သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို ႐ုရွားတိုက္ခိုက္မႈ စစ္ရာဇဝတ္မႈေျမာက္ႏိုင္လို႔ ICC က စစ္ေဆးဖြယ္ရွိ 


Kyiv ၿမိဳ႕ထဲပ်က္က်ခဲ့တဲ့ ေလယာဥ္ငယ္တစင္းကို ယူကရိန္းစစ္သားတဦးက စစ္ေဆးေနစဥ္။ (ေဖေဖၚဝါရီ ၂၅၊ ၂၀၂၂) 

[[Zawgyi/Unicode]]

႐ုရွားကယူကရိန္းကို ဝင္တိုက္အၿပီးမွာ War Crime စစ္ရာဇဝတ္မႈေျမာက္ႏိုင္တာကို ICC က စစ္ေဆးဖို႔ ရွိႏိုင္တယ္လို႔ ဆိုလိုက္ပါတယ္။

႐ုရွားက ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္ တိုက္ခိုက္ေနတဲ့ အေပၚမွာစိုးရိမ္ေၾကာင္းနဲ႔ အခုလို စစ္ရာဇဝတ္မႈေျမာက္ႏိုင္တာေၾကာင့္ ႏိုင္ငံတကာ ျပစ္မႈဆိုင္တရာတရားရံုး ICC အေနနဲ႔ စံုစမ္းစစ္ေဆးမႈေတြလုပ္ေကာင္း လုပ္လာႏိုင္တယ္လို႔ ICC တရားရံုး ေရွ႕ေန႔ခ်ဳပ္က ဆိုပါတယ္။ ICC ေရွ႕ေနခ်ဳပ္ Karim Khan က သူ႔အေနနဲ႔ အေျခအေနေတြကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီး စိုးရိမ္စရာေတြ ပိုမ်ား ေနလာတယ္လို႔ ဒီေန႔ ေၾကညာခ်က္ထုတ္ျပန္ေျပာလိုက္ပါတယ္။

ယူကရိန္းဝင္တိုက္တာက Crime against Humanity လူသားထုအေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈ ဒါမွမဟုတ္ စစ္ရာဇဝတ္မႈနဲ႔ Genocide လူမ်ိဳးတံုးသတ္ျဖတ္မႈ ေျမာက္ႏိုင္ေျခရွိမရွိ ICC လုပ္ပိုင္ခြင့္နဲ႔ စံုစမ္းစစ္ေဆးႏိုင္ေၾကာင္း သက္ဆိုင္သူအားလံုးကို သတိေပးလိုတယ္လို႔ သူက ဆက္ေျပာပါတယ္။

၂၀၁၄ ခုႏွစ္တုန္းကလည္း ယူကရိန္းပိုင္ ခ႐ိုင္းမီးယားေဒသကို ႐ုရွားသိမ္းယူခဲ့ၿပီးေနာက္ ယူကရိန္း အေရွ႕ပိုင္းမွာ ႐ုရွားလိုလားတဲ့ သူပုန္ေတြနဲ႔ ယူကရိန္းအစိုးရတပ္တြ တိုက္ခိုက္မႈဆက္တိုက္ ျဖစ္ပြားခဲ့တံုးကလည္း အလားတူ စစ္ေဆးမူေတြရွိခဲံပါတယ္။

အဲ့ဒီကစလို႔ ယူကရိန္း နယ္ေျမေတြအတြင္း လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈနဲ႔ စစ္ရာဇဝတ္မႈ က်ဴးလြန္တာေတြ ရွိ မရွိ ICC ရဲ႕ စံုးစမ္း စစ္ေဆးမႈေတြကို ယူကရိန္း အစိုးရဘက္က လက္ခံထားၿပီးသားျဖစ္ပါတယ္။

