သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ရှောင် ရုရှားနိုင်ငံသားအများအပြား ထိုင်းကိုလာရောက်


ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုံမိလေဆိပ်မြင်ကွင်း။
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုံမိလေဆိပ်မြင်ကွင်း။

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံဟာ ရုရှားအစိုးရရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှောင်ဖို့ကြိုးစားတဲ့ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာအတွက် ခိုလှုံစရာနေရာတခုဖြစ်လာနေပါတယ်။ ရုရှားခရီးသွားအများအပြားဟာ ယူကရိန်းစစ်ကိုရှောင်ဖို့ ဒါမှမဟုတ် ရွှေ့ပြောင်းအခြေချဖို့ ထိုင်းကိုလာရောက်နေတာပါ။

ထိုင်းနိုင်ငံမှာ အောက်တိုဘာလထဲ ကိုဗစ်ကန့်သတ်ချက်တွေဖျက်သိမ်းပြီး နယ်စပ်တွေပါ ပြန်ဖွင့်ပေးလိုက်ချိန်ကစပြီး နိုင်ငံခြားခရီးသွားလာရောက်သူတွေထဲမှာ ရုရှားနိုင်ငံသားက မလေးရှားနဲ့အိန္ဒိယပြီးရင် တတိယအများဆုံးဖြစ်တယ်လို့ ထိုင်းအစိုးရကပြောပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ ရုရှားခရီးသွားတွေ အားလပ်ရက်အပမ်းဖြေလာရောက်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ရင်းနှီးတဲ့ကုန်သွယ်ဘက်နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ရုရှားတို့ကြား ထိုင်းခရီးသွားဈေးကွက်မှာ ၂၀၁၉ တုန်းက ရုရှားက သတ္တမမြောက်အကြီးဆုံးဖြစ်ပြီး အခု ရုရှားအပေါ် အနောက်နိုင်ငံတွေလုပ်ဆောင်သလို ထိုင်းကလိုက်မလုပ်တဲ့အပြင် ရုရှားခရီးသွားတွေလာရောက်မှုကိုလည်း မတားမြစ်ပါဘူး။ ဒါကိုအခွင့်ကောင်းယူပြီး ထိုင်းကိုလာရောက်ကြတဲ့ ရုရှားခရီးသွားတွေဟာ မနှစ်ကနှစ်ကုန်ပိုင်း အောက်တိုဘာကနေ ဒီဇင်ဘာအတွင်း ၃ သိန်း ၃ သောင်းကျော်ရှိနေတယ်လို့ ထိုင်းအားကစားနဲ့ခရီးသွားဝန်ကြီးဌာနက ပြောပါတယ်။

၁၈ နှစ်ကနေ ၂၇ နှစ် ကြား အမျိုးသားတွေအတွက် စစ်မှုမထမ်းမနေရ တနှစ် သတ်မှတ်ပြဌာန်းထားတဲ့ရုရှားမှာ စက်တင်ဘာလက လူသစ်စုဆောင်းထားတဲ့ရုရှားနိုင်ငံသား အနည်းဆုံး ၂ သိန်းကို စစ်မြေပြင်မှာ တာဝန်ချထားဖို့ ရုရှားသမ္မတ Vladimir Putin ရဲ့အမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ကြွယ်ဝချမ်းသာတဲ့ ရုရှားအများအပြား ထိုင်းကို ရောက်လာကြတာဖြစ်ပါတယ်။ သူတို့ဟာ ထိုင်းမှာ နေအိမ်တိုက်ခန်းတွေဝယ်ယူတာ၊ ရေရှည်ငှါးရမ်းနေထိုင်တာတွေနဲ့ ရင်းနှီးမြှုပ်နှံလာကြတာပါ။

ထိုင်းက အပမ်းဖြေကျွန်း Phuket မှာ နိုဝင်ဘာလတုန်းက အိမ်ယာအရောင်းအဝယ်အားလုံးရဲ့ ၉၀ % ကျော်ဟာ ရုရှားတွေလို့ အိမ်ခြံမြေလုပ်ငန်းမန်နေဂျာတဦးက VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}







XS
SM
MD
LG