သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၁၄) ဦး ထိုင်းရဲဖမ်းဆီး


ရွှေတြိဂံဒေသကနေ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုမြို့သစ်ကိုသွားမယ့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၁၄ ယောက်ကို ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိစဉ်။ (မတ်လ ၅၊ ၂၀၂၃။ /ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ရွှေတြိဂံဒေသကနေ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုမြို့သစ်ကိုသွားမယ့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၁၄ ယောက်ကို ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိစဉ်။ (မတ်လ ၅၊ ၂၀၂၃။ /ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် ချင်းစန်မြို့ ရွှေတြိဂံဒေသက တရားမဝင်,ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၄ ဦးနဲ့ယာဉ်သုံးစီးကို မဲ့ကျန်စစ်ဆေးဂိတ်လုံခြုံရေးအာဏာပိုင်တွေက မတ်လ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည် ချင်းစန်မြို့မှာ မတ်လ ၅ ရက်နေ့ မနက် ၂ နာရီလောက်မှာ ရွှေတြိဂံဒေသကနေ အထောက်အထားမဲ့ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးခဲ့ကြောင်း နယ်မြေအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတို့တွေဟာ တာ့ခ်ပြည်နယ် မဲဆောက်နေတဆင့် မြန်မာနိုင်ငံ မြဝတီမြို့ကိုသွားရောက်မယ့်သူတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“မတ်လ ၅ ရက်နေ့ ဒီနေ့မနက် အစောပိုင်း ၂ နာရီလောက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် ချင်းစန်မြို့နယ် အဝေးပြေးလမ်းမ စစ်ဆေးရေးဂိတ်မှာ မသင်္ကာစရာကား ၃ စီးကို စစ်ဆေးတဲ့အခါမှာ သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံသား ၁၄ ဦးနဲ့ ထိုင်းယာဉ်မောင်း ၃ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။ တရုတ် ၁၄ ဦးကတော့ ထိုင်း၊ မြန်မာ၊ လာအိုဝ်ဆုံရာရွှေတြိဂံဒေသကနေလာပြီးတော့ ထိုင်း-မြန်မာနယ်စပ် တာခ့်ပြည်နယ်မဲဆောက်ကနေတဆင့် မြန်မာနိုင်ငံ မြဝတီဘက်ကို ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။”

သူတို့တွေဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကိုရောက်ဖို့အတွက် တဦးကို ထိုင်းဘတ်ငွေ ၇ ထောင်ပေးပြီးလာခဲ့ကြတာဖြစ်ပါတယ်။ သူတို့တွေဟာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ တည်ထားတဲ့ ရွှေက္ကိုလ်မြို့သစ်နေရာကိုသွားကြမှာဖြစ်ပြီး သူတို့တွေဟာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

“မြို့သစ်တည်ထောင်ပြီးတော့ မူးယစ်ဆေးဝါးမှုတွေ၊ လူကုန်ကူးမှု၊ ရာဇဝတ်မှုတွေနဲ့နှီးနွယ်ပတ်သက်မှု ရှိတယ်ဆိုတာ ထိုင်းကစောင့်ကြည့်နေပြီး အဲဒီ တရုတ် ၁၄ ယောက်ကလည်း ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေဆက်စပ်မှုရှိမရှိ စစ်ဆေးသွားမယ်လို့လည်း မဲ့ကျန်ရဲတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။”

အခုဖမ်းဆီးခံရတဲ့တရုတ်နိုင်ငံသား ၁၄ ဦးနဲ့ ထိုင်းကားမောင်းသူသုံးဦးတို့ကို စစ်ဆေးရာမှာ သက်သေခံ စာရွက်စာတမ်း တစုံတရာ ကိုင်ဆောင်ထားခြင့်မရှိဘဲ တရုတ်နိုင်ငံသားတွေက ချင်းစန်မြို့နယ်ကနေ ကားငှားပြီး မဲဆောက်မြို့ကိုပို့ခိုင်းခဲ့တာဖြစ်ကြောင်း အဲဒီကတဆင့် မြန်မာနိုင်ငံ မြဝတီဘက်ကိုသွားမှာဖြစ်တယ်လို့ မဲ့ကျန်ရဲမှူး Pol. Col. Thanasorn Jutharat (ထနစွန် ဂျူထရပ်) က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}








XS
SM
MD
LG