သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံ တွေ့ရှိချက် ရှင်းလင်း


ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံ တွေ့ရှိချက် ရှင်းလင်း။ (ဇူလိုင် ၁-၂၀၁၆)
ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံ တွေ့ရှိချက် ရှင်းလင်း။ (ဇူလိုင် ၁-၂၀၁၆)

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ် နဲ့ အရင်အစိုးရ အဆက်ဆက်ဆီကနေ အမွေ ခံယူခဲ့ရတဲ့ ဗျူရိုကရေစီယန္တယားကြားမှာ တကယ့်ကို တင်းမာမှု ရှိနေပြီးတော့ အဲ့ဒီ့အခြေအနေကြောင့် မူဝါဒပိုင်းနဲ့ ချဉ်းကပ်မှုပိုင်းမှာ မကြာခဏဆိုသလို နှစ်မျိုး ကွဲပြားနေတာ လေ့လာတွေ့ရှိခဲ့ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလအထူးစုံစမ်းစစ်ဆေးရေးမှူး Ms Yanghee Lee ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ လုပ်နည်းလုပ်ဟန်တွေ၊ လူ့အခွင့်အရေး လေးစား လိုက်နာမှုကို ဟန့်တား ဖြစ်စေတဲ့ အဖွဲ့အစည်း ဘောင်ထဲကနေ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး ကောင်းမွန်စေဖို့ ကြိုးစားတာမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကိုလည်း သူလေ့လာတွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

သက်တမ်းနုလှသေးတဲ့ အစိုးရသစ်လက်ထက် တိုင်းပြည်မှာ အလားအလာ ကောင်းတွေ အများကြီးရှိနေပြီး လူတွေရဲ့ အကောင်းမြင်မျှော်လင့်ချက်တွေ ဘယ်တုန်းကနဲ့မှ မတူအောင် မြင့်မားနေတာကို အသိအမှတ်ပြုတဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေး အခြေအနေ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးတာကိုလည်း Ms Yanghee Lee က ထောက်ပြထားပါတယ်။

Ms Yanghee Lee ဟာ ၁၂ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ် ဒီကနေ့မှာပဲ သူရဲ့ ကနဦး လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG