သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ႏိုင္ငံတကာ Holocaust အထိန္းအမွတ္ေန႔ ဥေရာပမွာက်င္းပ


International Holocaust Remembrance Day ceremonies at Berlin's Holocaust memorial

ႏိုင္ငံတကာ Holocaust အထိန္းအမွတ္ေန႔ ဥေရာပမွာက်င္းပ

{{Zawgyi/Unicode}}

ဂ်ဴးလူမ်ိဳးေတြကို အစုလိုက္သတ္ျဖတ္ခဲ့တဲ့ Holocaust ျဖစ္ရပ္မ်ိဳး ေနာက္ထပ္တဖန္ထပ္ျဖစ္လာမွာကို စိုးရိမ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ဇန္နဝါရီလ ၂၇ ရက္.ၾကာသပေတးေန႔ က်ေရာက္တဲ့ ႏိုင္ငံတကာ holocaust ေအာက္ေမ့ဘြယ္ေန႔ မွာ ေျပာၾကားလိုက္ပါတယ္။

" ဒီကေန႔ ျမင္ေတြ႔ေနရတဲ့ ကမာၻႀကီးကို ၾကည့္ရင္ Holocaust လို႔ေခၚတဲ႔ မီးေလာင္တိုက္သြင္း သတ္ျဖတ္မႈ မရွိခဲ႔ဘူးလို႔ ျငင္းဆန္ၿပီး သမိုင္းကို ျပန္ျပင္ေရးဖို႔ႀကိဳးစားတာ လူသားမ်ိဳးႏြယ္ အေပၚရာဇဝတ္မႈက်ဴးလြန္သူေတြရဲ႕လုပ္ကို ေဖ်ာက္ဖ်က္ၿပီး သူတို႔ကို ျပန္လည္ႁမွင္႔တင္ေပးဖို႔ အားထုတ္တာေတြအတြက္
အံ့အားသင့္တုန္လႈပ္ရေၾကာင္း၊ တခ်ိန္ထည္းမွာပဲ Holocaust ျဖစ္လာေစတဲ့ အေျခခံအခ်က္ေတြကို လူငယ္ေတြၾကား လ ွ်စ္လ်ဴရႈမႈေတြ တိုးလာတာကို ေကာက္ယူခဲ့တဲ့ စစ္တမ္းေတြမွာ ေတြ႔ေနရတယ္လို႔လည္း ေျပာပါတယ္။”

၁၉ ၄၅ ခုႏွစ္မွာ ပိုလန္ Auschwitz-Birkenau အက်ဥ္းစခန္းက အက်ဥ္းသားေတြ လြတ္ေျမာက္ေအာင္ ဆိုဗီယက္ရုရွားတပ္ေတြ လုပ္ေပးခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက္ေန႔ကို ႏိုင္ငံတကာ Holocaust ေအာက္ေမ့ဘြယ္ေန႔ အျဖစ္ ႏွစ္စဥ္က်င္းပဖုိ႔ ကုလသမဂၢ အေထြေထြညီလာခံက ၂၀၀၅ ခုႏွစ္မွာ သတ္မွတ္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒုတိယကမာၻစစ္အတြင္း ဂ်ဴးလူမ်ိဳး ၁.၁ သန္းအသတ္ျဖတ္ခံခဲ့ရတဲ့ ဂ်ာမနီနာဇီေတြရဲ့ အက်ဥ္းစခန္းအျဖစ္ထားရွိခဲ့တဲ့ ေနရာေတြမွာလည္း ဒီအထိမ္းအမွတ္ေန႔အခမ္းအနားေတြ က်င္းပေနၿပီး အဲဒီအခမ္းအနားေတြမွာ ျပင္သစ္ဝန္ႀကီးခ်ဳပ္ Jean Castex လည္း တက္ေရာက္ခဲ့ပါတယ္။

