အစိုးရသစ်နဲ့ မြန်မာနိုင်ငံဘာသာရေး သာတူညီမျှမှု
မြန်မာအစိုးရသစ်အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF က ဧပြီလ ၁၄ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထား ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်အခြေနေ စောင့်ကြည့်နေတဲ့ CSW ကမ္ဘာလုံးဆိုင်ရာ Christian သွေးစည်း ညီညွတ်ရေးအဖွဲ့က လူ့အခွင့်အရေးလှုပ်ရှားသူ တဦးလည်းဖြစ်၊ မြန်မာနိုင်ငံအကြောင်း စာအုပ်တွေ ရေးသားသူ Benedict Rogers ကတော့ အစိုးရသစ်လက်ထက် ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ တိုးတက်မယ့် အားတက်စရာလက္ခဏာတွေ တွေ့ရပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတွေလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။ Benedict Rogers ကို VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူးဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ မတ်၊ ၂၀၂၅Burma Act ဆက်လက်ရှင်သန်နိုင်ရေး အားထုတ်မှု
-
၀၂ မတ်၊ ၂၀၂၅ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းမှု စိန်ခေါ်ချက်များ