အဲ့ဒီေနာက္ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ ကနဦးစံုစမ္းစစ္ေဆးမႈေတြလုပ္ခဲ့တဲ့ ICC ေရွ႕ေနခ်ဳပ္ရံုးက ယူကရိန္း အေရွ႕ပိုင္း ပဋိပကၡအတြင္း စစ္ရာဇဝတ္မႈနဲ႔ တျခား ရာဇဝတ္မႈက်ဴးလြန္ခဲ့တယ္လို႔ ယူဆႏိုင္ေျခရွိေနတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ကနဦးစုံစမ္းစစ္ေဆးမႈေတြ ၿပီးသြားေပမယ့္ ၿပီးျပည့္စံုတဲ့ အေသးစိတ္စစ္ေဆးမႈေတြလုပ္ဖို႔မွာေတာ့ တရားသူႀကီးေတြထံ ပန္ၾကားခ်က္ မတင္သြင္းရေသးပါဘူ။ အခုလို စံုစမ္းစစ္ေဆးဖို႔က တရားသူႀကီးေတြရဲ႕ သေဘာတူညီခ်က္ အရင္ လိုအပ္ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ယူကရိန်းကို ရုရှားတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်နိုင်လို့ ICC က စစ်ဆေးဖွယ်ရှိ


ရုရှားကယူကရိန်းကို ဝင်တိုက်အပြီးမှာ War Crime စစ်ရာဇဝတ်မှုမြောက်နိုင်တာကို ICC က စစ်ဆေးဖို့ ရှိနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော် တိုက်ခိုက်နေတဲ့ အပေါ်မှာစိုးရိမ်ကြောင်းနဲ့ အခုလို စစ်ရာဇဝတ်မှုမြောက်နိုင်တာကြောင့် နိုင်ငံတကာ ပြစ်မှုဆိုင်တရာတရားရုံး ICC အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ကောင်း လုပ်လာနိုင်တယ်လို့ ICC တရားရုံး ရှေ့နေ့ချုပ်က ဆိုပါတယ်။ ICC ရှေ့နေချုပ် Karim Khan က သူ့အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး စိုးရိမ်စရာတွေ ပိုများ နေလာတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။

ယူကရိန်းဝင်တိုက်တာက Crime against Humanity လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု ဒါမှမဟုတ် စစ်ရာဇဝတ်မှုနဲ့ Genocide လူမျိုးတုံးသတ်ဖြတ်မှု မြောက်နိုင်ခြေရှိမရှိ ICC လုပ်ပိုင်ခွင့်နဲ့ စုံစမ်းစစ်ဆေးနိုင်ကြောင်း သက်ဆိုင်သူအားလုံးကို သတိပေးလိုတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းကလည်း ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို ရုရှားသိမ်းယူခဲ့ပြီးနောက် ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ သူပုန်တွေနဲ့ ယူကရိန်းအစိုးရတပ်တွ တိုက်ခိုက်မှုဆက်တိုက် ဖြစ်ပွားခဲ့တုံးကလည်း အလားတူ စစ်ဆေးမူတွေရှိခဲံပါတယ်။

အဲ့ဒီကစလို့ ယူကရိန်း နယ်မြေတွေအတွင်း လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိ မရှိ ICC ရဲ့ စုံးစမ်း စစ်ဆေးမှုတွေကို ယူကရိန်း အစိုးရဘက်က လက်ခံထားပြီးသားဖြစ်ပါတယ်။

အဲ့ဒီနောက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာတော့ ကနဦးစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တဲ့ ICC ရှေ့နေချုပ်ရုံးက ယူကရိန်း အရှေ့ပိုင်း ပဋိပက္ခအတွင်း စစ်ရာဇဝတ်မှုနဲ့ တခြား ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆနိုင်ခြေရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေ ပြီးသွားပေမယ့် ပြီးပြည့်စုံတဲ့ အသေးစိတ်စစ်ဆေးမှုတွေလုပ်ဖို့မှာတော့ တရားသူကြီးတွေထံ ပန်ကြားချက် မတင်သွင်းရသေးပါဘူ။ အခုလို စုံစမ်းစစ်ဆေးဖို့က တရားသူကြီးတွေရဲ့ သဘောတူညီချက် အရင် လိုအပ်ပါတယ် ခင်ဗျာ။

=================

XS
SM
MD
LG