[[Zawgyi/Unicode]]
တ႐ုတ္ကို တန္ျပန္တုံ႔ျပန္ႏိုင္ဖို႔နဲ႔ စစ္လက္နက္ပစၥည္းအတြက္ ႐ုရွားအေပၚမွီခိုေနရတဲ့ အိႏၵိယရဲ႕အေျခအေနကိုေလွ်ာ့ခ်ႏိုင္ဖို႔ ရည္႐ြယ္ၿပီး နည္းပညာနဲ႔ကာကြယ္ေရးဆိုင္ရာ ေျခလွမ္းသစ္ေတြကို အေမရိကန္နဲ႔အိႏၵိယက ပူးေပါင္းေဆာင္႐ြက္ဖို႔ စတင္ေနပါၿပီ။
တ႐ုတ္ကလႊမ္းမိုးထားတဲ့ ဆီမီးကြန္ဒက္တာလို႔ေခၚတဲ့ တပိုင္းလွ်ပ္ကူးပစၥည္း ထုတ္လုပ္မႈအပါအဝင္ 5G ႀကိဳးမဲ့ဆက္သြယ္မႈ အင္တာနက္ကြန္ရက္၊ ဉာဏ္ရည္တုနည္းပညာနဲ႔ ကြမ္တမ္ တြက္ခ်က္မႈနည္းပညာနယ္ပယ္ေတြမွာ ႏွစ္ႏိုင္ငံရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈက ပိုမိုအားေကာင္းလာမွာ ျဖစ္ပါတယ္။
“တ႐ုတ္နဲ႔အေမရိကန္ဆက္ဆံေရးမွာ နည္းပညာက အဆုံးအျဖတ္ျဖစ္လာတဲ့ အခ်ိန္မွာ အခုလို အေမရိကန္နဲ႔အိႏၵိယ ပူးေပါင္းေဆာင္႐ြက္မႈျဖစ္လာတာပါ။ ဒါဟာ ကမာၻ႔အင္အားပါဝါ ခ်ိန္ခြင္လွ်ာကို နည္းပညာဆိုင္ရာ ပထဝီႏိုင္ငံေရးက ထိန္းညႇိသြားပါမယ္။” လို႔ နယူးေဒလီအေျခစိုက္ ေစာင့္ၾကည့္ေလ့လာေရး သုေတသန ေဖာင္ေဒးရွင္းအဖြဲ႕ရဲ႕ ေလ့လာမႈမ်ားနဲ႔ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ ဒုတိယဥကၠ႒ ဟာ့ရွ္ပန႔္ (Harsh Pant) က ေျပာပါတယ္။
“အိႏၵိယဟာ အင္ဒို-ပစိဖိတ္ေဒသမွာ အေရးပါတဲ့ အဓိကႏိုင္ငံ တႏိုင္ငံအျဖစ္ ေပၚထြန္းလာတာကို အေမရိကန္က ေလာင္းေၾကး ႀကီးႀကီးထပ္ ပံ့ပိုးပူးေပါင္းေပးလိုက္တာပါ။”
ၿပီးခဲ့တဲ့ေမလက တိုက်ိဳၿမိဳ႕မွာက်င္းပခဲ့တဲ့ အေမရိကန္၊ ဂ်ပန္၊ ၾသစေၾတးလ်နဲ႔ အိႏၵိယပါတဲ့ လုံၿခဳံေရးဆိုင္ရာ ေလးပြင့္ဆိုင္ထိပ္သီးေဆြးေႏြးပြဲ (Quad) အစည္းအေဝးမွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ အိႏၵိယႏိုင္ငံဝန္ႀကီးခ်ဳပ္ နရိျႏၵာမိုဒီတို႔ရဲ႕ေၾကညာခ်က္အတိုင္း အေရးပါၿပီး အသစ္ထြက္ေပၚလာမယ့္ နည္းပညာေတြ အတြက္ ႏွစ္ႏိုင္ငံ အဆင့္ျမင့္အရာရွိႀကီးေတြဟာ ဒီလအေစာပိုင္းက ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာ ေတြ႕ဆုံခဲ့ၾကပါတယ္။
နည္းပညာဆိုင္ရာ မိတ္ဖက္ ပူးေပါင္းေဆာင္႐ြက္မႈဟာ အေမရိကန္နဲ႔အိႏၵိယရဲ႕ ဆက္ဆံေရးမွာ “ႀကီးမားတဲ့ ေနာက္ထပ္ မွတ္တိုင္တခုျဖစ္တယ္” လို႔ အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာအႀကံေပး ဂ်ိတ္ဆူလီဗန္ (Jake Sullivan) က သတင္းေထာက္ေတြကို ေျပာပါတယ္။
ဆီမီးကြန္ဒက္တာ တပိုင္းလွ်ပ္ကူးပစၥည္းလို အေရးပါတဲ့အစိတ္အပိုင္းေတြ ထုတ္လုပ္မႈမွာ တ႐ုတ္ႏိုင္ငံအေပၚ မွီခိုေနရတာကို စိုးရိမ္လာတဲ့အတြက္ ဝါရွင္တန္ဟာ အဆင့္ျမင့္ ဆီမီးကြန္ဒက္တာနည္းပညာေတြ ေဘဂ်င္းကို ေရာင္းခ်ေနတယရပ္တန႔္ၿပီး မိတ္ေဆြႏိုင္ငံေတြမွာ ေျပာင္းေ႐ႊ႕ထုတ္လုပ္ဖို႔လည္း ဆႏၵရွိေနပါတယ္။
လြန္ခဲ့တဲ့သုံးႏွစ္က ဟိမဝႏၲာနယ္စပ္မွာ လူေသဆုံးတဲ့အထိျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေၾကာင့္ ေဘက်င္းနဲ႔ ဆက္ဆံေရးက်ဆင္းခဲ့တဲ့အိႏၵိယကလည္း ေခတ္မီလွ်ပ္စစ္ပစၥည္းတိုင္းမွာ မရွိမျဖစ္အစိတ္အပိုင္းျဖစ္တဲ့ ဆီမီကြန္ဒက္တာထုတ္လုပ္မႈလို အေရးပါတဲ့က႑ေတြကို ျပည္တြင္းထုတ္လုပ္မႈမွာ ျမႇင့္တင္ထုတ္လုပ္ခ်င္ေနတာပါ။
“ဒီအစပ်ိဳးမႈေတြမွာ ပထဝီႏိုင္ငံေရးက အဓိကက်ပါတယ္။” လို႔ ဝီလ္ဆင္ (Wilson) စင္တာက ေတာင္အာရွအင္စတီက်ဳရဲ႕ အမႈေဆာင္အရာရွိ မိုက္ကယ္ခါဂိုမန္ (Michael Kugelman) က ေျပာပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြ အတြင္းမွာ အေမရိကန္နဲ႔အိႏၵိယ ႏွစ္ႏိုင္ငံဆက္ဆံေရး ဘယ္ေလာက္ ခရီးေပါက္ခဲ့သလဲဆိုတာ ဒီသေဘာတူညီမႈမွာ ထင္ဟပ္ေနတယ္လို႔လည္း သူကဆိုပါတယ္။
“အေမရိကန္အေနနဲ႔ သူ႔ရဲ႕ အနီးကပ္ဆုံး မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ေတြနဲ႔သာ လုပ္ေဆာင္ေလ့ရွိတဲ့ နည္းပညာမွ်ေဝမႈနဲ႔ သတင္းအခ်က္အလက္ ဖလွယ္မႈေတြ အေၾကာင္း အိႏၵိယနဲ႔ ေဆြးေႏြးႏိုင္တဲ့အဆင့္အထိေရာက္ေအာင္ ဒီႏွစ္ပိုင္းေတြအတြင္း ႏွစ္ႏိုင္ငံၾကားမွာ လုံေလာက္တဲ့ယုံၾကည္မႈေတြကိုလည္း တည္ေဆာက္ခဲ့ၿပီးၿပီ။”
ကာကြယ္ေရးနည္းပညာေတြနဲ႔ လက္နက္ထုတ္လုပ္ေရးကို အိႏၵိယမွာ ႏွစ္ႏိုင္ငံ ပူးတြဲ လုပ္ေဆာင္ဖို႔အတြက္လည္း ဒီသေဘာတူညီခ်က္က ရည္႐ြယ္ထားပါတယ္။ နယူးေဒလီအေနနဲ႔လည္း လက္နက္ေတြကို ျပည္ပကဝယ္ယူတင္သြင္းတာထက္ ႏိုင္ငံျခားက ကာကြယ္ေရးပစၥည္းထုတ္လုပ္သူေတြနဲ႔ ပူးေပါင္းၿပီး အိႏၵိယႏိုင္ငံထဲမွာပဲ ထုတ္လုပ္ခ်င္ေနတာပါ။ ဒါေပမယ့္ အေမရိကန္အစိုးရရဲ႕ ကာကြယ္ေရးပစၥည္း လႊဲေျပာင္းျခင္းဆိုင္ရာ ကန႔္သတ္ခ်က္ေတြေၾကာင့္ အေမရိကန္ကုမၸဏီေတြဘက္က ဒီကိစၥ အေကာင္အထည္ေဖာ္ႏိုင္ဖို႔က ေႏွာင့္ေႏွးေနပါတယ္။