အခမ္းအနားေတြကို ဥေရာပတလႊားက ႏိုင္ငံေတြမွာ က်င္းပေနၾကတာျဖစ္ၿပီး ဥေရာပတလႊားက ဂ်ဴးေတြ အသတ္ခံခဲ့ရတာကို ေအာက္ေမ့တဲ့အေနနဲ႔ က်င္းပတဲတ့ ဘာလင္ၿမိဳ႕က လြမ္းသူ႔ပန္းေခြခ်တဲ့ အခမ္းအနားမွာေတာ့ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ ဂ်ာမန္သမၼတ Frank-Walter Steinmeier တို႔နဲ႔အတူ အစၥေရးလႊတ္ေတာ္ဥကၠဌ Mickey Levy ပါ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

နိုင်ငံတကာ Holocaust အထိန်းအမှတ်နေ့ ဥရောပမှာကျင်းပ

{{Unicode}}
ဂျူးလူမျိုးတွေကို အစုလိုက်သတ်ဖြတ်ခဲ့တဲ့ Holocaust ဖြစ်ရပ်မျိုး နောက်ထပ်တဖန်ထပ်ဖြစ်လာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ဇန်နဝါရီလ ၂၇ ရက်.ကြာသပတေးနေ့ ကျရောက်တဲ့ နိုင်ငံတကာ holocaust အောက်မေ့ဘွယ်နေ့ မှာ ပြောကြားလိုက်ပါတယ်။

" ဒီကနေ့ မြင်တွေ့နေရတဲ့ ကမ္ဘာကြီးကို ကြည့်ရင် Holocaust လို့ခေါ်တဲ့ မီးလောင်တိုက်သွင်း သတ်ဖြတ်မှု မရှိခဲ့ဘူးလို့ ငြင်းဆန်ပြီး သမိုင်းကို ပြန်ပြင်ရေးဖို့ကြိုးစားတာ လူသားမျိုးနွယ် အပေါ်ရာဇဝတ်မှုကျူးလွန်သူတွေရဲ့လုပ်ကို ဖျောက်ဖျက်ပြီး သူတို့ကို ပြန်လည်မြှင့်တင်ပေးဖို့ အားထုတ်တာတွေအတွက်
အံ့အားသင့်တုန်လှုပ်ရကြောင်း၊ တချိန်ထည်းမှာပဲ Holocaust ဖြစ်လာစေတဲ့ အခြေခံအချက်တွေကို လူငယ်တွေကြား လ ျှစ်လျူရှုမှုတွေ တိုးလာတာကို ကောက်ယူခဲ့တဲ့ စစ်တမ်းတွေမှာ တွေ့နေရတယ်လို့လည်း ပြောပါတယ်။”

၁၉ ၄၅ ခုနှစ်မှာ ပိုလန် Auschwitz-Birkenau အကျဉ်းစခန်းက အကျဉ်းသားတွေ လွတ်မြောက်အောင် ဆိုဗီယက်ရုရှားတပ်တွေ လုပ်ပေးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကို နိုင်ငံတကာ Holocaust အောက်မေ့ဘွယ်နေ့ အဖြစ် နှစ်စဉ်ကျင်းပဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၀၅ ခုနှစ်မှာ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုး ၁.၁ သန်းအသတ်ဖြတ်ခံခဲ့ရတဲ့ ဂျာမနီနာဇီတွေရဲ့ အကျဉ်းစခန်းအဖြစ်ထားရှိခဲ့တဲ့ နေရာတွေမှာလည်း ဒီအထိမ်းအမှတ်နေ့အခမ်းအနားတွေ ကျင်းပနေပြီး အဲဒီအခမ်းအနားတွေမှာ ပြင်သစ်ဝန်ကြီးချုပ် Jean Castex လည်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားတွေကို ဥရောပတလွှားက နိုင်ငံတွေမှာ ကျင်းပနေကြတာဖြစ်ပြီး ဥရောပတလွှားက ဂျူးတွေ အသတ်ခံခဲ့ရတာကို အောက်မေ့တဲ့အနေနဲ့ ကျင်းပတဲတ့ ဘာလင်မြို့က လွမ်းသူ့ပန်းခွေချတဲ့ အခမ်းအနားမှာတော့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ ဂျာမန်သမ္မတ Frank-Walter Steinmeier တို့နဲ့အတူ အစ္စရေးလွှတ်တော်ဥက္ကဌ Mickey Levy ပါ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG