သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္မွာ အေသခံဗုံးခဲြတုိက္ခုိက္မႈေၾကာင့္ ေသဆုံးသူ အနည္းဆုံး ၁၀၀ ရွိ 


Pakistan Mosque Bombing

[[Zawgyi/Unicode]]

ပါကစၥတန္ႏိုင္ငံအေနာက္ေျမာက္ပိုင္းက ဗလီတခုမွာ တနလၤာေန႔က အေသခံဗုံးခြဲ တုိက္ခုိက္မႈေၾကာင့္ ေသဆုံးသူအနည္းဆုံး ၁၀၀ ထိ ရွိသြားပါၿပီ။ အေသခံဗုံးခြဲသမားက ဝတ္ျပဳသူေတြရဲ ႔ေရွ႕ဆုံးတန္းမွာရပ္ၿပီး ဗုံးေဖာက္ခြဲခဲ့တာျဖစ္တယ္လို႔ ပါကစၥတန္ကာကြယ္ေရးဝန္ႀကီးကေျပာပါတယ္။

"ဗုံးခြဲသမားေတြ ဗလီထဲဝင္ႏိုင္တာ က်ေနာ္တို႔အတြက္ သိပ္ကို စိုးရိမ္စရာေကာင္းပါတယ္။ လူေတာ္ေတာ္မ်ားမ်ားလည္း အသက္ဆုံး႐ႈံးခဲ့ရပါတယ္။" လုိ႔ ပါကစၥတန္ကာကြယ္ေရးဝန္ႀကီး Khawaja Asif ကေျပာသြားတာပါ။

Khyber Pakhtunkhwa ေဒသၿမိဳ႕ေတာ္ျဖစ္တဲ့ ပက္ရွ္ဝါၿမိဳ႕အလယ္က ဗုံးခြဲတိုက္ခိုက္မႈမွာ ထိခိုက္ဒဏ္ရာရသူက ၁၅၀ ေက်ာ္ရွိပါတယ္။ အဂၤါေန႔ထိ အပ်က္အစီးပုံေတြၾကား အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြေကယ္ဆယ္ေရးေတြ ဆက္လုပ္ခဲ့တာပါ။ ေပါက္ကြဲမႈကအားျပင္းလြန္းတဲ့အတြက္ ဗလီေခါင္မိုးလည္း ၿပိဳက်ခဲ့ပါတယ္။

လုံျခဳံေရးတပ္ဖြဲ႔ဝင္ေတြနဲ႔ အစိုးရအရာရွိေတြ မၾကာခဏလာေရာက္ဝတ္ျပဳေလ့ရွိတဲ့ ဗလီျဖစ္တာေၾကာင့္ ေသဆုံးသူအမ်ားစုက ေဒသခံ ရဲတပ္ဖဲြ႔ဝင္ေတြ ျဖစ္ၾကပါတယ္။ လုပ္႐ိုးလုပ္စဥ္အတိုင္း မြန္းလဲြပုိင္း ဝတ္ျပဳခ်ိန္မွာ ဗုံးေပါက္ကြဲခဲ့တာပါ။ တိ္ုက္ခိုက္ရတဲ့အေၾကာင္းရင္းနဲ႔ပတ္သက္လို႔ ရဲအရာရွိေတြက ခ်က္ခ်င္းထုတ္ျပန္တာမရွိေသးဘဲ စုံစမ္းစစ္ေဆးေနဆဲလို႔သာေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ Shahbaz Sharif ကလည္း ဒီတိုက္ခိုက္မႈကိုေၾကညာခ်က္ထုတ္ၿပီး ျပစ္တင္႐ႈတ္ခ်ထားပါတယ္။ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း Imran Khan ကလည္း ဒါဟာ အေသခံတိုက္ခိုက္တဲ့ အၾကမ္းဖက္သမားျဖစ္တယ္ဆိုၿပီး တြစ္တာစာမ်က္ႏွာကေန ျပစ္တင္႐ႈတ္ခ်ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{Unicode]]

ပါကစ္စတန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၀၀ ရှိ

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းက ဗလီတခုမှာ တနင်္လာနေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူအနည်းဆုံး ၁၀၀ ထိ ရှိသွားပါပြီ။ အသေခံဗုံးခွဲသမားက ဝတ်ပြုသူတွေရဲ့ရှေ့ဆုံးတန်းမှာရပ်ပြီး ဗုံးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

"ဗုံးခွဲသမားတွေ ဗလီထဲဝင်နိုင်တာ ကျနော်တို့အတွက် သိပ်ကို စိုးရိမ်စရာကောင်းပါတယ်။ လူတော်တော်များများလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။" လို့ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး Khawaja Asif ကပြောသွားတာပါ။

Khyber Pakhtunkhwa ဒေသမြို့တော်ဖြစ်တဲ့ ပက်ရှ်ဝါမြို့အလယ်က ဗုံးခွဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူက ၁၅၀ ကျော်ရှိပါတယ်။ အင်္ဂါနေ့ထိ အပျက်အစီးပုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကေယ်ဆယ်ရေးတွေ ဆက်လုပ်ခဲ့တာပါ။ ပေါက်ကွဲမှုကအားပြင်းလွန်းတဲ့အတွက် ဗလီခေါင်မိုးလည်း ပြိုကျခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရအရာရှိတွေ မကြာခဏလာရောက်ဝတ်ပြုလေ့ရှိတဲ့ ဗလီဖြစ်တာကြောင့် သေဆုံးသူအများစုက ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း မွန်းလွဲပိုင်း ဝတ်ပြုချိန်မှာ ဗုံးပေါက်ကွဲခဲ့တာပါ။ တိုက်ခိုက်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ ရဲအရာရှိတွေက ချက်ချင်းထုတ်ပြန်တာမရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲလို့သာပြောပါတယ်။

ဝန်ကြီးချုပ် Shahbaz Sharif ကလည်း ဒီတိုက်ခိုက်မှုကိုကြေညာချက်ထုတ်ပြီး ပြစ်တင်ရှုတ်ချထားပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကလည်း ဒါဟာ အသေခံတိုက်ခိုက်တဲ့ အကြမ်းဖက်သမားဖြစ်တယ်ဆိုပြီး တွစ်တာစာမျက်နှာကနေ ပြစ်တင်ရှုတ်ချရေးသားထားပါတယ်။

XS
SM
MD
LG