သုံးရလွယ်ကူစေသည့် Link များ

တွေ့ဆုံမေးမြန်းခန်း

စီးပွားကူးသန်းဝန်ကြီးနဲ့ ဗွီအိုအေသီးသန့်မေးမြန်းခန်း


မြန်မာနိုင်ငံထဲကို အိမ်နီးချင်းနိုင်ငံတွေဆီက ကုန်ပစ္စည်းတွေ အလုံးအရင်းနဲ့ ဝင်နေတဲ့အတွက် ကုန်သွယ်ရေး မညီမျှမှုနဲ့ ကုန်ပစ္စည်းတွေ အရည်အသွေး မမီဖြစ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောလိုက်ပါတယ်။ မြန်မာ့ထွက်ကုန်တွေအတွက် နိုင်ငံတခုတည်းကို မှီခိုအားကိုး နေရတာထက် နိုင်ငံတကာဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ဖို့ ကြိုးစားနေတယ်လို့ VOA နဲ့ သီးသန့် မေးမြန်းခန်းမှာ ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။ မြန်မာ့ဈေးကွက်ချဲ့ထွင်ရေးကနေ အဂတိလိုက်စားမှု ပပျောက်ရေးအထိ အကြောင်းအရာမျိုးစုံကို ဒေါ်ခင်စိုးဝင်းက စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်ကို မေးမြန်းထားပါတယ်။

XS
SM
MD
LG