သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Biden အစိုးရကို အာဏာအလဲြသံုးစားမႈနဲ႔ ရီပတ္ဘလစ္ကင္တို႔ စံုစမ္းစစ္ေဆးမည္


ဒုသမၼတ ကာမာလာဟားရစ္၊ သမၼတဂ်ဳိးဘုိင္ဒန္နဲ႔ အေမရိကန္အထက္လႊတ္ေတာ္အမတ္ နန္စီပိုလိုစီ 

[[Zawgyi/Unicode]]

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က သမၼတရာထူးယူၿပီးကတည္းက အဂၤါေန႔ညမွာ ကြန္ဂရက္လႊတ္ေတာ္ကို ပထမဆုံး မိန္႔ခြန္းေျပာၾကားဖို႔ရွိပါတယ္။

ေအာက္လႊတ္ေတာ္မွာ မဆိုစေလာက္ အမတ္ေနရာအသာရထားတဲ့ ရီပတ္ဘလစ္ကန္တို႔ကေတာ့ သမၼတအိမ္ျဖဴေတာ္ကို အာဏာအလြဲသုံးစားလုပ္မႈ စြဲခ်က္အေတာ္မ်ားမ်ားနဲ႔ စုံစမ္းစစ္ေဆးမႈေတြစတင္ လုပ္ကုိင္ေနတာပါ။ သမၼတဘုိင္ဒန္အစိုးရက နည္းလမ္းအေတာ္မ်ားမ်ားနဲ႔ အာဏာအလြဲသုံးစားလုပ္ထားတဲ့အတြက္ စုံစမ္းစစ္ေဆးမႈဆုိင္ရာၾကားနာပြဲေတြလုပ္ဖို႔ ျပင္ဆင္ထားတယ္လို႔ ရီပတ္ဘလစ္ကန္တို႔ကေျပာပါတယ္။

တရားမွ်တမႈဟာ လူတုိင္းအတြက္မဟုတ္ဘူးဆိုတာမ်ိဳး အေမရိကန္ျပည္သူေတြ လက္ခံမွာမဟုတ္ဘူးလို႔ ေအာက္လႊတ္ေတာ္ဥကၠ႒ Kevin McCarthy က သတင္းေထာက္ေတြကို ၿပီးခဲ့တဲ့တပတ္မွာေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေရြးေကာက္ပြဲတုိင္းမွာ ဘယ္လိုရလဒ္မ်ိဳးပဲ ထြက္လာပါေစ၊ ဘုိင္ဒန္အစိုးရကေတာ့ လိမ္လည္လွည့္ဖ်ားဖို႔ ႀကိဳးစားတာေတြ႔ရတယ္လို႔လည္း Kevin McCarthy ေျပာပါတယ္။

အေမရိကန္မွာ ဒါမ်ိဳးလက္ခံမွာမဟုတ္ဘူးလို႔လည္း ေအာက္လႊတ္ေတာ္ဥကၠ႒ McCathy ကေျပာခဲ့ပါတယ္။ ရီပတ္ဘလစ္ကန္အမတ္ Jim Jordan ဦးေဆာင္တဲ့ ေအာက္လႊတ္ေတာ္တရားေရးေကာ္မတီကလည္း ဘုိင္ဒန္အစိုးရရဲ႕ နယ္စပ္လုံၿခဳံေရးဆုိင္ရာၾကားနာမႈကို ၿပီးခဲ့တဲ့တပတ္မွာ စတင္ခဲ့ပါတယ္။ အေမရိကန္နုိင္ငံထဲ ဝင္ေရာက္လာတဲ့ ေရႊ႔ေျပာင္းအေျခခ်သူေတြ တလၿပီးတလ စံခ်ိန္တင္တိုးလာေနၿပီး ဘုိင္ဒန္အစိုးရက တမင္ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္တာျဖစ္မယ္လို႔ ယူဆရေၾကာင္း ရီပတ္ဘလစ္ကန္အမတ္ Jim Jordan ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

Biden အစိုးရကို အာဏာအလွဲသုံးစားမှုနဲ့ ရီပတ်ဘလစ်ကင်တို့ စုံစမ်းစစ်ဆေးမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတရာထူးယူပြီးကတည်းက အင်္ဂါနေ့ညမှာ ကွန်ဂရက်လွှတ်တော်ကို ပထမဆုံး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။

အောက်လွှတ်တော်မှာ မဆိုစလောက် အမတ်နေရာအသာရထားတဲ့ ရီပတ်ဘလစ်ကန်တို့ကတော့ သမ္မတအိမ်ဖြူတော်ကို အာဏာအလွဲသုံးစားလုပ်မှု စွဲချက်အတော်များများနဲ့ စုံစမ်းစစ်ဆေးမှုတွေစတင် လုပ်ကိုင်နေတာပါ။ သမ္မတဘိုင်ဒန်အစိုးရက နည်းလမ်းအတော်များများနဲ့ အာဏာအလွဲသုံးစားလုပ်ထားတဲ့အတွက် စုံစမ်းစစ်ဆေးမှုဆိုင်ရာကြားနာပွဲတွေလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ ရီပတ်ဘလစ်ကန်တို့ကပြောပါတယ်။

တရားမျှတမှုဟာ လူတိုင်းအတွက်မဟုတ်ဘူးဆိုတာမျိုး အမေရိကန်ပြည်သူတွေ လက်ခံမှာမဟုတ်ဘူးလို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy က သတင်းထောက်တွေကို ပြီးခဲ့တဲ့တပတ်မှာပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာပါစေ၊ ဘိုင်ဒန်အစိုးရကတော့ လိမ်လည်လှည့်ဖျားဖို့ ကြိုးစားတာတွေ့ရတယ်လို့လည်း Kevin McCarthy ပြောပါတယ်။

အမေရိကန်မှာ ဒါမျိုးလက်ခံမှာမဟုတ်ဘူးလို့လည်း အောက်လွှတ်တော်ဥက္ကဋ္ဌ McCathy ကပြောခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်အမတ် Jim Jordan ဦးဆောင်တဲ့ အောက်လွှတ်တော်တရားရေးကော်မတီကလည်း ဘိုင်ဒန်အစိုးရရဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာကြားနာမှုကို ပြီးခဲ့တဲ့တပတ်မှာ စတင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံထဲ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေ တလပြီးတလ စံချိန်တင်တိုးလာနေပြီး ဘိုင်ဒန်အစိုးရက တမင်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်မယ်လို့ ယူဆရကြောင်း ရီပတ်ဘလစ်ကန်အမတ် Jim Jordan ကပြောပါတယ်။

XS
SM
MD
LG