သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီကိုခုံရုံးတင်အရေးယူဖို့ ကုလလုံခြုံရးကောင်စီကိုတိုက်တွန်း 


အမျိုးသမီးတွေအပါအဝင် မြန်မာလူထုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကို နိုင်ငံတကာက မျက်ကွယ်ပြုမထားဖို့ နယူးယောက် ကုလလုံခြုံရေးကောင်စီဆွေးနွေးပွဲမတိုင်ခင် မြန်မာအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက ကုလဌာနချုပ်သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုစဉ်။ (မတ်လ ၁၃၊ ၂၀၂၃)
အမျိုးသမီးတွေအပါအဝင် မြန်မာလူထုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကို နိုင်ငံတကာက မျက်ကွယ်ပြုမထားဖို့ နယူးယောက် ကုလလုံခြုံရေးကောင်စီဆွေးနွေးပွဲမတိုင်ခင် မြန်မာအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက ကုလဌာနချုပ်သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုစဉ်။ (မတ်လ ၁၃၊ ၂၀၂၃)

{{Zawgyi/Unicode}}

မြန်မာစစ်ကောင်စီဟာ အမျိုးသမီးတွေအပါအဝင် မြန်မာလူထုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေပြီး ဒါကို နိုင်ငံတကာအနေနဲ့မျက်ကွယ်ပြုမထားဖို့ မြန်မာအမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တခါးပိတ်ဆွေးနွေးပွဲမတိုင်ခင်အချိန်လေးမှာပဲ နယူးယောက် ကုလသမဂ္ဂဌာနချုပ် သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာအမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူတွေက အခုလို ပြောဆိုတိုက်တွန်းတာပါ။

"ကျားမ တန်းတူရှိရေးအောင်မြင်ဖို့ဆိုရင် စစ်ဝါဒအဆုံးသတ်ရပါမယ်။ ဒီစစ်တပ်က ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာတွေ အဆုံးသတ်ရမယ်လို့ ကျမတို့ မြန်မာအမျိုးသမီးတွေ ယုံကြည်ပါတယ်။ ဒီ စစ်တပ်မှာ အာဏာလက်ကိုင်ရှိနေသရွေ့တော့ အမျိုးသမီးအခွင့်အရေးနဲ့ ကျားမတန်းတူမှုဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျမတို့ သိထားပါတယ်။ မြန်မာနိုင်ငံကိုအုပ်ချုပ်နိုင်ဖို့ တရားဝင်မှုဟာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေမှာပဲ ရှိပါတယ်။ မြန်မာပြည်သူအများစုက ဒီလိုပဲ အသိအမှတ်ပြုထားပါတယ်။" ဆိုပြီး မြန်မာအမျိုးသမီးအခွင့်အရေးလှုပ်ရှားတက်ကြွသူ မမေစပယ်ဖြူက ပြောသွားတာပါ။

ဒီ ရှင်းလင်းပွဲကို ကုလသမဂ္ဂဆိုင်ရာ နော်ဝေနိုင်ငံကိုယ်စားလှယ်ရုံးက ကမကထပြုစီစဉ်ပြီး ကုလသမဂ္ဂဆိုင်ရာ နော်ဝေးအမြဲတမ်းကိုယ်စားလှယ် Mona Juul ကလည်း မြန်မာနိုင်ငံအနာဂတ်အတွက် အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်ခွင့်ရဖို့နဲ့ အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းတွေကို အကာအကွယ်ပေးဖို့ အရေးကြီးတယ်လို့လည်း ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြေညာဖို့နဲ့ သူတို့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်ခုံရုံးကိုတင်ဖို့လည်း မြန်မာအမျိုးသမီးအရေးလှုပ်ရှားသူတွေက လုံခြုံရေးကောင်စီကိုတောင်းဆိုတိုက်တွန်းပါတယ်။ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံမယ့်အစား ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံအသိအမှတ်ပြုဖို့ အိမ်နီးချင်းတွေကိုရော ကုလသမဂ္ဂကိုပါ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်းရှိနေပြီး မြန်မာအမျိုးသမီးတွေကို ဒီအခြေအနေတွေက ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။ ဒီမိုကရေစီလိုလားတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပြီး အများစုဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုဟာ ဦးဆောင်မှုအခန်းကဏ္ဍက ရှိနေကြတယ်လို့ မြန်မာအမျိုးသမီးလှုပ်ရှားသူနောက်တဦးဖြစ်တဲ့ နော်ဆေးဆေးက ပြောပါတယ်။ ဒီ အမျိုးသမီးတွေထဲမှာ မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာရေး၊ အသက်အရွယ်နောက်ခံအသီးသီးရှိကြတယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

==================

{{Unicode}}







XS
SM
MD
LG