သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်သတ်ဖြတ်မှုများ ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ


ရွာအနီးအနားမှာတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းများကိုမီးရှို့ဖို့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာမှာ ပြင်ဆင်နေကြသည်ကိုတွေ့ရစဉ် (မတ် ၂၊ ၂၀၂၃)
ရွာအနီးအနားမှာတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းများကိုမီးရှို့ဖို့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာမှာ ပြင်ဆင်နေကြသည်ကိုတွေ့ရစဉ် (မတ် ၂၊ ၂၀၂၃)

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်းနဲ့ တခြားသောဒေသတွေမှာ ရက်ရက်စက်စက်တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ရှုတ်ချလိုက်ပါတယ်။

မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဆင်အခြင်မဲ့တိုက်ခိုက်မှုတွေ ဆက်ပြီး ဖြစ်နေတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အထူးစိုးရိမ်ကြောင်းနဲ့ တာဝန်ရှိသူတွေတာဝန်ခံကြဖို့ကိုလည်း တောင်းဆိုလိုက်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာလုပ်တဲ့ ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့ နိုင်ငံတကာလူသားချင်း စာနာမှုဆိုင်ရာဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံတွင်း လတ်တလောတိုက်ခိုက်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို အတည်ပြုရေးအတွက် ကုလသမဂ္ဂက ဆက်လက်ဆောင်ရွက်နေပြီး နိုင်ငံတွင်းမှာ သွားလာခွင့်မရှိတဲ့အချက်၊ အင်တာနက်နဲ့ မိုလ်ဘိုင်းဆက်သွယ်ရေး ကွန်ရက်တွေ အများအပြား ဖြတ်တောက်မှုတွေကြောင့် အခက်အခဲဖြစ်ရကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလဆန်းပိုင်းမှာပဲ စစ်ကိုင်းတိုင်း အတွင်းက မြို့နယ် ၁၄ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းအတွင်းက ဒေသတချို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြားတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာကြောင်းနဲ့ ဒေသခံတွေသတ်ဖြတ်ခံရတယ်ဆိုပြီးလည်း စစ်ကိုင်း ဒေသခံတွေက မတ်လပထမပတ်အတွင်းမှာပဲ ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}






XS
SM
MD
LG