ကနဦးမွာေတာ့ ဂ်က္ေလယာဥ္အင္ဂ်င္ေတြ၊ အေျမာက္နည္းပညာစနစ္ေတြနဲ႔ ေျခလ်င္တပ္သုံး သံခ်ပ္ကာယာဥ္ေတြထုတ္လုပ္မႈကို အဓိကထားဦးတည္ဖို႔ ရွိပါတယ္။ အိႏၵိယ ေလယာဥ္ပ်ံေတြအတြက္ အိႏၵိယမွာ ဂ်က္အင္ဂ်င္ပူးတြဲထုတ္လုပ္ဖို႔ အေမရိကန္ကုမၸဏီ General Electric က အဆိုျပဳထားတာကို သုံးသပ္ဖို႔ရွိတယ္လို႔ ဝါရွင္တန္မွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က ေတြ႕ဆုံမႈမွာ အေမရိကန္ တာဝန္ရွိသူေတြက ေျပာပါတယ္။
အေမရိကန္နဲ႔အိႏၵိယ ႏွစ္ႏိုင္ငံအေနနဲ႔ ေခတ္မီနည္းပညာေတြမွာ ပိုၿပီး ပူးေပါင္းေဆာင္႐ြက္လာေလ အိႏၵိယရဲ႕ နည္းဗ်ဴဟာတြက္ခ်က္မႈေတြမွာ ႐ုရွားရဲ႕အေရးပါမႈက ပိုနည္းလာဖြယ္ရွိတယ္လို႔ ဟာ့ရွ္ပန႔္က သုံးသပ္ပါတယ္။
နယူးေဒလီအစိုးရအေနနဲ႔ ေဒသတြင္းက အင္အားႀကီးတ႐ုတ္အေပၚ စိုးရိမ္မႈ တိုးလာတာကလည္း ဝါရွင္တန္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို တြန္းအားျဖစ္ေစပါတယ္။ အိႏၵိယနဲ႔တ႐ုတ္ ႏွစ္ဖက္တပ္ေတြဟာ ပိုင္ဆိုင္မႈအျငင္းပြားေနတဲ့ ဟိမဝႏၲာနယ္စပ္မွာ ေဆာင္းရာသီ ၃ ႀကိမ္တိုင္ေအာင္ ထိပ္တိုက္အေနအထားနဲ႔ ရင္ဆိုင္ေနၾကတာပါ။
ဒါေပမယ့္ ႐ုရွားရဲ႕ ယူကရိန္းက်ဴးေက်ာ္စစ္အတြက္ ဝါရွင္တန္က ႐ုရွားအေပၚ ပိတ္ဆို႔ အေရးယူတာမွာေတာ့ အိႏၵိယက ပါဝင္တာမရွိသလို ႐ုရွားကိုလည္း ျပတ္ျပတ္သားသား ျပစ္တင္ရႈတ္ခ်တာမ်ိဳးလည္း မရွိပါဘူး။ ဒါဟာ အေမရိကန္နဲ႔ ကြဲထြက္ေနတဲ့ သေဘာထားျဖစ္လို႔ အိႏၵိယအေပၚ ေမးခြန္းထုတ္စရာ ရွိပါတယ္။
အိႏၵိယဟာ မဟာဗ်ဴဟာအရ အမွီအခိုကင္းေရးမူဝါဒကို ကာလရွည္ၾကာ ကိုင္ဆြဲခဲ့တာအျပင္ စစ္လက္နက္ပစၥည္းအတြက္ ႐ုရွားအေပၚ အလြန္အကြၽံ မွီခိုေနရတာေၾကာင့္လည္း အခုလို ယူကရိန္းအေရးမွာ အိႏၵိယဟာ အေမရိကန္နဲ႔ သေဘာကြဲလြဲတာလို႔ အိႏၵိယက ေလ့လာသူေတြကေတာ့ သုံးသပ္ၾကပါတယ္။
အခု ႏွစ္ပိုင္းေတြထဲမွာ အိႏၵိယဟာ ႏိုင္ငံအေတာ္မ်ားမ်ားဆီကေန စစ္လက္နက္ ဝယ္ယူျဖည့္တင္းလာေပမယ့္ ဝယ္ယူတဲ့ စစ္ဘက္ဆိုင္ရာပစၥည္းေတြရဲ႕ သုံးပုံ ႏွစ္ပုံေက်ာ္ဟာ ႐ုရွားဆီကပဲျဖစ္ေနပါတယ္။ ဒါဟာ တ႐ုတ္နဲ႔ အသင့္အေနအထား ထိပ္တိုက္ေတြ႕ေနတဲ့ အေျခအေနမွာ အေရးႀကီးပါတယ္။
