးသူနောက်ထပ် တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေ ဆေးရုံကိုရောက်လာကြောင်း မြို့ခံဆေးရုံတာဝန်ရှိသူတွေ အတည်ပြုခဲ့သလို တချို့ကတော့ ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြောပါတယ်။

ထိခိုက်သေဆုံးသူအများစုဟာ နယ်ခံရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဗလီခေါင်မိုး ပြိုကျသွားခဲ့တယ်လို့လည်း အရေးပေါ်ကယ်ဆယ်ရေးတွေနဲ့ အသက်မသေ လွတ်မြောက်လာသူတွေက ပြောပါတယ်။ ဗလီကျောင်း အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် ဝန်ကြီးချုပ် Shahbaz Sharif က ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း Imran Khan ကလည်း အကြမ်းဖက်ဝါဒီ အသေခံဗုံးခွဲတိုက်ခိုက်မှုအဖြစ် Twitter လူမှုကွန်ရက်ကနေ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ သွားလေ့ရှိတဲ့ ဗလီကျောင်းတိုက်ခိုက်မှုအတွက် လတ်တလော ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ပြောတာမရှိသလို ပါကစ္စတန်တာလီဘန်အဖွဲ့ကလည်း သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG