သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဏၰဝါဇီဝမ်ိဳးကြဲမ်ားကာကြယ္ေရး ကုလအဖြဲ႕ဝင္ေတြသေဘာတူ


Unexplored Deep Sea Volcanoes

{{Zawgyi/Unicode}}

ပင္လယ္သမုဒၵရာထဲက ဇီဝမ်ိဳးကြဲသတၱဝါနဲ႔ အပင္ေတြကိုကာကြယ္ဖို႔ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ကုလသမဂၢမွာ ပထမဆုံးအႀကိမ္အျဖစ္ ရရွိလိုက္ပါတယ္။ ႏိုင္ငံအသီးသီးရဲ႕အုပ္ခ်ဳပ္မႈနဲ႔ ဥပေဒေအာက္မွာမရွိတဲ့ ပင္လယ္ေရျပင္ဟာ သမုဒၵရာေတြရဲ႕သုံးပုံ ၂ ပုံရွိၿပီး ကမာၻ႔မ်က္ႏွာျပင္ရဲ႕တဝက္ရွိပါတယ္။

ႏိုင္ငံနယ္နိမိတ္ေတြနဲ႔အက်ဳံးမဝင္တဲ့ ပင္လယ္နဲ႔သမုဒၵရာေရျပင္အေပၚ ဒီ ႏိုင္ငံတကာသေဘာတူညီခ်က္ကသက္ေရာက္မွာျဖစ္ၿပီး ပင္လယ္ျပင္မွာ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ေဆာင္႐ြက္ခ်က္ေတြေၾကာင့္ ျဖစ္ေပၚလာတဲ့သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ သက္ေရာက္မႈကို စစ္ေဆးႏိုင္မွာျဖစ္ပါတယ္။ ဒီ သေဘာတူညီခ်က္ကို ၂ ပတ္ၾကာေဆြးေႏြးခဲ့ၾကၿပီး စေနေန႔ေႏွာင္းပိုင္းမွာ သေဘာတူခဲ့ၾကတာျဖစ္ပါတယ္။

ပင္လယ္ေရေၾကာင္းဆိုင္ရာ သေဘာတူညီခ်က္ကို ၁၉၉၄ ခုႏွစ္မွာခ်မွတ္ခဲ့ေပမဲ့ အဲဒီတုန္းက ဇီဝမ်ိဳးကြဲ သေဘာကို မသိခဲ့ၾကေသးပါဘူး။ ဒါေၾကာင့္ ဒီ သဘာဝပတ္ဝန္းက်င္ကို ဘယ္လို အကာအကြယ္ေပးမလဲဆိုတာကို ေဆြးေႏြးေနခဲ့ၾကတာ အႏွစ္ ၂၀ ေက်ာ္ခဲ့ပါၿပီ။

တကမာၻလုံးမွာ အဓိအားျဖင့္ ဘုံသေဘာေဆာင္ေနတာဆိုလို႔ ၂ ခုပဲ ရွိပါတယ္။ ေလထုနဲ႔ပင္လယ္သမုဒၵရာတို႔ပဲရွိတာမို႔ ကမာၻတဝက္ရွိတဲ့ ပင္လယ္သမုဒၵရာကိုကာကြယ္ေရးက အလြန္အေရးႀကီးပါတယ္လို႔ အေမရိကန္ႏိုင္ငံ ေဂ်ာ့ခ်္ေတာင္းတကၠသိုလ္က ေရေၾကာင္း ဇီဝပညာရွင္ Rebecca Helm က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

{{Unicode}}

အဏ္ဏဝါဇီဝမျိုးကွဲများကာကွယ်ရေး ကုလအဖွဲ့ဝင်တွေသဘောတူ

ပင်လယ်သမုဒ္ဒရာထဲက ဇီဝမျိုးကွဲသတ္တဝါနဲ့ အပင်တွေကိုကာကွယ်ဖို့ နိုင်ငံတကာ သဘောတူညီချက်ကို ကုလသမဂ္ဂမှာ ပထမဆုံးအကြိမ်အဖြစ် ရရှိလိုက်ပါတယ်။ နိုင်ငံအသီးသီးရဲ့အုပ်ချုပ်မှုနဲ့ ဥပဒေအောက်မှာမရှိတဲ့ ပင်လယ်ရေပြင်ဟာ သမုဒ္ဒရာတွေရဲ့သုံးပုံ ၂ ပုံရှိပြီး ကမ္ဘာ့မျက်နှာပြင်ရဲ့တဝက်ရှိပါတယ်။

နိုင်ငံနယ်နိမိတ်တွေနဲ့အကျုံးမဝင်တဲ့ ပင်လယ်နဲ့သမုဒ္ဒရာရေပြင်အပေါ် ဒီ နိုင်ငံတကာသဘောတူညီချက်ကသက်ရောက်မှာဖြစ်ပြီး ပင်လယ်ပြင်မှာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ကို ၂ ပတ်ကြာဆွေးနွေးခဲ့ကြပြီး စနေနေ့နှောင်းပိုင်းမှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်မှာချမှတ်ခဲ့ပေမဲ့ အဲဒီတုန်းက ဇီဝမျိုးကွဲ သဘောကို မသိခဲ့ကြသေးပါဘူး။ ဒါကြောင့် ဒီ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို အကာအကွယ်ပေးမလဲဆိုတာကို ဆွေးနွေးနေခဲ့ကြတာ အနှစ် ၂၀ ကျော်ခဲ့ပါပြီ။

တကမ္ဘာလုံးမှာ အဓိအားဖြင့် ဘုံသဘောဆောင်နေတာဆိုလို့ ၂ ခုပဲ ရှိပါတယ်။ လေထုနဲ့ပင်လယ်သမုဒ္ဒရာတို့ပဲရှိတာမို့ ကမ္ဘာတဝက်ရှိတဲ့ ပင်လယ်သမုဒ္ဒရာကိုကာကွယ်ရေးက အလွန်အရေးကြီးပါတယ်လို့ အမေရိကန်နိုင်ငံ ဂျော့ချ်တောင်းတက္ကသိုလ်က ရေကြောင်း ဇီဝပညာရှင် Rebecca Helm က ပြောပါတယ်။

XS
SM
MD
LG