[[Zawgyi/Unicode]]
လူမႈကြန္ယက္စာမ်က္ႏွာေတြနဲ႔ အဲဒိအေပၚမွာေၾကာ္ျငာသူေတြဟာ လူမ်ိဳး၊ ဘာသာနဲ႔ လိင္ပိုင္းဆိုင္ရာခဲြျခားမႈ အစြန္းေရာက္ေအာင္လုပ္ေဆာင္သူေတြထဲမွာ ၾကံရာပါအျဖစ္ ပါဝင္ေနတယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ေသာၾကာေန႔တုန္းက ဂ်ဴးလူမ်ိဳးေတြအသတ္ခံခဲ့ရတဲ့ ႏိုင္ငံတကာ ဟိုလိုေကာ့စ္ Holocaust ေအာက္ေမ့ဖြယ္ေန႔ မိန္႔ခြန္းမွာထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။
“သူတို႔ဟာ အက်ိဳးအျမတ္အတြက္ အစြန္းေရာက္ဝါဒကို အနည္းစုကေန အဓိကေရပန္းစားလာေအာင္တြန္းပို႔ေနတာျဖစ္တယ္။” အတြင္းေရးမႉးခ်ဳပ္ Guterres ကေျပာဆိုသြားတာပါ။ “အမုန္းတရားကို တိုးပြားေအာင္လုပ္ၿပီး လူမႈကြန္ယက္အသုံးျပဳသူ စဲြလမ္းေနေအာင္လုပ္ေဆာင္ပါတယ္။ ဒီလိုနည္းနဲ႔သူတို႔လုပ္ငန္းေတြကို လုပ္ေဆာင္ ေနတယ္။” လို႔လည္းေျပာပါတယ္။
ဒါေၾကာင့္ လူမႈကြန္ယက္ကုမၸဏီေတြအေနနဲ႔ တာဝန္ယူမႈရွိဖို႔နဲ႔ ပြင့္လင္းျမင္သာမႈရွိဖို႔အတြက္ သက္ဆိုင္ရာအစိုးရေတြ၊ ဥပေဒျပဳသူေတြ၊ အဖဲြ႔အစည္းေတြအေနနဲ႔ စည္းမ်ဥ္းဥပေဒေတြျပဌာန္းလုပ္ေဆာင္ၾကဖို႔ကိုလည္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ကတိုက္တြန္းပါတယ္။
“အမုန္းစကားေတြဟာ အမုန္းကိုအေျခခံတဲ့ရာဇဝတ္မႈေတြအျဖစ္ အလြယ္တကူေျပာင္းလဲသြားႏိုင္တယ္ဆိုတာ က်ေနာ္တို႔ သိၿပီးသားပါ။ ပါးစပ္ကေနအၾကမ္းဖက္ေျပာဆိုတာကေန ကိုယ္ထိလက္ေရာက္က်ဴးလြန္တဲ့ အၾကမ္းဖက္မႈေတြအျဖစ္ ေျပာင္းလဲသြားတာေတြ၊ မတူကဲြျပားမႈေတြနဲ႔ အတူတကြယွဥ္တဲြေနထိုင္ၾကတယ္ဆိုတာေတြ ဘယ္လို အားနည္း ပ်က္စီးသြားေစတယ္ဆိုတာေတြကိုက်ေနာ္တို႔သိၾကၿပီးျဖစ္ပါတယ္။” လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Guterres က ႏိုင္ငံတကာ ဟိုလိုေကာ့စ္ အမွတ္တရေန႔မွာေျပာဆိုခဲ့ပါတယ္။
===============
[[Unicode]]
လူမှုကွန်ယက်မီဒီယာမှာ အမုန်းတရားတားမြစ်ရေး ကုလအကြီးအကဲ တိုက်တွန်း
လူမှုကွန်ယက်စာမျက်နှာတွေနဲ့ အဲဒိအပေါ်မှာကြော်ငြာသူတွေဟာ လူမျိုး၊ ဘာသာနဲ့ လိင်ပိုင်းဆိုင်ရာခွဲခြားမှု အစွန်းရောက်အောင်လုပ်ဆောင်သူတွေထဲမှာ ကြံရာပါအဖြစ် ပါဝင်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သောကြာနေ့တုန်းက ဂျူးလူမျိုးတွေအသတ်ခံခဲ့ရတဲ့ နိုင်ငံတကာ ဟိုလိုကော့စ် Holocaust အောက်မေ့ဖွယ်နေ့ မိန့်ခွန်းမှာထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
“သူတို့ဟာ အကျိုးအမြတ်အတွက် အစွန်းရောက်ဝါဒကို အနည်းစုကနေ အဓိကရေပန်းစားလာအောင်တွန်းပို့နေတာဖြစ်တယ်။” အတွင်းရေးမှူးချုပ် Guterres ကပြောဆိုသွားတာပါ။ “အမုန်းတရားကို တိုးပွားအောင်လုပ်ပြီး လူမှုကွန်ယက်အသုံးပြုသူ စွဲလမ်းနေအောင်လုပ်ဆောင်ပါတယ်။ ဒီလိုနည်းနဲ့သူတို့လုပ်ငန်းတွေကို လုပ်ဆောင် နေတယ်။” လို့လည်းပြောပါတယ်။
ဒါကြောင့် လူမှုကွန်ယက်ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှုရှိဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် သက်ဆိုင်ရာအစိုးရတွေ၊ ဥပဒေပြုသူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ စည်းမျဉ်းဥပဒေတွေပြဌာန်းလုပ်ဆောင်ကြဖို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတိုက်တွန်းပါတယ်။
“အမုန်းစကားတွေဟာ အမုန်းကိုအခြေခံတဲ့ရာဇဝတ်မှုတွေအဖြစ် အလွယ်တကူပြောင်းလဲသွားနိုင်တယ်ဆိုတာ ကျနော်တို့ သိပြီးသားပါ။ ပါးစပ်ကနေအကြမ်းဖက်ပြောဆိုတာကနေ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲသွားတာတွေ၊ မတူကွဲပြားမှုတွေနဲ့ အတူတကွယှဉ်တွဲနေထိုင်ကြတယ်ဆိုတာတွေ ဘယ်လို အားနည်း ပျက်စီးသွားစေတယ်ဆိုတာတွေကိုကျနော်တို့သိကြပြီးဖြစ်ပါတယ်။” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres က နိုင်ငံတကာ ဟိုလိုကော့စ် အမှတ်တရနေ့မှာပြောဆိုခဲ့ပါတယ်။