သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်ဒီစီ သမ္မတလောင်းအကြိုရွေးပွဲ ကလင်တန်အနိုင်ရ

ဝါရှင်တန်ဒီစီ သမ္မတလောင်းအကြိုရွေးပွဲ ကလင်တန်အနိုင်ရ
ဝါရှင်တန်ဒီစီ သမ္မတလောင်းအကြိုရွေးပွဲ ကလင်တန်အနိုင်ရ

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပါတီတွင်း ပဏာမရွေးချယ်ပွဲတွေ အဆုံးသတ်သွားပါပြီ။ အင်္ဂါနေ့က ဝါရှင်တန် ဒီစီ မြို့တော်မှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း ပဏာမရွေးချယ်ပွဲက နောက်ဆုံးဖြစ်ပြီး အဲဒီမှာ ဟီလာရီ ကလင်တန်က အနိုင်ရသွားပါတယ်။

အဲဒီနောက်မှာတော့ ကလင်တန်နဲ့ Vermont ပြည်နယ်အထက်လွှတ်တော်အမတ် Bernie Sanders တို့ဟာ - သူတို့ အဆိုအားဖြင့် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု တခုလုပ်ကြပါတယ်။ ဆွေးနွေးပွဲပြီးတဲ့နောက် နှစ်ဘက်စလုံးက ပုံစံတူ ကြေညာချက်တွေ ထုတ်ပြန်ပါတယ်။

လုပ်ခလစာ တိုးမြှင့်ရေး၊ မဲဆွယ်စည်းရုံးမှု ရန်ပုံငွေဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ရေး၊ ကောလိပ် ပညာရေးကို အားလုံးရယူနိုင်ရေး စတဲ့ တူညီတဲ့ ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ ကြေညာ ချက်တွေမှာ ပြောပါတယ်။

ဒါ့အပြင် Donald Trump ဟာ အမေရိကန်နို်င်ငံအတွက် အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဝါရှင်တန်ဒီစီ primary ပဏာမရွေးချယ်ပွဲမှာ ကလင်တန်က ၇၈% ၊ Sanders က ၂၁% အသီးသီးရပါတယ်။ အခုဆိုရင် ကလင်တန်က ပါတီညီလာခံ ကိုယ်စားလှယ်အရေအတွက် ၂၂၁၉ ယောက်ရဲ့ ထောက်ခံမဲကိုရထားပြီး Sanders က ၁၈၃၂ ယောက်ရဲ့ ထောက်ခံမဲကို ရထားပါ။

ကလင်တန်အနေနဲ့ တရားဝင် သမ္မတလောင်းဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲအရေ အတွက် ၂၃၈၃ မဲကို မရပေမဲ့လည်း superdelegate လို့ခေါ်တဲ့ ပါတီတာဝန်ရှိသူ ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ ရာပေါင်း များစွာကို ရထားတာပါ။ နောက်လကျရင် ဖီလာဒဲလ်ဖီးယားမြို့မှာကျင်းပမယ့် ပါတီညီလာခံမှာ ဟီလာရီ ကလင်တန်ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင်ကြေညာမယ်လို့ ခန့်မှန်းထားပေမဲ့ မစ္စတာ Sanders ကလည်း သူ့ရဲ့ မဲဆွယ်စည်းရုံးမှုကို တရားဝင် အဆုံးမသတ်သေးပါဘူး။

ဝါရှင်တန်ဒီစီ သမ္မတလောင်းအကြိုရွေးပွဲ ကလင်တန်အနိုင်ရ
please wait

No media source currently available

0:00 0:01:50 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG