သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲေတြျဖစ္ခဲ့တဲ့ ဟုမၼလင္း၊ ေ႐ႊျပည္ေအးၿမိဳ႕မွာ အရပ္သားတခ်ိဳ႕အသတ္ခံရ 


ဟုမၼလင္းၿမဳိ႕ ( Photo - CJ )

[[Zawgyi/Unicode]]

မၾကာေသးခင္ကတိုက္ပြဲေတြျဖစ္ခဲ့တဲ့ စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕နယ္ ေ႐ႊျပည္ေအးၿမိဳ႕မွာ ေဒသခံတခ်ိဳ႕ သတ္ျဖတ္ခံခဲ့ရၿပီးေနာက္ လုံၿခဳံေရးအတြက္ စိုးရိမ္ေနၾကပါတယ္။ တိုက္ပြဲေတြျဖစ္ၿပီး စစ္တပ္ကတပ္စြဲထားတဲ့ေဒသမွာ အရပ္သားေတြေသဆုံးမႈဟာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြလက္ခ်က္ျဖစ္မယ္လို႔လည္း ယူဆေနၾကပါတယ္။ ေ႐ႊျပည္ေအးၿမိဳ႕ရဲ႕ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္လို႔ ရန္ကုန္ကေန သတင္းေပးပို႔ထားတာကို ကိုေဇာ္မိုးေက်ာ္ကတင္ျပေပးထားပါတယ္။

ေဖာ္ေဖာ္ဝါရီ ၁ ရက္ကစလို႔ ၃ ရက္ ဆက္တိုက္ တိုက္ပြဲျပင္းထန္ခဲ့တဲ့ စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕နယ္ ေ႐ႊျပည္ေအးၿမိဳ႕မွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ေတြ ထြက္ခြါသြားတဲ့ေနာက္ ျမန္မာစစ္တပ္နဲ႔ စစ္တပ္ေထာက္ခံတဲ့ပ်ဴေစာထီးေတြက တပ္စြဲေနရာယူထားတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ တိုက္ပြဲေတြၿပီးဆုံးတဲ့ေနာက္ ေနအိမ္ကို အေျခအေနျပန္ၾကည့္တဲ့ ၿမိဳ႕ခံ ၂ ဦးဟာလည္း အသတ္ခံခဲ့ရၿပီး ၿမိဳ႕မွာတပ္စြဲထားတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ေတြ လက္ခ်က္ျဖစ္မယ္လို႔လည္း ေဒသခံေတြက ယူဆေနၾကပါတယ္။

“ေလာေလာဆယ္ က်ေနာ္တို႔သိတဲ့သူထဲမွာ သတင္းေမးလို႔မရတာ ၃/၄/၅ ေယာက္ရွိတယ္။ ၂ ေယာက္က ေသခ်ာေပါက္ အသတ္ခံလိုက္ရၿပီေပါ့။ ၁ ေယာက္က သူတို႔ ႐ြာထဲကိုဝင္သြားရင္းနဲ႔ သူတို႔အိမ္ေရွ႕မွာ PDF စခန္း ထိုင္ထားလို႔ေပါ့။ PDF က အဲ့မွာ ေနရာယူထားလို႔ ဘာညာဆိုၿပီးမွ အိမ္ေဆာက္ထားတာေတာင္ မၾကာေသးပါဘူး။ က်ေနာ္တို႔ဆီက One Star ေ႐ႊဆိုင္ေလ။ အဲ့ဆိုင္ဆိုလည္း အေပၚထပ္ေတြ မီးရႈိ႕ထားတယ္။ သူတို႔ျပန္စီးၿပီးမွ အဲ့ဆိုင္က ဆိုင္ပိုင္ရွင္ကိုဖမ္းၿပီး သတ္ပလိုက္ၿပီေျပာတယ္။ တကၠသိုလ္ဆရာ၊ အဲ့ဆရာကိုလည္း သတ္ပလိုက္တယ္။”

တိုက္ခိုက္မႈေတြရပ္ဆိုင္းသြားၿပီးေနာက္ ေနရပ္ျပန္ၾကသူေတြထဲက အဆက္သြယ္မရသူေတြရွိေနတာေၾကာင့္ ဖမ္းဆီးခံရသူေတြ ရွိႏိုင္ေၾကာင္းလည္း ၿမိဳ႕ခံေတြက ေျပာပါတယ္။ တိုက္ပြဲေတြျဖစ္ၿပီးေနာက္ ျမန္မာစစ္တပ္နဲ႔ပ်ဴေစာထီးေတြ တပ္စြဲထားခ်ိန္ ေနအိမ္ေတြလည္းေဖာက္ထြင္းၿပီး ပစၥည္းေတြယူေဆာင္ခံရတာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ ေဒသခံေတြဟာ ေနရပ္ေတြကိုမျပန္ဘဲ အနီးနားက ေက်း႐ြာေတြမွာခိုလႈံေနရၿပီး အေျခအေနေစာင့္ၾကည့္ေနတယ္လို႔လည္း ၿမိဳ႕ခံတဦးက အခုလို ေျပာပါတယ္။

“ျပန္လာဖို႔ရာလည္း ခဲယဥ္းသလို ျပန္လာရင္လည္း အဖမ္းခံရတဲ့သေဘာလည္းရွိေနေတာ့ မျပန္လာရဲဘူး။ အခုအေျခအေနနည္းနည္းၿငိမ္ေတာ့ ကိုယ့္အိမ္သူ႔အိမ္ ျပန္ဖို႔ တခ်ိဳ႕က ျပန္ခ်င္တယ္။ ဒါေပမယ့္ စစ္တပ္ကမသကၤာရင္ဖမ္း၊ အဲ့လိုေတြဖမ္းတာရွိတယ္။ အဲ့လိုျဖစ္ေနတာ။ အဲ့ဒါေၾကာင့္ တခ်ိဳ႕က ျပန္လာတဲ့သူရွိေပမယ့္ မျပန္လာတဲ့သူက ပိုမ်ားတယ္။”

တိုက္ပြဲအတြင္း စစ္ေကာင္စီရဲ႕ ရဟတ္ယာဥ္ ၁ စီးလည္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ပစ္ခတ္တာေၾကာင့္ ထိမွန္ၿပီး မီးေလာင္ကြၽမ္းတာရွိခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ေ႐ႊျပည္ေအးၿမိဳ႕ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ အခုခ်ိန္ထိ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ဟုမ္မလင်း၊ ရွှေပြည်အေးမြို့မှာ အရပ်သားတချို့အသတ်ခံရ

မကြာသေးခင်ကတိုက်ပွဲတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ဒေသခံတချို့ သတ်ဖြတ်ခံခဲ့ရပြီးနောက် လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်ကတပ်စွဲထားတဲ့ဒေသမှာ အရပ်သားတွေသေဆုံးမှုဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလက်ချက်ဖြစ်မယ်လို့လည်း ယူဆနေကြပါတယ်။ ရွှေပြည်အေးမြို့ရဲ့နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်ကတင်ပြပေးထားပါတယ်။

ဖော်ဖော်ဝါရီ ၁ ရက်ကစလို့ ၃ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ထွက်ခွါသွားတဲ့နောက် မြန်မာစစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ပျူစောထီးတွေက တပ်စွဲနေရာယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေပြီးဆုံးတဲ့နောက် နေအိမ်ကို အခြေအနေပြန်ကြည့်တဲ့ မြို့ခံ ၂ ဦးဟာလည်း အသတ်ခံခဲ့ရပြီး မြို့မှာတပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်ဖြစ်မယ်လို့လည်း ဒေသခံတွေက ယူဆနေကြပါတယ်။

“လောလောဆယ် ကျနော်တို့သိတဲ့သူထဲမှာ သတင်းမေးလို့မရတာ ၃/၄/၅ ယောက်ရှိတယ်။ ၂ ယောက်က သေချာပေါက် အသတ်ခံလိုက်ရပြီပေါ့။ ၁ ယောက်က သူတို့ ရွာထဲကိုဝင်သွားရင်းနဲ့ သူတို့အိမ်ရှေ့မှာ PDF စခန်း ထိုင်ထားလို့ပေါ့။ PDF က အဲ့မှာ နေရာယူထားလို့ ဘာညာဆိုပြီးမှ အိမ်ဆောက်ထားတာတောင် မကြာသေးပါဘူး။ ကျနော်တို့ဆီက One Star ရွှေဆိုင်လေ။ အဲ့ဆိုင်ဆိုလည်း အပေါ်ထပ်တွေ မီးရှို့ထားတယ်။ သူတို့ပြန်စီးပြီးမှ အဲ့ဆိုင်က ဆိုင်ပိုင်ရှင်ကိုဖမ်းပြီး သတ်ပလိုက်ပြီပြောတယ်။ တက္ကသိုလ်ဆရာ၊ အဲ့ဆရာကိုလည်း သတ်ပလိုက်တယ်။”

တိုက်ခိုက်မှုတွေရပ်ဆိုင်းသွားပြီးနောက် နေရပ်ပြန်ကြသူတွေထဲက အဆက်သွယ်မရသူတွေရှိနေတာကြောင့် ဖမ်းဆီးခံရသူတွေ ရှိနိုင်ကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ပြီးနောက် မြန်မာစစ်တပ်နဲ့ပျူစောထီးတွေ တပ်စွဲထားချိန် နေအိမ်တွေလည်းဖောက်ထွင်းပြီး ပစ္စည်းတွေယူဆောင်ခံရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေဟာ နေရပ်တွေကိုမပြန်ဘဲ အနီးနားက ကျေးရွာတွေမှာခိုလှုံနေရပြီး အခြေအနေစောင့်ကြည့်နေတယ်လို့လည်း မြို့ခံတဦးက အခုလို ပြောပါတယ်။

“ပြန်လာဖို့ရာလည်း ခဲယဉ်းသလို ပြန်လာရင်လည်း အဖမ်းခံရတဲ့သဘောလည်းရှိနေတော့ မပြန်လာရဲဘူး။ အခုအခြေအနေနည်းနည်းငြိမ်တော့ ကိုယ့်အိမ်သူ့အိမ် ပြန်ဖို့ တချို့က ပြန်ချင်တယ်။ ဒါပေမယ့် စစ်တပ်ကမသင်္ကာရင်ဖမ်း၊ အဲ့လိုတွေဖမ်းတာရှိတယ်။ အဲ့လိုဖြစ်နေတာ။ အဲ့ဒါကြောင့် တချို့က ပြန်လာတဲ့သူရှိပေမယ့် မပြန်လာတဲ့သူက ပိုများတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီးလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တာကြောင့် ထိမှန်ပြီး မီးလောင်ကျွမ်းတာရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရွှေပြည်အေးမြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အခုချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG