သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဟောင်း Clinton နဲ့ လက်တွဲဖို့ သမ္မတလောင်းပြိုင်ဖက် Sanders ကြေညာ


ကန်သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်သူ Sanders၊ Clinton နဲ့Trump။
ကန်သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်သူ Sanders၊ Clinton နဲ့Trump။

ရီပတ်ဘလီကန်ပါတီဘက်က Donald Trump ဘယ်တော့မှ သမ္မတဖြစ်မလာစေဖို့ အတွက် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ သေချာနေပြီဖြစ်တဲ့ Hillary Clinton နဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ကိုယ်တိုင်က သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders က ကြာသပတေးနေ့မှာပြောပါတယ်။

ကလင်တန်ကို ထောက်ခံတာမျိုး ဒါမှမဟုတ် ဒီမိုကရက်တစ် သမ္မတလောင်းရွေးပွဲ ကနေ ထွက်ပြီ ဆိုတာမျိုး Sanders က ပြော မသွားပေမဲ့ Trump ကို အကြီးအကျယ် အလဲထိုးဖို့ကိစ္စဟာ အဓိကနိုင်ငံရေး တာဝန်ကြီးဖြစ်တယ်လို့ ဆိုပါတယ်။

မဲဆွယ်စည်းရုံးပွဲတွေမှာ တဘက်သတ် တယူသန် ပြောဆိုစည်းရုံးနေသူကို အဓိကပါတီကြီးတခုရဲ့ သမ္မတလောင်းအဖြစ် ကျနော် တို့ မလိုချင်ပါဘူးလို့ သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ Vermont ပြည်နယ်၊ Burlington မြို့မှာ Sanders က ပြောသွားတာပါ။

Trump ဟာ ဟစ္စပန်းနစ်အနွယ်လူမျိုးတွေ၊ မူစလင်တွေ၊ အမျိုးသမီးတွေ၊ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကို ပုတ်ခတ် စော်ကားပြီး ကမ္ဘာကြီး ပူနွေးလာနေတာကိုလည်း လှိမ့်လုံးတခုအဖြစ် သတ်မှတ်ပြောဆိုတယ်လို့ Sanders က စွပ်စွဲပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့ကလုပ်တဲ့ နောက်ဆုံးပဏာမရွေးချယ်ပွဲမှာ ကလင်တန် အနိုင်ရပြီးတဲ့နောက် Sanders နဲ့ ကလင်တန်တို့ တွေ့ခဲ့ကြ ပါသေးတယ်။ ရွေးချယ်ပွဲကနေ သူထွက်ဦးမှာမဟုတ်သေးဘဲ ပါတီညီလာခံမှာ မဲတိုင်းကိုရေတွက်ပြီးသွား ချိန်ထိ ဆက်နေသွားမယ်လို့ Sanders က ပြောထားပါတယ်။ ဒါပေမဲ့လည်း တကယ်ကတော့ Clinton က သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ ပါတီညီလာခံ ကိုယ်စားလှယ် ထောက်ခံမဲ အရေအတွက် ရထားပြီးပါပြီ။

ဝန်ကြီးဟောင်း Clinton နဲ့ လက်တွဲဖို့ သမ္မတလောင်းပြိုင်ဖက် Sanders ကြေညာ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG