သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ် ရုရှားအောင်ပွဲခံနိုင်မည်မဟုတ် (သမ္မတဘိုင်ဒန်) 


ယူကရိန်းကို ရုရှားကျူးကျော်စစ်နှစ်ပတ်လည်အထိမ်းအမှတ်နေ့ကျင်းပရာ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မိန့်ခွန်းပြောကြားစဉ်။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃)
ယူကရိန်းကို ရုရှားကျူးကျော်စစ်နှစ်ပတ်လည်အထိမ်းအမှတ်နေ့ကျင်းပရာ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မိန့်ခွန်းပြောကြားစဉ်။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃)

{{Zawgyi/Unicode}}

ရုရှားကျူးကျော်မှုကို တနှစ်ပြည့်တဲ့အထိခုခံကာကွယ်နေကြတဲ့ ယူကရိန်းကို အကူအညီပေးဖို့ မိမိတို့ အနောက်မဟာမိတ်တွေအနေနဲ့ ရပ်ဆိုင်းသွားမှာမဟုတ်ဘူးလို့ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ အမေရိကန်သမ္မတ Joe Biden က ကတိပြုလိုက်ပါတယ်။

“လွန်ခဲ့တဲ့ ၁ နှစ်က Kyiv မြို့တော် ကျဆုံးမယ့်အရေးနဲ့ ကမ္ဘာကြီးရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုပဲအလည်ရောက်ခဲ့တဲ့ Kyiv ဟာ ကြံ့ကြံ့ခံနေဆဲပါပဲ။” လို့ အမေရိကန်သမ္မတ Joe Biden က ပိုလန်နိုင်ငံ၊ ဝါဆောမြို့က တော်ဝင်ရဲတိုက်ရှေ့ကကွင်းပြင်မှာ ထောင်ပေါင်းများစွာရှိကြတဲ့ ပိုလန်ပြည်သူတွေကို အင်္ဂါနေ့က ပြောကြားလိုက်တာပါ။ “ယူကရိန်းပြည်သူတွေဟာ ကြံ့ကြံ့ခိုင် ရပ်တည်နေကြပါတယ်။ အရေးကြီးဆုံးကတော့ သူတို့ဟာ လွတ်လပ်မှုအတွက် ရပ်တည်နေကြတာပါပဲ” လို့လည်း သမ္မတ Biden က ပြောပါတယ်။

ဒါ့ပြင် ယူကရိန်းကို ထောက်ပံ့ကူညီပေးနေတာတွေဟာလည်း ဘယ်တော့မှ လက်လျှော့သွားမှာမဟုတ်ဘူး၊ NATO ကာကွယ်ရေးအဖွဲ့ကြီးအနေနဲ့ ဘယ်တော့မှကွဲသွားမှာမဟုတ်ဘူး-လို့ သူက ကတိပြုပါတယ်။ ရုရှားတွေဟာ ယူကရိန်းအပေါ်မှာ ဘယ်တော့မှအနိုင်ရမှာမဟုတ်ကြောင်းနဲ့ မိမိတို့မဟာမိတ်တွေအနေနဲ့ NATO အဖွဲ့ဝင်မဟုတ်တဲ့ယူကရိန်းကို ကိုယ်ဖာသာကိုယ်ကာကွယ်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ထောက်ပံ့ပြီး ကူညီဖြေရှင်းသွားမယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}





XS
SM
MD
LG