“ဝါရွင္တန္ရဲ႕ လက္ရွိ မူဝါဒကေတာ့ ေရရွည္ကို ေမ်ာ္မွန္းပါတယ္၊ ေရရွည္မွာ အိႏၵိယကို နားခ်ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ ေမာ္စကိုအစိုးရအေနနဲ႔ ေငြေၾကးလိုအပ္ခ်က္ရွိေနသလို အိႏၵိယကို စစ္ပစၥည္းေတြပံ့ပိုးမႈ ပ္တန႔္ေအာင္ ႐ုရွားကို ပိတ္ဆို႔တားျမစ္လာႏိုင္ေျခရွိတာေတြကို အေမရိကန္ဘက္က ေထာက္ျပမွာပါ။” လို႔ မိုက္ကယ္ခါဂိုမန္က သုံးသပ္ပါတယ္။
“အရင္က ႏွစ္ေပါင္းမ်ားစြာ ႐ုရွားဆီကိုပဲမွီခိုေနရတဲ့ စစ္လက္နက္အသုံးအေဆာင္ပစၥည္း အမ်ိဳးအစားေတြကို အေမရိကန္ကေပးလာမယ့္ အေနအထားမ်ိဳး ဝါရွင္တန္ အစိုးရက ဖန္တီးလာမွာပါ။”
ဒါေပမယ့္ ကာကြယ္ေရးနဲ႔နည္းပညာဆိုင္ရာ သေဘာတူညီခ်က္ေတြကို လက္ေတြ႕ ေျမျပင္မွာ အေကာင္အထည္ေဖာ္ဖို႔ကေတာ့ အေမရိကန္နဲ႔ အိႏၵိယ ႏွစ္ႏိုင္ငံစလုံးက ပုဂၢလိကကုမၸဏီေတြရဲ႕ မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္ႏိုင္မႈအေပၚမူတည္ေနပါတယ္။ အိႏၵိယမွာ အဆင့္ျမင့္နည္းပညာ ကြၽမ္းက်င္မႈရွိတဲ့ လုပ္သားအင္အားရွိပါတယ္။ တဘက္မွာလည္း အိႏၵိယျပည္တြင္းမွာ ကုန္ပစၥည္း ထုတ္လုပ္ဖို႔ လုပ္ထုံးလုပ္နည္းအရ အဟန႔္အတားေတြ အမ်ားအျပား ရွိေနတာကို အေမရိကန္ကုမၸဏီေတြက အရင္ကတည္းက ေထာက္ျပေနၾကပါတယ္။ တဖန္ နည္းပညာကူးေျပာင္းပံ့ပိုးမႈမွာ အေမရိကန္ဘက္က တင္းက်ပ္တဲ့ လုပ္ထုံးလုပ္နည္းေတြ ရွိေနလို႔ ႏွစ္ဘက္ ပူးေပါင္းထုတ္လုပ္ဖို႔က အဟန႔္အတား ျဖစ္ေနတာလို႔ အိႏၵိယဘက္က ျပန္ေထာက္ျပတာေတြလည္း ရွိပါတယ္။
ဒါေပမယ့္ အခု သေဘာတူညီခ်က္အသစ္က ႏွစ္ႏိုင္ငံၾကားမွာ ႏွစ္မ်ားစြာ ရွိေနတဲ့ ယုံၾကည္မႈျပႆနာကို ေက်ာ္လႊားႏိုင္တဲ့လကၡဏာအျဖစ္ ရႈျမင္ရပါတယ္။
“ယူကရိန္းအေရး အိႏၵိယရဲ႕ရပ္တည္ခ်က္နဲ႔ အျခား ျပႆနာေတြရွိေနေပမယ့္ ႏွစ္ႏိုင္ငံၾကားက မဟာဗ်ဴဟာေျမာက္ အျမင္ သေဘာထားေတြကေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ကို နီးကပ္လာၿပီလို႔ ေျပာလို႔ရပါတယ္၊ ႏွစ္ႏိုင္ငံစလုံးက အင္ဒို-ပစိဖိတ္အေရး ဗဟိုျပဳခ်ဥ္းကပ္ရင္ တဘက္တည္းမွာ ရပ္တည္မႈက တိုးလာေနပါတယ္” လို႔ ဟာ့ရွ္ပန႔္က ေျပာပါတယ္။
=============
[Unicode]]
တရုတ်ကိုရင်ဆိုင်မယ့် အမေရိကန်-အိန္ဒိယ စစ်ရေးပူးပေါင်းဆောင်ရွက်မှု
တရုတ်ကို တန်ပြန်တုံ့ပြန်နိုင်ဖို့နဲ့ စစ်လက်နက်ပစ္စည်းအတွက် ရုရှားအပေါ်မှီခိုနေရတဲ့ အိန္ဒိယရဲ့အခြေအနေကိုလျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး နည်းပညာနဲ့ကာကွယ်ရေးဆိုင်ရာ ခြေလှမ်းသစ်တွေကို အမေရိကန်နဲ့အိန္ဒိယက ပူးပေါင်းဆောင်ရွက်ဖို့ စတင်နေပါပြီ။
တရုတ်ကလွှမ်းမိုးထားတဲ့ ဆီမီးကွန်ဒက်တာလို့ခေါ်တဲ့ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုအပါအဝင် 5G ကြိုးမဲ့ဆက်သွယ်မှု အင်တာနက်ကွန်ရက်၊ ဉာဏ်ရည်တုနည်းပညာနဲ့ ကွမ်တမ် တွက်ချက်မှုနည်းပညာနယ်ပယ်တွေမှာ နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။
“တရုတ်နဲ့အမေရိကန်ဆက်ဆံရေးမှာ နည်းပညာက အဆုံးအဖြတ်ဖြစ်လာတဲ့ အချိန်မှာ အခုလို အမေရိကန်နဲ့အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုဖြစ်လာတာပါ။ ဒါဟာ ကမ္ဘာ့အင်အားပါဝါ ချိန်ခွင်လျှာကို နည်းပညာဆိုင်ရာ ပထဝီနိုင်ငံရေးက ထိန်းညှိသွားပါမယ်။” လို့ နယူးဒေလီအခြေစိုက် စောင့်ကြည့်လေ့လာရေး သုတေသန ဖောင်ဒေးရှင်းအဖွဲ့ရဲ့ လေ့လာမှုများနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဟာ့ရှ်ပန့် (Harsh Pant) က ပြောပါတယ်။
“အိန္ဒိယဟာ အင်ဒို-ပစိဖိတ်ဒေသမှာ အရေးပါတဲ့ အဓိကနိုင်ငံ တနိုင်ငံအဖြစ် ပေါ်ထွန်းလာတာကို အမေရိကန်က လောင်းကြေး ကြီးကြီးထပ် ပံ့ပိုးပူးပေါင်းပေးလိုက်တာပါ။”
ပြီးခဲ့တဲ့မေလက တိုကျိုမြို့မှာကျင်းပခဲ့တဲ့ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယပါတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ (Quad) အစည်းအဝေးမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရိန္ဒြာမိုဒီတို့ရဲ့ကြေညာချက်အတိုင်း အရေးပါပြီး အသစ်ထွက်ပေါ်လာမယ့် နည်းပညာတွေ အတွက် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးတွေဟာ ဒီလအစောပိုင်းက ဝါရှင်တန်ဒီစီမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
နည်းပညာဆိုင်ရာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုဟာ အမေရိကန်နဲ့အိန္ဒိယရဲ့ ဆက်ဆံရေးမှာ “ကြီးမားတဲ့ နောက်ထပ် မှတ်တိုင်တခုဖြစ်တယ်” လို့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) က သတင်းထောက်တွေကို ပြောပါတယ်။
ဆီမီးကွန်ဒက်တာ တပိုင်းလျှပ်ကူးပစ္စည်းလို အရေးပါတဲ့အစိတ်အပိုင်းတွေ ထုတ်လုပ်မှုမှာ တရုတ်နိုင်ငံအပေါ် မှီခိုနေရတာကို စိုးရိမ်လာတဲ့အတွက် ဝါရှင်တန်ဟာ အဆင့်မြင့် ဆီမီးကွန်ဒက်တာနည်းပညာတွေ ဘေဂျင်းကို ရောင်းချနေတယရပ်တန့်ပြီး မိတ်ဆွေနိုင်ငံတွေမှာ ပြောင်းရွှေ့ထုတ်လုပ်ဖို့လည်း ဆန္ဒရှိနေပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်က ဟိမဝန္တာနယ်စပ်မှာ လူသေဆုံးတဲ့အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဘေကျင်းနဲ့ ဆက်ဆံရေးကျဆင်းခဲ့တဲ့အိန္ဒိယကလည်း ခေတ်မီလျှပ်စစ်ပစ္စည်းတိုင်းမှာ မရှိမဖြစ်အစိတ်အပိုင်းဖြစ်တဲ့ ဆီမီကွန်ဒက်တာထုတ်လုပ်မှုလို အရေးပါတဲ့ကဏ္ဍတွေကို ပြည်တွင်းထုတ်လုပ်မှုမှာ မြှင့်တင်ထုတ်လုပ်ချင်နေတာပါ။
“ဒီအစပျိုးမှုတွေမှာ ပထဝီနိုင်ငံရေးက အဓိကကျပါတယ်။” လို့ ဝီလ်ဆင် (Wilson) စင်တာက တောင်အာရှအင်စတီကျုရဲ့ အမှုဆောင်အရာရှိ မိုက်ကယ်ခါဂိုမန် (Michael Kugelman) က ပြောပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ အမေရိကန်နဲ့အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ဘယ်လောက် ခရီးပေါက်ခဲ့သလဲဆိုတာ ဒီသဘောတူညီမှုမှာ ထင်ဟပ်နေတယ်လို့လည်း သူကဆိုပါတယ်။
“အမေရိကန်အနေနဲ့ သူ့ရဲ့ အနီးကပ်ဆုံး မဟာဗျူဟာမြောက် မိတ်ဖက်တွေနဲ့သာ လုပ်ဆောင်လေ့ရှိတဲ့ နည်းပညာမျှဝေမှုနဲ့ သတင်းအချက်အလက် ဖလှယ်မှုတွေ အကြောင်း အိန္ဒိယနဲ့ ဆွေးနွေးနိုင်တဲ့အဆင့်အထိရောက်အောင် ဒီနှစ်ပိုင်းတွေအတွင်း နှစ်နိုင်ငံကြားမှာ လုံလောက်တဲ့ယုံကြည်မှုတွေကိုလည်း တည်ဆောက်ခဲ့ပြီးပြီ။”
ကာကွယ်ရေးနည်းပညာတွေနဲ့ လက်နက်ထုတ်လုပ်ရေးကို အိန္ဒိယမှာ နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်ဖို့အတွက်လည်း ဒီသဘောတူညီချက်က ရည်ရွယ်ထားပါတယ်။ နယူးဒေလီအနေနဲ့လည်း လက်နက်တွေကို ပြည်ပကဝယ်ယူတင်သွင်းတာထက် နိုင်ငံခြားက ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယနိုင်ငံထဲမှာပဲ ထုတ်လုပ်ချင်နေတာပါ။ ဒါပေမယ့် အမေရိကန်အစိုးရရဲ့ ကာကွယ်ရေးပစ္စည်း လွှဲပြောင်းခြင်းဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အမေရိကန်ကုမ္ပဏီတွေဘက်က ဒီကိစ္စ အကောင်အထည်ဖော်နိုင်ဖို့က နှောင့်နှေးနေပါတယ်။
ကနဦးမှာတော့ ဂျက်လေယာဉ်အင်ဂျင်တွေ၊ အမြောက်နည်းပညာစနစ်တွေနဲ့ ခြေလျင်တပ်သုံး သံချပ်ကာယာဉ်တွေထုတ်လုပ်မှုကို အဓိကထားဦးတည်ဖို့ ရှိပါတယ်။ အိန္ဒိယ လေယာဉ်ပျံတွေအတွက် အိန္ဒိယမှာ ဂျက်အင်ဂျင်ပူးတွဲထုတ်လုပ်ဖို့ အမေရိကန်ကုမ္ပဏီ General Electric က အဆိုပြုထားတာကို သုံးသပ်ဖို့ရှိတယ်လို့ ဝါရှင်တန်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က တွေ့ဆုံမှုမှာ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်နဲ့အိန္ဒိယ နှစ်နိုင်ငံအနေနဲ့ ခေတ်မီနည်းပညာတွေမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်လာလေ အိန္ဒိယရဲ့ နည်းဗျူဟာတွက်ချက်မှုတွေမှာ ရုရှားရဲ့အရေးပါမှုက ပိုနည်းလာဖွယ်ရှိတယ်လို့ ဟာ့ရှ်ပန့်က သုံးသပ်ပါတယ်။
နယူးဒေလီအစိုးရအနေနဲ့ ဒေသတွင်းက အင်အားကြီးတရုတ်အပေါ် စိုးရိမ်မှု တိုးလာတာကလည်း ဝါရှင်တန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားဖြစ်စေပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်ဖက်တပ်တွေဟာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ ဆောင်းရာသီ ၃ ကြိမ်တိုင်အောင် ထိပ်တိုက်အနေအထားနဲ့ ရင်ဆိုင်နေကြတာပါ။
ဒါပေမယ့် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အတွက် ဝါရှင်တန်က ရုရှားအပေါ် ပိတ်ဆို့ အရေးယူတာမှာတော့ အိန္ဒိယက ပါဝင်တာမရှိသလို ရုရှားကိုလည်း ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချတာမျိုးလည်း မရှိပါဘူး။ ဒါဟာ အမေရိကန်နဲ့ ကွဲထွက်နေတဲ့ သဘောထားဖြစ်လို့ အိန္ဒိယအပေါ် မေးခွန်းထုတ်စရာ ရှိပါတယ်။
အိန္ဒိယဟာ မဟာဗျူဟာအရ အမှီအခိုကင်းရေးမူဝါဒကို ကာလရှည်ကြာ ကိုင်ဆွဲခဲ့တာအပြင် စစ်လက်နက်ပစ္စည်းအတွက် ရုရှားအပေါ် အလွန်အကျွံ မှီခိုနေရတာကြောင့်လည်း အခုလို ယူကရိန်းအရေးမှာ အိန္ဒိယဟာ အမေရိကန်နဲ့ သဘောကွဲလွဲတာလို့ အိန္ဒိယက လေ့လာသူတွေကတော့ သုံးသပ်ကြပါတယ်။
အခု နှစ်ပိုင်းတွေထဲမှာ အိန္ဒိယဟာ နိုင်ငံအတော်များများဆီကနေ စစ်လက်နက် ဝယ်ယူဖြည့်တင်းလာပေမယ့် ဝယ်ယူတဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေရဲ့ သုံးပုံ နှစ်ပုံကျော်ဟာ ရုရှားဆီကပဲဖြစ်နေပါတယ်။ ဒါဟာ တရုတ်နဲ့ အသင့်အနေအထား ထိပ်တိုက်တွေ့နေတဲ့ အခြေအနေမှာ အရေးကြီးပါတယ်။
“ဝါရှင်တန်ရဲ့ လက်ရှိ မူဝါဒကတော့ ရေရှည်ကို မျော်မှန်းပါတယ်၊ ရေရှည်မှာ အိန္ဒိယကို နားချနိုင်ဖို့ ကြိုးစားနေပါတယ်။ မော်စကိုအစိုးရအနေနဲ့ ငွေကြေးလိုအပ်ချက်ရှိနေသလို အိန္ဒိယကို စစ်ပစ္စည်းတွေပံ့ပိုးမှု ပ်တန့်အောင် ရုရှားကို ပိတ်ဆို့တားမြစ်လာနိုင်ခြေရှိတာတွေကို အမေရိကန်ဘက်က ထောက်ပြမှာပါ။” လို့ မိုက်ကယ်ခါဂိုမန်က သုံးသပ်ပါတယ်။
“အရင်က နှစ်ပေါင်းများစွာ ရုရှားဆီကိုပဲမှီခိုနေရတဲ့ စစ်လက်နက်အသုံးအဆောင်ပစ္စည်း အမျိုးအစားတွေကို အမေရိကန်ကပေးလာမယ့် အနေအထားမျိုး ဝါရှင်တန် အစိုးရက ဖန်တီးလာမှာပါ။”
ဒါပေမယ့် ကာကွယ်ရေးနဲ့နည်းပညာဆိုင်ရာ သဘောတူညီချက်တွေကို လက်တွေ့ မြေပြင်မှာ အကောင်အထည်ဖော်ဖို့ကတော့ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးက ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်မူတည်နေပါတယ်။ အိန္ဒိယမှာ အဆင့်မြင့်နည်းပညာ ကျွမ်းကျင်မှုရှိတဲ့ လုပ်သားအင်အားရှိပါတယ်။ တဘက်မှာလည်း အိန္ဒိယပြည်တွင်းမှာ ကုန်ပစ္စည်း ထုတ်လုပ်ဖို့ လုပ်ထုံးလုပ်နည်းအရ အဟန့်အတားတွေ အများအပြား ရှိနေတာကို အမေရိကန်ကုမ္ပဏီတွေက အရင်ကတည်းက ထောက်ပြနေကြပါတယ်။ တဖန် နည်းပညာကူးပြောင်းပံ့ပိုးမှုမှာ အမေရိကန်ဘက်က တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနေလို့ နှစ်ဘက် ပူးပေါင်းထုတ်လုပ်ဖို့က အဟန့်အတား ဖြစ်နေတာလို့ အိန္ဒိယဘက်က ပြန်ထောက်ပြတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် အခု သဘောတူညီချက်အသစ်က နှစ်နိုင်ငံကြားမှာ နှစ်များစွာ ရှိနေတဲ့ ယုံကြည်မှုပြဿနာကို ကျော်လွှားနိုင်တဲ့လက္ခဏာအဖြစ် ရှုမြင်ရပါတယ်။
“ယူကရိန်းအရေး အိန္ဒိယရဲ့ရပ်တည်ချက်နဲ့ အခြား ပြဿနာတွေရှိနေပေမယ့် နှစ်နိုင်ငံကြားက မဟာဗျူဟာမြောက် အမြင် သဘောထားတွေကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ကို နီးကပ်လာပြီလို့ ပြောလို့ရပါတယ်၊ နှစ်နိုင်ငံစလုံးက အင်ဒို-ပစိဖိတ်အရေး ဗဟိုပြုချဉ်းကပ်ရင် တဘက်တည်းမှာ ရပ်တည်မှုက တိုးလာနေပါတယ်” လို့ ဟာ့ရှ်ပန့်က ပြောပါတယ်။